တရုတ်တန်းသို့  တစ်ခေါက် 960 views


 

ရန်ကုန်ြ့မို့ တွင်းမှာ ဆိုရင် တရုတ်တန်း နဲ့ လသာဝန်းကျင်ဟာ Street Food တော်တော်များများ ရရှိနိုင်တဲ့ နေရာလေးပါ။ ညနေ ၅နာရီ ဝန်းကျင်လောက်ကနေ စခင်းပြီး ည ၁၀ နာရီလောက်ဆိုရင် ဆိုင်လေးတွေတော်တော်များများ သိမ်းပါပြီ။

တရုတ်တန်းရောက်ရင် စားစရာ ဆိုင်တွေကတော့ အသီးအနှံဆိုင် ၊ မြန်မာမုန့် ဆိုင် ၊ ကော်ပြန့် လိပ် ၊ကော်ပြန်ကြော် ၊ ပြာရည်ထုတ် ၊ ကောက်ညှင်း အသားထုတ်၊ ရှမ်းခေါက်ဆွဲ ၊ တရုတ်အစားအစာ ၊မာလာဟင်း ၊ ငါးကင် ၊ အကင်အစုံအလင် ၊ ပင်လယ်စာ ၊ ဝက်သားတုတ်ထိုး ၊ တုတ်ထိုးနဲ့ သွားရေစာများ ရောင်းချတာကို တွေ့ ရမှာပါ။

တရုတ်တန်းရဲ့  နာမည်ကြီး ၁၉ လမ်းဟာ ဆိုရင်ဖြင့် ယမကာ ပရိသတ်တို့  အသဲစွဲ နေရာလေး တစ်ခုပါ။ အကင်ဆိုင် ၊ ယမကာဆိုင်များနဲ့ စည်ကားလေ့ရှိပြီး နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်တွေပါ လာတက်ကြပါတယ်။

အခုပုံလေးတွေကတော့ MyLann အဖွဲ့ သားများ တရုတ်တန်းကို Foodie Tour အနေနဲ့ သွားရောက် လည်ပတ်ရင်း ရိုက်ထားတာလေးတွေပါ။ တရုတ်တန်းက မိတ်ဆွေတို့ အကြိုက်ဆုံး ဆိုင်လေးတွေ ရှိရင်လည်း မန့် ခဲ့ကြပါအုံးနော်။

#MyLann #Foodinyangon #FoodieMyanmar #Foodtour