Agape Kachin Food 602 views


ဒီတစ်ခါတော့စမ်းချောင်းက Agape ဆိုတဲ့ ကချင်ဆိုင် လေးအကြောင်းပြောပြမယ်နော့…
အဲ့ဆိုင်မှာကချင်အစားအစာတွေပဲရတယ်… ဈေးလေးကလဲမဆိုးဘူး အရသာကလဲကောင်းတယ် ဆိုတော့ စားတဲ့သူများတယ် တခါတလေနေရာမရလို့ပါဆယ်ထုပ်ပြီးပြန်သွားတာတွေတောင်တွေ့မိတယ်… ဟန်နီသွားတာ ရုံးဆင်းတဲ့အချိန်ညနေပိုင်းဆိုတော့ လူတော့သိပ်မရှင်းဘူး…

ဘာပဲဖြစ်ဖြစ်တော်သေးတာပေါ့ နေရာလေးရလို့…မဟုတ်ရင်တပ်ဆုတ်ပြန်လာရမှာ…
အဲ့နဲ့ပဲ Menu ကိုအခေါက်ခေါက်အခါခါကြည့်ပြီး မှာလိုက်တာက ကချင်ထမင်းကြော်၊ အမဲခြောက်သုပ် နဲ့ ဖက်ထုပ်ကြော်… အစားအစာလုပ်တာနဲနဲတော့ကြာတယ်ရှင့် မိနစ်(၂၀)ပတ်ဝန်းကျင်လောက်တော့ရှိမယ်…

ဒါကလဲဆိုင်မှာလာထိုင်တဲ့လူအနည်းအများနဲ့ဆိုင်မှာပေါ့နော်… လူရှင်းရင်တော့လဲမြန်မြန်ရမှာပေါ့… ဆိုင်ကအိမ် ခန်းတစ်ခန်းစာဆိုတော့ မကျဉ်းမကျယ်လေး… ဆိုင်ထဲမှာလဲ တိုင်းရင်းသားအဆိုတော်တွေရဲ့ Poster တွေကပ်ထားတယ်… မှာထားတာတွေမလာခင်လေး စပ်စုကြည့်တာပေါ့နော့်… ခဏကြာတော့ရောက်လာပါတယ်…

‪#‎ကချင်ထမင်းကြော်‬ သူကရိုးရိုးနဲ့ရှယ်ဆိုပြီး… အဲ့နဲ့ဘာကွာတာလဲဆိုတော့ ရှယ်က အမဲသားအဖတ်တွေပါတယ် ပြီးတော့ကြက်ဥကြော်ပါတယ်ဆိုတဲ့နဲ့ ရှယ်ပဲမှာလိုက်တာပေါ့နော်… မြည်းကြည့်လိုက်တော့ သူက ရှမ်းဆန်နဲ့ကြော်ထားတာဆိုတော့ စီးစီးလေးဖြစ်နေတာ…ဆွဲဆောင်မှုတစ်ခုပေါ့… နောက်အစပ်အဟပ်တည့်တည့်နဲ့ကြော်ထားတာ စားလို့ကောင်းပါတယ်… စားရင်းနဲ့တော့နဲနဲအီလာသလိုလိုတော့ရှိတယ်… သခွားသီးလေးတွေ မုန်လာဥနီလေးတွေထည့်ပေးထားတယ် အဲ့ဒါကတစ်ပွဲကို (၂၀၀၀)ပါ…တန်ပါတယ် အသားဖတ်တွေလဲပါတယ် အရသာလဲကောင်းတယ်ဆိုတော့…

နောက်တစ်ခုက ‪#‎ဖတ်ထုပ်ကြော်‬… နူးနူးအိအိကြီးဖြစ်မနေပဲစားရတာ နဲနဲမာဆတ်ဆတ်လေးနဲ့စားလို့ကောင်းပါတယ်… အထဲမှာအရွက်လေးတွေနဲ့…. သူကအချဉ်နဲ့တို့စားရတာ အချဉ်ကလဲသူတို့ကချင်ရိုးရာလိုပုံမျိုးလုပ်ထားတာထင်ပါတယ်…အအီပြေလေး စားလို့ကောင်းပါတယ် သူကတစ်ပွဲကို (၁၅၀၀)ဆိုတော့ ဈေးနည်းတဲ့ထဲတော့မပါဖူးပေါ့နော်…

နောက်ဆုံးတစ်ခုက ‪#‎အမဲခြောက်သုပ်‬… ဟန်နီတော့ အဲ့ဒါကိုအကြိုက်ဆုံးပဲ…သူကအမဲခြောက်ကြော်ထားတာကိုပြန်မွှပြီး ကြက်သွန်နီ၊ တရုတ်နံနံတွေနဲ့သုပ်ထားတာ… စားလို့ကောင်းပါတယ်.. အချဉ်လေးပိုထဲ့ခိုင်းထားတော့ တော်တော်အဆင်ပြေတယ်… အအီစာတွေနဲ့တွဲစားထားတာဆိုတော့….. သူကတစ်ပွဲကို (၂၅၀၀)ပါ… သူလဲဈေးတော့နဲနဲကြီးတယ်… ဒါမဲ့အသားဖတ်တွေတော့များပါတယ်…..
ပီးတော့အဲ့မှာ အအေးတွေလဲရတယ်…အခြားအဲ့ဆိုင်မှာ ဘဲဥပေါင်းတို့၊ ကြက်ခြေထောက်ထောင်းနဲ့ ဖျော်ရည်မှာဆိုရင် ချဉ်စော်ကား သီးဖျော်ရည် တွေလဲကောင်းပါတယ်… Service ကတော့မဆိုးပါဘူး…ဒါမဲ့ အဲ့စားစရာတွေလာချပေးတဲ့အမတစ်ယောက်ကတော့ လူများတော့အလုပ်ရှုပ်နေလို့လားမသိဘူး… တခုခုမှာမယ်ဆို တော်တော်ခေါ်ရတယ်… အဲ့လေးတော့ရှိတယ်… နဲနဲတော့စိတ်ရှည်ရမှာပေါ့နော်…။

ကယ်… ကချင်စာကောင်းကောင်းလေးစားချင်ရင်တော့ စမ်းချောင်း၊ရှမ်းလမ်းမှတ်တိုင်နားက ရွှေပြည်အေးလမ်း ထဲမှာရှိတာပါ… ဘော်ဒါတွေလဲသွားပြီးမြည်းစမ်းကြည့်ကြအုံးနော့်….ဆိုင်ကတနင်္ဂနွေနေ့ပိတ်တယ်တဲ့ရှင့်။