Ahjumma! အာဂျီးမား 730 views


လူတော်တော်များကတော့ ဒီဆိုင်လေးကို သိကြပြီးသားပါနော်။ ထူးထူး ကတော့ ဒီဆိုင်လေးမှာစားချင်တာတော့ကြာပါပြီ။ ဒါပေမယ့် ကပ်ကပ်ပြီးလွဲနေတာ:)။ ခုတစ်ခါတော့ သွားဖြစ်အောင်သွားလိုက်ပါတယ်။ ဘာလို့ လဲဆိုတော့ Korea ရုပ်ရှင်တွေထဲက လို တော့ပိုကီနဲ့  ငါးအသားပြားချောင်း(fish cake) ကို promotion ပေးထားတယ်တဲ့။

အဲနေ့ က promotion နောက်ဆုံးရက်မို့ နေ့ လည်ထမင်းစားချိန်လေး အပြေးသွားလိုက်တာပေါ့နော်။ဆိုင်ရောက်တော့ promotion က နောက်ဆုံးရက်ပါ။ ဒါပေမယ့် ဇူလှိုင်လ ဒုတိယပတ်လောက်ထိ ထပ်တိုးပေးမယ်လို့ လည်းသိရပါတယ်။

‪#‎promotion‬
တော့ပိုကီ နဲ့ ငါးအသားပြားချောင်း နှစ်မျိုးကို ၅၀၀၀ကျပ်နဲ့ ရောင်းချပေးနေတာပါ။တစ်မျိုးချင်းစားချင်တဲ့customer များအတွက်ကတော့ တော့ပိုကီ တပွဲကို ၃၀၀၀ကျပ်နဲ့  ငါးအသားပြားချောင်းတပွဲကို ၂၅၀၀ကျပ်ပါ။

‪#‎အရသာလေးတွေဝေမျှမယ်‬

‪#‎တော့ပိုကီ‬
korea ရုပ်ရှင်ကားထဲကလိုပါပဲ။ အရောင် လေးက စွဲဆောင်မှု ရှိတယ်။ အရသာကလည်း မြန်မာတွေအကြိုက်တွေ့ စေမယ့် အရသာလေးပါ။အစပ်အရသာလေးလည်းခံစားရပါတယ်။ကြက်အူချောင်းလေးတွေလည်း ပါပါတယ်။ စားနေရင်း korea ရောက်သွားသလိုတောင်ဖြစ်မိသား :)

‪#‎ငါးအသားပြားချောင်း‬
ဟင်းချို လေးပါ။ မုန့် လာဥအဖြူ ရယ် ကြက်သွန် ပါဝင်ပြီး Ready Made ငါးအသားပြားနဲ့တွဲဖက်စားရတာပါ။ အသားပြားကို တုတ်ထိုးထားပြီးတပွဲမှာ ၄ချောင်းပါဝင်ပါတယ်။ ပူပူလေးစားရင်ပိုပြီး အရသာခံစားရမှာပါနော်။ ပဲငံပြာရည် အချဉ် လေး ကတော့ ထိုဟင်းလျာအတွက် Support ပေါ့နော်:)။ အရသာလေးကတော့ချိုချိုစိမ့်စိမ့်လေးပါ။

ဆိုင်လေးဝင်သွားတာနဲ့  လူငယ်တွေနှစ်သက်မယ့်အပြင်အဆင်မျိုးလေးပါ။ Korea အငွေ့ အသက်လေးတွေလည်း ခံစားရပါတယ်။ဆိုင်ရဲ့ ရည်ရွယ်ချက်လေးကတော့ တယောက်စာလေးတွေစားဖို့အဆင်ပြေတဲ့ menu လေးတွေထားရှိတာမို့  လူငယ်တွေအတွက်ပိုအဆင်ပြေစေတာပါတဲ့။ကိုယ်တိုင်လည်း လူငယ်တယောက်မို့  အဲ့လို လူငယ်တွေအတွက် အဆင်ပြေစေမယ့် အစားအစာလေးတွေစားဖြစ်ခဲ့တာပေါ့နော်။

# မြည်းစမ်းကြည့်ဖြစ်ခဲ့တာတွေက

‪#‎Bulgogi‬ in Gray နဲ့  Bulgogi on Hotplate

နှစ်မျိုးလုံးအတွက်က ဝက်သား၊အမဲသားနဲ့ ကြက်သား (pork.chicken နဲ့ beef) ဆိုပြီး ရပါတယ်။ အရသာပိုင်းအနေနဲ့ကတော့ အမဲသားအတွက်ကတော့အချိုအစိမ့် ဖြစ်ပြီး ကြက်သားနဲ့ ဝက်သားအတွက်ကတော့ အစပ်အရသာ အနည်းငယ်ခံစားရမှာဖြစ်ပါတယ်။

