Shan+Thai Restaurant 1360 views


ခုတလော ရန်ကုန်မြို့ မှာ စားသောက်ဆိုင်တော်တော်များများ ပေါလာပေမဲ့ နေ့ လည်စာ စားမယ်ဆိုရင် ထမင်းလေး ဟင်းလေးနဲ့  အေးအေးဆေးဆေး စားဖို့ ဆိုင်ကလည်း သေချာစဉ်းစားကြည့်ရင် မရှိသလိုပဲ။ အဲ့ဒီတော့ ထမင်းစားချိန်ရောက်ရင် ဘယ်မှာ သွားစားကြမလဲ ဆိုတာကလည်း အလုပ် တစ်ခု ဖြစ်ပြန်ရော။

 

ဒီနေ့  နေ့ လည်ကျတော့ စားသောက်ဆိုင် အထူးပြု  ထူးထူး က ရုံးနဲ့ နီးနီးနားနားမှာ ဆိုင်တစ်ဆိုင်ရှိတယ် ကိုယ်ကြိုက်တဲ့ အတိုင်း အေးအေးလူလူ  စားလို့ ရတယ်။ ထမင်းဟင်းစုံတယ်။ သွားစားကြမယ်ဆိုလို့  ရေကျော်လမ်းက Royal Jade  စားသောက်ဆိုင်လေးကို ရောက်ခဲ့တယ်။ သူက ရေကျော်လမ်းထဲရောက်ရင် ညာဘက်အခြမ်းမှာပါ။

နေ့ လည်စာ စားချိန်ဆိုတော့ အဲ့ဒီဆိုင်လေးမှာ ရှမ်း ပုံစား ထမင်းရတယ်တဲ့ ။ ဆိုင်အရှေ့ လေးမှာပဲ မှန်ဘောင် နဲ့  ဟင်းတွေကို ထည့်ထားတယ်။ ကိုယ်ကြိုက်တာ ရွေးစားရုံပဲ။ ထမင်းပုံစားက ဟင်းနှစ်မျိုး ပါတယ် ။ အသီးအရွက်ကြော် နှစ်မျိုးပါတယ်။ ကြက်စွပ်ပြုတ် ဟင်းချိုရည် ၊ ထိုင်းငပိရည် နဲ့ တို့ စရာပါတယ်။ လေးထောင့် ကြွေပန်းကန် နဲ့ အပြည့်ကို တစ်ပွဲ နှစ်ထောင်တဲ့ ။ ဒါနဲ့  ဆိုင်က အစ်မကြီးကို မေးကြည့်တယ်။ ဘာဟင်းတွေရလဲပေါ့။

ပုံစားအတွက် ဟင်းတွေကလည်း  တစ်နေ့ ကို အထူးဟင်းလျာ (၆)မျိုးပဲ ချက်တယ်တဲ့။ ဒီနေ့ အဖို့ ကတော့ ကြက်ပင်စိမ်း ၊ ကြက်တစ်လုံးချိုချဉ် ၊ ဝက်လက်စတူး ၊ ကြက်ချဉ်ငံစပ်ကြွပ်မွှေး ၊ ကြက်ခါးပတ် နဲ့ ဝက်သုံးထပ်သား အကင် ကို ထိုင်းဆော့နဲ့ ချက်ထားတာ ရတယ်။ အသီးအရွက် စုံကြော်ရယ်။ ပြောင်းဖူးကြော်ရယ်ကတော့ နှစ်မျိုး  ထည့်ပေးပါတယ်လို့ ပြောပြတယ်။

ဒါနဲ့ ကြည့်ရင်း ဗိုက်ဆာလာတာနဲ့  ဟင်းနှစ်မျိုးကို ကြက်ချဉ်ငံကြွပ်မွှေး ရယ် ဝက်လက်စတူး ထည့် အစိမ်းကြော်နဲ့  ပြောင်းဖူးကြော် ထည့်ခိုင်းလိုက်တယ်။ အဲ့ဒီမှာ အတူပါလာတဲ့ ထူးထူးက ငါကတော့ ထမင်းလေးနဲ့ နှစ်ယောက်စလုံး စားလို့ ရတဲ့ ဟင်းတစ်ပွဲရယ်ပဲ စားတော့မယ်ဆိုပြီး အဲ့ဒီမှာ ရတဲ့ မီနူးထဲက ငါးခြင်္သေ့ ထိုင်းဆော့ ဆိုတဲ့ဟာကို တစ်ပွဲမှာတယ်။

