Angry Potato @Cafe Genius 1057 views


ဒေါသထွက်နေသော အာလူး သို့ မဟုတ် Angry Potato

နေ့ လည် နေ့ ခင်း Heavy Food တွေစားချိန်လည်း မဟုတ်ဘူးဆိုတော့ ပေါ့ပေါ့ ပါးပါး စားစရာ ဒေါသထွက်နေတဲ့ အာလူးချောင်းကြော် အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ တော်ရုံ အာလူးချောင်းကြော်တွေ အကြော်အလှော်တွေ အက်မင်က ရှောင်ပေမဲ့ ဒီ တစ်ခုကိုတော့ အက်မင်မရှောင်နိုင်ခဲ့ပါဘူး ။

သူ့ ကို စတွေ့ တာက Cafe Genius မှာပါ ။ ကော်ဖီကြိုက်တဲ့ သူပီပီ ကော်ဖီဆိုင်တကာ လှည့်သောက်ရင် ၃၁ လမ်းထိပ် ၊ Trader Hotel ရှိတဲ့ အခြမ်းဘက်မှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာ သူနဲ့ ဆုံခဲ့ပါတယ်။ မီနူးမှာ တွေ့ တဲ့
နာမည်က Angry Potato ဆိုလို့  စိတ်ဝင်စားသွားပြီး မှာဖြစ်လိုက်တယ်။ အဲ့ဒီနေ့ မှာပဲ Crush ဖြစ်သွားပြီး ဒီဆိုင်လေးကို ရောက်တိုင်း မှာစားဖြစ်ပါတယ်။

အရသာ - သာမန်အာလူးချောင်းကြော်လို့  ထင်ရက်ပေမဲ့ အရသာက စပ်စပ်လေးနဲ့ တစ်ချောင်းပြီင်္း တစ်ချောင်း ကောက်ဝါးချင်နေအောင် နူတ်ကိုသွတ်စေပါတယ်။ ငရုတ်သီးမှုန့် ရယ် ၊ ကြက်သွန်ဖြူရယ် ထောင်ပြီး ထည့်ကြော်ထားတယ်လို့ ထင်ပါတယ်။ အနံ့ ကလည်း တော်တော်လေး မွှေးပြီး ခံတွင်းတွေ့ ပါတယ်။

ပြင်ဆင်မှု - ဇကောဝိုင်းဝိုင်းပေါက်စလေးပေါ်မှာ ဆီစုပ်စက္ကူလေးနဲ့ ထည့်ပေးထားပါတယ်။ ဆီတွေ အိုင်နေတာတွေ ဘာတွေ မရှိပါဘူး ။ ပြီးတော့ ချက်ချင်း ကြော်ပေးတာ ဖြစ်တဲ့ အတွက် ပူပူလေးနဲ့ စားလို့ ကောင်းပါတယ်။

ဈေးနှုန်း - ဒေါသထွက်နေသော အာလူးချောင်းကြော် တစ်ပွဲကို ၂၀၀၀ကျပ်ပါ ။ ဘော်ဒါတွေနဲ့ စကားလေး ဘာလေးပြောရင်း စားရင် ဘယ်လိုကုန်သွားမှန်းကို မသိဘူး ။ ရေနွေးကြမ်းလေး သောက်ပြီး စားရင် တယ်ကောင်း။ သူငယ်ချင်း သုံးယောက်လောက် ကော်ဖီလေး သောက်ရင်း Angry Potato စားရင် တကယ်ကို စကားပြောလို့  ကောင်းပါတယ်။( ဝါသနာပါရင် ပြိုင်စားကြည့် တရှူးရှူးနဲ့  ပျော်ဖို့  ကောင်းတယ်)

နောက်ကျမှ Cafe Genius က ကော်ဖီ အကြောင်းလေးတွေ မျှဝေပါအုံးမယ်လို့  ဒီကော်ဖီဆိုင်လေးက အက်မင်ကြိုက်တဲ့ ကော်ဖီဆိုင် တစ်ဆိုင်လည်း ဖြစ်ပါတယ်။

Fred ( MyLann)