အဖြူရောင်ချောကလက် 897 views


အနက်ရောင်ချောကလက်က မှတ်ဥာဏ်စွမ်းရည်အတွက်အထောက်အကူပြုပြီးတော့ သွေးလည်ပတ်မှုကိုလဲ ကောင်းမွန်စေတယ်ဆိုတာ သူငယ်ချင်းတို့ လည်း သိပြီးဖြစ်မှာပါ။ ဒါဆို အဖြူရောင် ချောကလက်ကရော ? ချောကလက်ခြင်းတူပေမယ့် အဖြူရောင်ချောကလက်ရဲ့ အကျိုးအာနိသင်ကတော့ ကွာခြားပါတယ်။ ချောကလက်အဖြူရောင်မှာက သကြားဓာတ်အမြောက်အမြားပါဝင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပိုမိုများပြားစေပါတယ်။ ပြီးတော့ အနက်ရောင်ချောကလက်မှာပါဝင်တဲ့ ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့ အာနိသင်အတော်များများက အဖြူရောင်ချောကလက်မှာမပါဝင်ပါဘူး။ ဒါကြောင့် ကျန်းမာရေးအတွက်လုံးဝမကောင်းဘူးလို့ မပြောနိုင်ပေမယ့် အနက်ရောင်နဲ့ ယှဉ်လိုက်ရင်တော့ အဖြူရောင်ချောကလက်က ကျန်းမာရေးအတွက် သိပ်မသင့်တော်တာ အမှန်ပါပဲ။