“၇၆မိုင်မှာ KFC ဖွင့်ပြီဟေ့” 382 views


နိုဝင်ဘာလ (၁၅)ရက်နေ့တုန်းက KFC Myanmar ရဲ့ဖိတ်ကြားမှုကြောင့် MyLann အဖွဲ့ ၇၆မိုင်ရဲ့ ယာဉ်ရပ်နားစခန်းမှာဖွင့်လှစ်မယ့် KFC ဆိုင်ခွဲကို ရောက်ဖြစ်ခဲ့ပါတယ်။ မြို့ထဲကနေ ၂နာရီခွဲလောက်မောင်းသွားပြီးတာနဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း ၇၆မိုင်ကိုရောက်ပါပြီ။ ကားပေါ်ကဆင်းလိုက်တာနဲ့ တွေ့လိုက်ရတာက သန့်ရှင်းပြီးကျယ်ဝန်းတဲ့နေရာအနေအထားပါ။

တဖြေးဖြေးလျှောက်သွားကြည့်လိုက်တော့ တခြားအစားအစာတွေရနိုင်ပြီး ကူပွန်နဲ့ဖြည့်စားရတဲ့ Food court လေးရယ်၊ ဒီဖက်တခြမ်းမှာတော့ ကိုယ်တွေလာတဲ့အကြောင်းအရင်းဖြစ်တဲ့ KFC ဆိုင်ရယ်ပါ။ KFC ရဲ့ ကြက်ကြော်နှင့် တခြားစားစရာတွေကတော့ အားလုံးသိပြီးသားအတိုင်းပါပဲ။ အရသာရော၊ service ရော အမြဲထိန်းနိုင်တဲ့ Fast Food စားသောက်ဆိုင်တစ်ခုပါ။ လက်ရှိဆိုရင်လည်း မြန်မာနိုင်ငံမှာ ဆိုင်ခွဲပေါင်း (၁၆)ဆိုင်ဖွင့်လှစ်နိုင်ခဲ့ပြီး အောင်မြင်မှုများစွာလည်းပိုင်ဆိုင်နေပါပြီ။ ခု ၇၆မိုင်မှာဆိုရင်လည်း ဒီဆိုင်ခွဲက KFC ရဲ့ ပထမဆုံးယာဉ်ရပ်နားစခန်းမှာ ဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။ ဆိုင်ထဲကိုဝင်လိုက်ပြီဆိုရင်လည်း ရန်ကုန်ဆိုင်ခွဲတွေလိုပဲ အပြုံးချိုချိုလေးတွေနဲ့ ကြိုဆိုတာတွေ့ရပါတယ်။ ကြက်ကြော်သရဲဖြစ်တဲ့ အက်မင်ကတော့ ကြက်ကြော်တွေပဲမှာစားခဲ့ပါတယ်။ (အရသာကတော့ အားလုံးသိပြီးသားဖြစ်လို့ မပြောပြတော့ဘူးနော်) အဲ့နေ့မှာ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးဖြတ်အခမ်းအနားလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ခရီးသွားရင် အမြန်လမ်းပေါ်မှာ ကြက်ကြော်စားချင်လာတဲ့အခိုက်အတန့်မျိုးအတွက် KFC ကရှိနေပါပြီ။ နေရာကလည်း ရှာရမခက်ပါဘူး။ ၇၆မိုင်ရောက်တာနဲ့ အရှိန်လေးလျှော့ပြီးကြည့်လိုက်ပါ။ KFC ဆိုင်းဘုတ်အကြီးကြီးကို တွေ့မြင်နိုင်ပါတယ်။ နေ့စဉ်ဆိုင်ဖွင့်ချိန်ကျတာ့ မနက် ၈နာရီကနေ ည ၁၁နာရီအထိပါ။ 
MyLann အဖွဲ့ကို ခုလိုဖိတ်ကြားခဲ့တဲ့အတွက် KFC Myanmar ကို ကျေးဇူးတင်ပါတယ်လို့… ဒီထက်မကလည်း ဆိုင်ခွဲတွေထပ်ဖွင့်နိုင်ပြီးတော့ အောင်မြင်မှုများစွာပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလျက်….