Latest Activities of Restaurants on MyLann

- for Food |
- for Decoration |
- for Service
Their cocktails are not too bad. And if you wanna pass your Friday night calmly, go to there lol. Although I went just once, love that place.

- for Food |
- for Decoration |
- for Service
Mostly know their galbi. Love the vegetable pancake. Nice to hangout with friends but I always used to go alone lol. They should take care their customer-service. :)

- for Food |
- for Decoration |
- for Service
ဆိုင် အပြင် အဆင် လေးတွေ အရမ်းကြိုက် ပါတယ် ထိုင်း အရ သာ စစ်စစ် ကို စားချင် ရင် တော့ ဒီဆိုင် လေး မှာ လာစား ဖို့ ပြော ချင် ပါတး အ ရသာ က လည်း ပူ ပူ စပ် စပ် နဲ့ စားလို့ ကောင်းပါတယ် Customer serviceလည်းအရမ်းကောင်းပါတယ်ရှင့်

- for Food |
- for Decoration |
- for Service
အိုးပြောင်းသွားပေမယ့် လည်း ညော် မြဲညော်ဆဲပဲ Thai pot မှာ စားပြီးပြန်လာရင် အသားကင် နံ့ တွေ ဆံပင် မှာ ဆွဲနေတာကို လုံးဝ မကြိုက် ပါဘူး အသားတွေ က လည်း အရင် တုန်းက လို မလတ် တော့ ဘူးလို့ ခံစားကပါတယ်

- for Food |
- for Decoration |
- for Service
ဈေးကြီး တယ် လက် ဖက် ရည် တော့ တော် တော် သောက် လို့ ကောင်း တယ် ပဲထမင်း က ၃ လုပ်စာ လောက် ပဲရှိ တယ် ဘိုက် မဝ ဘူး
- for Food |
- for Decoration |
- for Service
just love the 24 hours cafe! So, here it is. . Good place for Party People who get hungry mostly midnight. . Love the Chocolate frost and Orion frost :)
- for Food |
- for Decoration |
- for Service
ကြက်ဥအစာသွပ်လေးက စားလို့အလွန်ကောင်းနော်
- for Food |
- for Decoration |
- for Service
one of the best Thai places in Yangon. . Clean and delecious food, good service . . and another good thing is they've bar counter inside their restaurant. . so what. . you can have your tipsy cocktails too :)

- for Food |
- for Decoration |
- for Service
Lotteria Myanmar @ Pearl condo offers OK quality burger at clean atmosphere. Beef Petite can be average size. Price for set menu is around 5K.....they also have crispy deep fried chicken.
- for Food |
- for Decoration |
- for Service
အမတစ်ယောက် ညွှန်းလွန်းလို့ မောင်နှမတွေဆုံတုန်း dinner သွားစားကြည့်တော့ နေရာထိုင်ခင်းလည်းကောင်းတယ်။ မြည်းကြည့်ခဲ့တဲ့ အစားအစာတွေက သခွားသီးသုပ်(တခြားဆိုင်နဲ့မတူတာက သခွားသီးကို ခြစ်ထားတာက ညှပ်ဖက်လိုအပြားပုံစံနဲ့ သုပ်ထားတဲ့ အပေါ်မှာတော့ မှိုကိုကြော်ပြီးတင်ထားတာ) ဆတ်သားကြော်လို့ ထင်နေတဲ့အရာက မှိုကြော်ပါတဲ့။ နောက်တစ်ခုက အသားစုံကြော် (ဝက်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီနဲ့ သီဟိုလ်စေ့တွေကို ကြော်ပြီး ပန်းကန်ကြီးကြီးတစ်ခုမှာ အလှဆင်ထားတာ) အမြင်နဲ့တင် စားချငိစရာကြီး။ မယုံရင်မှာကြည့်နော်။ ခုပ်ဖူကို သွားရင်တော့ အာလူးထောင်းကတော့ မမှာမဖြစ်ပါတဲ့။ ကဲ!!!! အားလုံးစားသောက်ပြီးရင်တော့ အချိုတည်းဖို့ ပြောင်းဖူးရည်လေးတော့ မှာလိုက်ပါအုံး။ အစာလွယ်လွယ်ကျေပြီး ခံတွင်းရှင်းလို့ သောက်လို့အကောင်းဆုံး ပြောင်းဖူးရည်အဖြစ် မှတ်တမ်းတင်ထားပါတယ်...
- for Food |
- for Decoration |
- for Service
ရုံးကသူငယ်ချင်းတစ်ယောက် မွေးနေ့လိုက်ကျွေးလို့ Thai 47 ကိုတစ်ခေါက်ရောက်ခဲ့တယ်။ ဆိုင်နေရာကလည်း အချက်အချာကျကျ သပ်သပ်ရပ်ရပ်လေးနဲ့ အစားအစာတွေကို မြည်းစမ်းကြည့်တော့ အပြင်ဆိုင်တွေမှာ စားနေမကျတဲ့ ပုစွန်အစိမ်းသုပ်ဟာ နောက်တခါထပ်စားချင်လောက်အောင် စွဲဆောင်လွန်းပါတယ်။နောက်ဟင်းတစ်ခုက ဝက်ဆီပတ်ဟင်းနုနွယ်ကြော်။ အရွက်နဲ့ရောကြော်ရင် ဝက်ဆီပတ်တော့ ပျော့သွားလောက်ပြီလို့ ထင်ခဲ့ပေမဲ့ လုံးဝဆန့်ကျင်ဘက်ပါ။ အရွက်နူးနူးညံ့ညံ့လေး ကြော်ထားတဲ့ အပေါ်မှာ ကြွပ်ကြွပ်ရွရွရှိနေတဲ့ ဝက်ဆီပတ်လေးတွေ...။အရသာတော့ မေးမနေနဲ့တော့ very good ပေါ့
- for Food |
- for Decoration |
- for Service
အလုပ်ကိစ္စတစ်ခုနဲ့ နေ့လည်ထမင်းစားချိန် ရေကြော်လမ်းနားရောက်လို့ Royal Jade ဆိုင်လေးထဲဝင်ပြီး ထိုင်းငပိထမင်းကြော် တစ်ပွဲမှာ ထိုင်နေတုန်း အသိတစ်ယောက်မှာထားတဲ့ Dim Sum လေး မြည်းကြည့်တာ အရသာကောင်းပြီး ဈေးနှုန်းလေးလည်း အရမ်းတန်ပါတယ်။ခဏနေ ထိုင်းငပိထမင်းကြော်လာလို့ ကြည့်လိုက်တာ အံ့သြသွားရတယ်။ လူတစ်ယောက်မက စားလို့ရတဲ့ ထမင်းကြော်နဲ့ ဝက်သားဟင်း ကြက်ဥကြော် ကြက်အူချောင်းလေးတွေနဲ့ ဖွယ်ဖွယ်ရာရာလေးပါ။ တို့ကတော့ မကုန်လို့တောင် ပါဆယ်ထုပ်လာသေးတယ် :P
- for Food |
- for Decoration |
- for Service
Good taste
- for Food |
- for Decoration |
- for Service
ဒီညတော့ မိသားစုလဲစုံတာနဲ့ ကြေးအိုးပဲ ပါဆယ်ဆွဲပြီး ကြိတ်လိုက်တယ်။ ညဘက်ဆို ဝိတ်တက်စာတွေ သိပ်မစားဖြစ်ပင်မဲ့ ဒီဆိုင်က ကြေးအိုးကတော့ အရင်ထဲကလဲ ကြိုက်တာမို့ ဒီနေ့တော့ ရှိစေတော့ ဆိုပီး အားရပါးရဘဲ ဆွဲလိုက်တော့တယ်။ ဈေးကတော့ပုံမှန်ပါဘဲ အသားလဲများပီး တပွဲကလဲ နှစ်ယောက်စာလောက်ရှိတယ်။ အရသာကလဲ ကောင်းတယ်ဆိုတော့ ဝိတ်တက်ရကျိုး နပ်တာပေါ့နော်။

