Laksa မလေးရှား ခေါက်ဆွဲ ကြိုက်သူများအတွက် 737 views


Laksa မလေးရှား ခေါက်ဆွဲ ကြိုက်သူများအတွက်

နဝဒေးလမ်း နဲ့  ဗိုလ်ရာညွှန့် လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ Craft Cafe မှာ ရနိုင်ပါတယ်။ အရသာလေးကတော့ အုန်းနို့ နဲ့ အစပ်ခပ်ပေါ့ပေါ့ အရသာလေးပါ။ တိုဟူးရယ် ၊ ငါးဖယ်ရယ် ၊ ပုဇွန်ရယ် ၊ ကြက်ဥပြုတ်ရယ် ပါဝင်ပါတယ်။

Laksa ခေါက်ဆွဲကတော့ အဓိက အနေနဲ့ မလေး၊ စင်္ကာပူ ၊ အင်ဒို တို့ မှာ စားကြပါတယ်။ ဆန်နဲ့ပြုလုပ်ထားတဲ့ ခေါက်ဆွဲရယ် ၊ အုန်းနို့ အနှစ်ဟင်းရည်ရယ်က အဓိက အသက်ပါ။ ပေါ့ပေါ့ပါးပါး စားစရာ အနေနဲ့ လည်း စားနိုင်သလို ၊ ထမင်းလွတ်လည်း စားလို့ ရပါတယ်။

Sandi ( MyLann)