# Bulgogi in Gray

ဟင်းသဘောမျိုးပါ။ စားဖြစ်ခဲ့တာက တော့အမဲသားနဲ့ ဆိုတော့ ချိုစိမ့်လေးပါနော်။အမဲသားရဲ့အရသာကလည်းနူးအိမနေပဲမာဆတ်ဆတ်လေးနဲ့  အချို သီးသန့်  အရသာ မျိုးပါ။ဟင်းပွဲရဲ့ အဓိက အရသာကတော့ အချိုမှုန့် တွေထည့်သုံးထားခြင်းမရှိပဲ အမဲသားရဲ့ ပင်ကိုယ် အချိုအရသာ လေးပါ။ ဟင်းပွဲမှာ ပါဝင်တာတွေကတော့ အပ်မှို ရယ်အမဲသားရယ် အဓိကပါဝင်ပြီးအရသာအတွက်ကတော့ သစ်တော်သီး အရည်ရယ်ခရုဆီ သကြားအရသာတွေပါဝင်နေပါတယ်။Set တခုလို ရောင်းချပေးတာပြီး set 1ခုမှာ ထမင်း၊ကမ်ချီ၊၊ဟင်းရယ်နဲ့  ကိုယ့်စိတ်ကြိုက်မှာတဲ့ ဟင်းပါဝင်ပါတယ်။ တစ်ပွဲကို ၄၀၀၀ကျပ်ပါ။

# Bulgogi in hotplate
အမဲသားကိုနှစ်သက်လို့  အမဲသားနဲ့ပဲ မှာစားဖြစ်ခဲ့ပါတယ်။မုန်လာဥနီ၊ဂေါဖီရယ် ပဲကြာဇံတို့ပါဝင်ထားပြီးအသားရဲ့ နူးညံ့မှုကို ခံစားရပါတယ်။ ပဲငံပြာရည်နဲ့ အသားကို နယ်ထားတဲ့အချိုအရသာကိုလည်းခံစားရတာပါ။သူကတော့တစ်ပွဲ ၄၀၀၀ကျပ်ပါ။ သူလည်း Set တခုလိုပါ။ ထမင်း၊ကမ်ချီ၊စိတ်ကြိုက်မှာယူတဲ့ဟင်းလျာတွေပါဝင်ပါတယ်။

# အအီပြေသုံးထပ်သားကမ်ချီစွပ်ပြုတ်
ပဲပြား၊ကြက်ဥ၊ပဲကြာဇံ၊ကမ်ချီနဲ့ အသားတို့ပါဝင်ပါတယ်။ ပူပူချဉ်ချဉ်အရသာလေးခံစားရပြီး သောက်လို့ အဆင်ပြေပါတယ်။ ခုလိုရာသီဥတုလေးနဲ့ဆိုတော့ အရမ်းမိုက်ပေါ့။ တပွဲ၃၀၀၀ကျပ်ပါ။ သုံးထပ်သားအပြင် မိမိစိတ်ကြိုက် အသားကိုရွေးချယ်စားလို့  ရပါတယ်။

ကဲ စားတာတွေပြောပြတာတော့ပြီးပါပြီ..
အဲ့ဒါတွေအပြင် korea အသည်းစွဲလေးတွေအတွက် တခြားkorea food အမျိုးမျိုးရယ် ရာသီစာ အအေးမျိုးစုံ သစ်သီးဖျော်ရည်တွေလည်းရပါတယ်နော်။ အဲ့ဆိုင်လေးရဲ့ ကိုရီးယား ထမင်းသုပ်ကလည်း အရမ်းလူစားများကြတယ်တဲ့။ဗိုက်တွေလည်းတင်းနေပြီမို့  ထပ်မစားခဲ့ရဘူးလေ။နောက်တခေါက်ပေါ့နော်။

Delivery အနေနဲ့ လည်း ဆိုင်အနီးတဝိုက်မှာ ဆိုရင် free ပို့ ပေးပါတယ်တဲ့။မြို့ နယ်အလိုက်မှာယူချင်တယ်ဆိုရင်လည်း အသေးစိတ်သိရအောင် လိပ်စာအပြည့်အစုံပြောပြပေးမယ်နော်။

ဆက်သွယ်ရန်လိပ်စာကတော့ အမှတ်၂၃-ဘီ ၊နဝဒေးလမ်း၊ ဒဂုံမြို့ နယ်။ ဖုန်းနံပါတ်ကတော့ ၀၉-၇၇၈၁၇၀၁၇၇၊၀၉-၇၈၇၀၀၆၁၂၄နဲ့ ၀၉-၂၅၀၄၉၉၄၆၉ ပါနော်