မီနူးကြည့်နေရင်ပဲ ထူးထူးက ..ဒီဆိုင်မှာ ဒင်ဆမ်းလည်း ရတယ် ။ အရသာလည်း ကောင်းတယ်။ မြည့်ကြည့်မလားဆိုတော့ ဒင်ဆမ်းဆိုတာနဲ့  ကိုယ့်မျက်လုံးတွေ အရောင်လက်သွားရော ။ ကိုယ်တွေ ရောက်တဲ့ အချိန်က နေ့ လည်စာ စားတဲ့အချိန် ၊ အချိန်ကလည်း တော်တော်လွန်နေပြီဆိုတော့ ဒီအချိန် ဒင်ဆမ်းရပါ့မလားဆိုတော့ ။ ညနေအထိရတယ်တဲ့ ဒီဆိုင်မှာ ဒင်ဆမ်းလည်း နာမည်ကြီးတယ် ဆိုတာနဲ့  မထူးပါဘူးလေ။ ရောက်တုန်းရောက်ခိုက် ဒင်ဆမ်းလေးလည်း မြည်းတာပေါ့ ဆိုပြီး ဒင်ဆမ်းထဲက ကျန့် နန်ဖက် ထုပ်ပေါင်း ဒင်ဆမ်း မှာလိုက်တယ်။ ( အက်မင်ကို အစားပုတ်တယ်လို့ မထင်စေလို့  :P )

ကဲ စားစရာတွေတော့ စားပွဲမှာ အစုံအလင် ရောက်လာပြီ ဆိုတော့ အရသာလေးတွေကို နည်းနည်း ပြောပြပါမယ်။

ရှမ်းထမင်းပုံစား ထဲမှာ ဟင်းတွေက ထိုင်းစတိုင်လည်း ချက်ထားတာမို့ လို့  ရှမ်း/ထိုင်း ထမင်းပုံစားလို့ လည်း ခေါ်လို့ ရပါတယ်တဲ့။ ပုံစားနဲ့ အတူ ချပေးထားတဲ့ ထိုင်းငပိရည်က တကယ့်အသက်ပါ။ တို့ စရာကလည်း ကိုယ့်အကြိုက်သခွားသီး၊ ဥနီ ၊ ဆလပ်ရွက်၊ ပဲသီးစိမ်း အစုံပဲ ။ စိမ်းစိမ်းစိုစို နဲ့  မို့ လို့ ထိုင်းငပိရည်နဲ့  တို့ ပြီး တစ်ခုပြီး တစ်ခု စားပလိုက်တယ်လေ။ ဟင်းတွေကလည်း အစပ်အဟပ် တည့်လို့  ကိုယ့်အကြိုက်ပေါ့ ။ တစ်ပွဲကို ၂၀၀၀ကျပ်နဲ့ အများကြီး စားရမှာပါ။

ထူးထူး မှာတဲ့ ငါးခြင်္သေ့ ထိုင်းဆော့ ဆိုတဲ့ ဟင်းကိုလည်း ပြောပြအုံးမယ်။ သူက ကကတစ် ငါးကို အထဲက အရိုးတွေ ထုတ် ၊ အစာပလာတွေ ထည့်ပြီး ကြော်ထားတာ ။ အဲ့ဒါလေးကို အပေါ်ကနေ ထိုင်းဆော့ဆိုတဲ့ ချဉ်စပ်ဆော့ လေး လောင်းထားပေးတော့ ငါးကို ပိုအရသာ ရှိသွားစေတယ်လေ။ ( အဲ့ဒီ ထိုင်းဆော့ က ဆိုင်မှာ ကိုယ်တိုင် လုပ်တာဆိုပဲ ) သူကတော့ ဟင်းတစ်ပွဲကို ၇၅၀၀၀ ကျပ်ပါ ။ ကကတစ်ငါးနဲ့ မို့ လို့ ပါ ။ တီလားဗီးယားငါးနဲ့ ဆိုရင်တော့ ၄၅၀၀ကျပ်ပါတဲ့။

နောက်တစ်ခုက ဒင်ဆမ်း ။ ကိုယ်တွေက မြည်းစမ်းရုံ သက်သက်သာ မှာခဲ့တဲ့ တကယ်တမ်း ဆော့နှစ်မျိုးနဲ့ နာမည်ကြီးတဲ့ Royal Jade က ဒင်ဆမ်းပေါ့ ။ ကျန့် နန်ဖက်ထုပ်ပေါင်း ဆိုတဲ့ ဒင်ဆမ်း ။ အထဲမှာ ကြက်သားကို အစာပလာတွေနဲ့ ရောပြီး ပေါက်စီလို အလုံးလေး လုပ်ထားပေးတာ ။ တို့ စားလို့ ရတဲ့ ဆော့ကလည်း ကောင်းမှကောင်း ။ သေချာတယ်။ ကိုယ်တွေတော့ နောက်တစ်နေ့  မနက်စာ လာစားရင်တော့ ဒင်ဆမ်းတစ်ဝကြီး လာစားအုံးမယ်လို့ တွေးထားတယ်။ ပြီးရင် MyLann ပရိသတ်ကြီးကို ထပ်ပြီး ဖောက်သည်ချတာပေါ့နော်။ ဒင်ဆမ်းတစ်ပွဲကတော့ ၆၀၀ကျပ်မှ ၈၀၀ကျပ်အထိ အစားစားရှိပါတယ်။

