သုံးပွဲတစ်သောင်းနဲ့နာမည်ကြီးနေတဲ့ တာမွေက Seafood ဆိုင်လေး 3212 views


အခုတလော သုံးပွဲတစ်သောင်းဆိုပြီး လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ Asia Seafood ဆိုတဲ့ဆိုင်ကို ဘော်ဒါတွေ သတိထားမိကြလားတော့မသိဖူး။ ကိုယ်တော့ ခဏခဏတွေ့နေတာနဲ့ အခုတော့မနေနိုင်လို့ ပိတ်ရက်အိမ်က မောင်နှမတွေအားလုံးကိုမြူစွယ်ပြီး အရောက်သွားခဲ့တယ်။ ဒီ Asia Seafood က ပင်လယ်စာအရမ်းကောင်း တယ် ဆိုပြီး နာမည်ကြီးနေတဲ့အပြင် ကိုယ်လဲဒီကိုခဏခဏရောက်ဖြစ်တယ်။ ဒီတစ်ခေါက်ကတော့ အရင်တစ်ခေါက်နဲ့ မတူတဲ့ Menu တွေတွေ့ခဲ့လို့ ဘော်ဒါတွေအတွက် ပြန်ရှဲပေးခဲ့ပါတယ်။

 

ဒီတစ်ခေါက်ကတော့ Asia Seafood မှာ ပင်လယ်စာတွေအပြင် အခြား ဝက်သားမီနူးတွေပါထပ်တိုးတာ တွေ့ခဲ့တယ်။ ဝက်စတူး၊ ဝက်ပိန်းဥပေါင်း၊ မြို့တော်နံရိုး အဲ့ဒါတွေအပြင် အခြားဝက်နဲ့ပတ်သတ်တဲ့ မီနူးတွေတော်တော်စုံစုံရတယ်။ ဒါတွေကတစ်ပွဲချင်းစီရသလို ကိုယ်တွေစားခဲ့သလို ဝက်လင်ဗန်းနဲ့ဆိုပြီးလဲ ရတယ်။ ဝက်လင်ဗန်းမှာတော့ အပေါ်ကသုံးမျိုးလုံးပါတယ်။ အဲ့ဒါကသုံးမျိုးဆိုပေမယ့် အနည်းဆုံးလေးယောက်ကနေ ငါးယောက်လောက်ထိစားလို့ရတယ်။

 

ဝက်ပိန်းဥပေါင်းဆိုရင်လည်း သုံးထပ်သားကိုမှ ပိန်းဥကြီးကြီးနဲ့ ပြန်ပေါင်းထားတာ။ အရသာကတော့ အချိုဘက်သွားပေမယ့် သိပ်တော့မအီဘူး။ မြို့တော်နံရိုးကတော့ နံရိုးကိုမှ ကြွပ်ကြွပ်လေးဖြစ်အောင် လုပ်ထားတယ်။ သူ့ဆော့စ်လေးကလည်း ချိုတဲ့ဘက်သွားတယ်။  ဝက်သားအသားများများလေးနဲ့ သူ့ရဲ့အနှစ်ကတော့ အချိုအပြင် အငံဓါတ်လေးပါပါတယ်။

 

အမှန်တော့ကိုယ်တွေအဲ့ဒီကိုသွားခဲ့တာ ပင်လယ်စာစားချင်လို့။ အိမ်ကဝက်ချစ်သူတွေပါတော့ အဲ့ဒါလေးပါစားခဲ့ တာ။ အပေါ်က ဝက်လင်ဗန်းလိုပဲ။ Seafood လင်ဗန်းဆိုတာလည်းရှိတယ်။ အဲ့ဒီမှာလဲ အမျိုးမည်(၃)မျိုးပါတယ်။ အဲ့ဒီမှာကိုယ်အကြိုက်ဆုံးကတော့ ပုစွန်ထောပတ်မွှကြော် …  ဟီး သူကမိုက်တယ်။ ကြက်ဥကိုမှ မွှမွှလေးဖြစ်အောင်ကြော်ထားတာ။ စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ ဆီလည်းထွက်လာတာမျိုးမရှိ ဘူး။ ပုစွန်အကောင်လိုက်ကိုမှ ချိုချိုလေးဖြစ်အောင်ကြော်ထားတာ။ အဲ့လေးကိုတော့ အက်မင်တော်တော်လေး သဘောကျတယ်။ နောက် ကင်းမွန်ချဉ်စပ်သုပ်။ ကင်းမွန်မာမာဆတ်ဆတ်လေးကိုမှ ချဉ်ချဉ်စပ်စပ်လေးသုတ်ထားတာ။ နောက် ငါးအသားလွှာချိုစပ်ဆိုရင်လည်း ငါးကိုမှ မုန့်နှစ်နဲ့ကြွပ်ကြွပ်လေးဖြစ်အောင် ကြော်ထားတယ်။ အရသာကတော့ ချိုစပ်လေးပဲ။