- for Food |
- for Decoration |
- for Service
Tokyo chicken roll ကတော့တော်တော်လေးကောင်းတယ်။ အထူးသဖြင့် အထဲမှာထည့်လိပ်ထားတဲ့ ထိုင်ဝမ်ဆလတ်နှင့်အသားကအရမ်းစားကောင်းတယ်။ သိပ်မကြိုက်ခဲ့တာက Orleans roasted chicken !!! ပျားရည်ရယ်၊ ငရုတ်ကောင်းရယ်အရမ်းသုံးထားတာကိုတွေ့ခဲ့ရတယ်။ ဒါပေမယ့် အထဲကအသားကျတော့အရသာသိပ်မရောက်ဘူးဖြစ်နေရော။ ထူးထူးခြားခြားအနေနဲ့ဒီမှာရတာက 7 Shrimp Burger ပါ။ အဲဒါလည်းတော်တော်စားကောင်းတယ်။ ကြက်ကြော်တွေကတော့ အရသာစုံ၊ Size စုံပါပဲ။

- for Food |
- for Decoration |
- for Service
အလုပ်ကိစ္စနဲ့ ရောက်ခဲ့တာပါ coffee ကလွဲလို့ တခြားအစားအသောက်တွေ မှာမစားဖြစ်ပေမယ့် decoration ပိုင်းကိုတော့ အမှတ်ပြည့်ပေးမိပါတယ် နောက်တစ်ခေါက် အစားအသောက်စမ်းစားဖို့တော့ ဦးစားပေးအဆင့်နေရာလေးတစ်ခုပါ်

- for Food |
- for Decoration |
- for Service
ဗနီလာ ice cream - ၇၀၀ ကိုယ်တိုင်ဝယ်မစားဖြစ်ပေမယ့် သူများစားတာ မြည်းကြည့်လိုက်တာ So good ပါဗျာ နောက်ဆို ဒီဆိုင်ရောက်တာနဲ့ အရင်မှာရမယ့် first item ထဲ ထည့်ထားလိုက်ပါတယ်
- for Food |
- for Decoration |
- for Service
အစားအသောက်၊ အပြင်အဆင် ၊ နေရာထိုင်ခင်း ဘာမှပြောစရာမလိုအောင်ကောင်းပါတယ် ။ အမြဲတမ်း သွားတိုင်း အေးအေးဆေးဆေးစိတ်ချမ်းချမ်းသာသာနဲ့ အရသာရှိရှိ စားသောက်ရပါတယ် ။
Advertisements
Top Food Reviewers in Yangon
Pop Corn tznaing Okkar Min Naing myat t Hnin Nge mmfoodie gineal karacy Chue Thet K Zun