ဒါနဲ့  စားပြီးသောက်ပြီးလို့  ပိုက်ဆံရှင်းတော့ ဝိတ်တာလေးကို နည်းနည်းဗျူးတာပေါ့။ ကိုယ်တွေက ကိုယ် စားကောင်းတယ်လို့  ထင်တဲ့ ဆိုင်ဆိုရင် မိတ်ဆွေတွေကိုလည်း လက်တို့ ချင်တာပေါ့ ။ ဒါနဲ့ နည်းနည်းစနည်းနာခဲ့တယ်။

ဆိုင်ဖွင့်ချိန်က နံနက် ၆နာရီခွဲကနေ ည ၁၀နာရီခွဲ အထိပါတဲ့။ ဒင်ဆမ်းကတော့ နံနက် ၆ခွဲကနေ ညနေ ၄နာရီ အထိရပါတယ်တဲ့။ ကဲ နေ့ လည်ခင်းကြီး ထမင်း မစားချင်လို့  ဗိုက်လည်း ပြည့်တဲ့ ဒင်ဆမ်းစားမယ်ဆိုရင် ဒီဆိုင်က ကွတ်တိပဲ။ ထမင်းပုံစားကတော့ နေ့ လည် ၁၁ နာရီကနေ ၃နာရီ အထိပါတဲ့။ အဓိက ကတော့ ထိုင်း နဲ့ တရုတ် အစားအစာတွေ ရပါတယ်။ သူများတွေလည်း ထိုင်းထမင်းကြော်တို့  ဘာတို့ စားနေတာလည်း တွေ့ ခဲ့တယ်။

ရာသီပေါ် အသီးအနှံဖျော်ရည်တွေလည်း ရပါတယ်တဲ့ ။ ပြီးတော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ ပွဲလေးတွေ လုပ်ချင်တယ်ဆိုရင် ဆိုင်က အပေါ်ထပ် အောက်ထပ်လည်းရှိတာမို့ လို့ အေးအေးဆေးဆေး မွေးနေ့ ပွဲလုပ်ပြီး အစားအသောက် ကောင်းကောင်း စားလို့ ရတယ်။ လူလည်း သိပ်မရှုပ်တဲ့ အတွက် အဆင်ပြေတယ်။ ကိုယ်တွေချည်း သောင်းကျန်းလို့ ရတာပေါ့ :P

အဲ့ နောက်တစ်ခုက ဒီဆိုင်မှာ ကြက်ဆီထမင်းကို ကြက်ကင်နဲ့  အော်ဒါလည်း လက်ခံပါတယ်တဲ့ ။ Delivery လည်း လုပ်ပေးတယ်။

အိုကေ ကိုယ်တွေချည်း ရေးနေတာများပြီ ဆိုတော့ ဆိုင်လိပ်စာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်လေးတွေလည်း မျှဝေပေးချင်ပါတယ်။

နေရာက - Royal Jade Restaurant

အမှတ်(၂၉) ရေကျော်လမ်းမကြီး (ညာဘက် ) ရေကျော်ဈေးအနီး ၊ အရှေ့ မှာ ABC Mart လေးရှိပါတယ်။

အော်ဒါမှာချင်သူများ Delivery မှာချင်သူများအတွက်တော့ ဖုန်းနံပါတ် ၀၉ ၇၉၅၄၄၂၉၆၅ ပါ။ သူငယ်ချင်းတွေနဲ့  Private Birthday လေး လုပ်ချင်တယ် ဆိုရင်လည်း ကြိုတင် ဖုန်းဆက်ပြီး ပြောထားလို့ ရပါတယ် လို့  ဆိုင်ရှင် အစ်မကြီးက ပြောပြတယ်။

ကဲ MyLann မိတ်ဆွေတို့ ရေ  ရေကျော်လမ်းရောက်လို့  အစားကောင်းကောင်း အရသာ ကောင်းကောင်းစားချင်တယ် ဆိုရင် ဒီဆိုင်လေးကလည်း အဆင်ပြေပါတယ်လို့  ။

 

Fred ( MyLann)