Mexican အစားအစာအကောင်းစားတွေ ရနိုင်တဲ့ Agora 1122 views


သူငယ်ချင်းတို့ Mexican အစားအစာတွေ ကြိုက်ကြလား? Mexican အစားအစာအကောင်းစားတွေကို စားချင်တယ်ဆိုရင် Agora ဆိုတဲ့ ဆိုင်လေးရှိတယ်လို့ သတင်းပေးချင်လို့ပါ။ Agora မှာ အမိုက်စား Gucamole၊ Burrito (ဘူရီတို)၊ Tacos (တာကို)၊ Quesadilla နဲ့ အခြား Mexican စာအမျိုးမျိုးကို သန့်ရှင်းလတ်ဆတ်စွာ ဧည့်ခံပေးနေပါတယ်။ ပြီးတော့ Agora က Asian Fusion ဆိုင်လေးလည်း ဖြစ်တဲ့အတွက် တခြား အာရှစာအချို့ကိုလည်း ရနိုင်ပါတယ်။ တချို့ကို ပြောပြပါဆိုရင် စင်ကာပူစာ၊ မလေးစာ၊ ယိုးဒယားစာတွေပေါ့။ Coffee တို့၊ Cappuccino တို့၊ Latte တို့လည်း ရနိုင်ပါသေးတယ်။ အေးအေးဆေးဆေး အလုပ်လုပ်ချင်၊ စာဖတ်ချင်တဲ့သူတွေအတွက် OK တာပေါ့။ 

သူငယ်ချင်းတို့ကို Mexican စာအကြောင်းလေး အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

Mexican စာတော်တော်များများက Tortilla ကို အခြေခံထားတယ်။ Tortilla ဆိုတာ ဂျုံနဲ့အဓိလုပ်ထားတဲ့ ချပါတီလိုမျိုး စားစရာပါ။ Burrito (ဘူရီတို) ဆိုရင် Tortilla ပြားအကြီးတစ်ချပ်ပေါ်မှာ ကိုယ်နှစ်သက်ရာ အသားတွေထည့်၊ အရွက်တွေထည့်၊ ပြီးရင် Mexican black beans ထည့်ပြီး လိပ်ထားတဲ့ အစားအစာပါ။ Burrito တစ်ခုထဲနဲ့ အရမ်းကို ဗိုက်ပြည့်ပါတယ်။ ပြီးတော့ ဆီနဲ့ ကြော်ထား၊ လှော်ထားခြင်းမရှိလို့ ကျန်းမာရေးအတွက်လည်း မထိခိုက်စေပါဘူး။
Tacos နဲ့ Quesadilla ဆိုတာရှိသေးတယ်။ Tortilla နဲ့ဘဲ လုပ်ထားတာပါ။ ပုံတွေထဲမှာကြည့်ကြည့်လို့ရပါတယ်။

နောက်ထက်တစ်ခုထူးခြားတာက ရန်ကုန်မှာ Gucamole ရရှိနိုင်တဲ့ဆိုင်မှာ Agora တစ်ခုထဲရှိပါသေးတယ်။ Agora ရဲ့ Gucamole ကတော့ တကယ့်ထောပတ်သီးစစ်စစ်နဲ့ ပြုလုပ်ထားပြီး အခြားဓာတုဆေးဝါးလုံးဝ ထည့်သုံးထားခြင်းမရှိပါဘူး။ သူငယ်ချင်းတို့သိတဲ့အတိုင်းဘဲ ထောပတ်သီးစစ်စစ်မှာပါတဲ့ ကျန်းမာရေးအတွက်ကောင်းတဲ့ သဘာဝအဆီ Omega-3 ပါဝင်တဲ့အတွက် အသားအရေအတွက်သာမကဘဲ မှတ်ညဏ်ကိုပါ ပိုမိုကောင်းမွန်စေပါတယ်။ ထောပတ်သီးစစ်စစ်မှာ အခြားအခြားသော ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိပါသေးတယ်။

ကဲ အဲလို အရသာရှိရှိနဲ့ အာဟာရရှိရှိ Mexican အစားအစာတွေကို Agora မှာ သွားပြီး မြည်းစမ်းကြည့်ကြပါ။ မြန်မာတွေရဲ့ ပါးစပ်နဲ့ အံကိုက်ပါဘဲ။

ဆိုင်အပြင်အဆင်လေးလည်းကောင်း၊ Cocktails အမယ်စုံစုံလင်လင်လည်းရှိပြီး ကျယ်ဝန်းလှတဲ့ နေရာထိုင်ခင်းကို ပိုင်ဆိုင်ထားတဲ့ Agora Cafe & Restaurant ကတော့ အမှတ် (၈၂)၊ ကန်ဘဲ့လမ်း (ရန်ကင်းကလေးဆေးရုံရှေ့) မှာ တည်ရှိပါတယ်။ ဪပြီးတော့၊ Agora မှာ မွေးနေ့ပွဲ၊ Private Party၊ ကုမ္ပဏီပွဲလေးတွေ လုပ်လို့လည်း အရမ်းအဆင်ပြေပါတယ်။ အားပေးလိုက်ကြပါဦးနော်။

ဪ၊ နောက်ဆုံးသတင်းကတော့ ဒီမှာပြထားတဲ့ 15% Off ကူပွန်လေးကို Christmas မတိုင်ခင်သွားစားလို့ရပါတယ်နော်။ ဆိုင်မှာ ဒီကူပွန်ကိုဖုန်းမှာပြပြီး "MyLann ကလာတာပါ" လို့တာပြောလိုက်ပါ။ 

Agora Cafe & Restaurant 
အမှတ် (၈၂)၊ ကန်ဘဲ့လမ်း (ရန်ကင်းကလေးဆေးရုံရှေ့)
0930198968