 

နောက် ဒီဆိုင်က ဂဏန်းမဆလာက ကိုယ်စားဖူးပြီးသားမို့ ဒါလေးတော့ဒီရောက်တိုင်းစားဖြစ်တယ်။ သူ့ရဲ့အနှစ်က ဒီတိုင်းစားလည်းမိုက်သလို ထမင်းနဲ့ နယ်စားလည်း စားကောင်းတယ်။ဂဏန်းကိုတော့ လက်အိတ်လေးစွပ်ပြီး အားရပါးရလေးဆွဲတော့ပဲ။ ဂဏန်းငရုတ်ကောင်းကတော့ ဘယ်လိုပြောရမလဲ ငရုတ်ကောင်းအရသာစူးစူးလေးနဲ့။ ပူစပ်သလိုမျိုးလေ။

 

ဒီမှာက အအေးကအခြားဟာတော့မရဘူး။ Can Drink တွေဘာတွေပဲရတယ်။

Delivery မှာချင်လည်းလိုက်ပို့ပေးတယ်။ တစ်ရက်ကြိုမှာရင်တော့အချိန်အတိအကျလာပို့ပေးတယ်တဲ့။ အဲ့လိုမှမဟုတ်ရင်တော့ သုံးနာရီလောက်ကြိုမှာလည်းရတော့ရတယ်တဲ့။ အကယ်၍ဆိုင်မှာစားဖို့ သွားရင်းနဲ့ သိပ်မစောင့်ချင်ရင် သွားနေတုန်း နာရီဝက်လောက်ပဲဖြစ်ဖြစ်ကြိုဆက်ပြီး ဟင်းပွဲတွေမှာထားလဲရတယ်။ အက်မင်တို့လည်း ဒီလိုပဲ။ အဲ့လိုဆိုတော့ သိပ်မကြာဖူးလေ။ ဗိုက်ဆာဆာနဲ့သွားရင် သိပ်စောင့်စရာမလိုဘူးပေါ့။

 

ဒါနဲ့ ပရိုမိုးရှင်းတစ်ခုရှိတာက သုံးပွဲ (၁၁၀၀၀)ဆိုတာ။ ပင်လယ်စာ(၂)မျိုးနဲ့ ကြက်(သို့)ဝက်ထဲကကြိုက်တဲ့ တစ်မျိုး။ သုံးမျိုးစားမှ (၁၁၀၀၀)။ အဲ့ဒါလေးတော်တော်တန်တယ်။ ကိုယ်ကမောင်နှမတွေကို အဲ့ဒါတွေဆွဲဖို့ မြူစွယ်ပြီးခေါ်သွားပေမယ့် အခုတော့ လင်ဗန်းတွေပဲဆွဲခဲ့ရတယ်။ ဒါလည်း မဆိုးပါဖူးလေ….:P စားရရင်ပြီးတာပဲ

ကိုယ်တွေမှာတာတော့များသွားတယ်။ လေးယောက်ကဘယ်လိုမှစားမကုန်လို့ ပါဆယ်တော့ထုတ်ခဲ့ရတယ်။

စိတ်ဝင်စားရင် တာမွေ၊ သမိန်ဗရမ်းလမ်းမပေါ်မှာရှိတယ်။ Orange Super Market ရဲ့ရှေ့မှာရှိတယ်။ 09-787810106, 09-783059013 ကိုဆက်သွယ်လို့ရပါတယ်။

 

Honey (MyLann)

#MyLann #Online_Food_Guide #Online_Restaurant_Directory  #Food_Review #Food

#Asian_Seafood #Seafood

#Honey_Foodie