August Food & Drinks 912 views


လှည်းတန်းကထိုင်လို့အရမ်းကောင်းတဲ့ August Food & Drinks ဆိုတဲ့ဆိုင်လေးအကြောင်း ပြောပြပေးမယ်နော့်…

အဲ့ဆိုင်လေးကလူငယ်တွေကြားမှာလဲနာမည်ကြီးနေတဲ့ဆိုင်လေးပါ ။ အဲ့မှာ Milk Tea, Ice Cream, Coffee, Italian Soda တွေရတယ် ပြီးတော့ Snacks တွေရတယ်. မနက် ၁၀နာရီလောက်မှာဆိုင်စဖွင့်တာ ဟန်နီသွားတုန်းက ဆိုင်ဖွင့်ခါစအချိန်ဆိုတော့ စောသေးတော့ အကြော်စားဖို့  အတွက်ဆီပူဖို့နည်းနည်းတော့စောင့်ခဲ့ရတယ်… ပြီးတော့ Grass Jelly Milk Tea ရယ်၊ Coconut Jelly Milk Tea နဲ့ Snacks အနေနဲ့ အာလူးကြော်နဲ့ Chicken Pieces တွေမှာလိုက်တယ်။ သူကဆိုင်ကအပေါ်ထပ်နဲ့အောက်ထပ်ဆိုပြီးနှစ်ထပ်ရှိတာ. ဟန်နီကတော့အပေါ်ထပ်မှာ ပဲသွားထိုင်လိုက်တယ်။ ဆိုင်ပုံစံ Decoration လေးကလဲမိုက်တယ်…

ထိုင်နေပြီး ငါးမိနစ်လောက်နေတော့ ဆိုင်ကအမတစ်ယောက်ကအအေးနှစ်ခွက် လာချပေးတယ်… ခွက်ကိုမြင်လိုက်တာနဲ့လူကဖျားချင်သွားတယ်… အခြားဆိုင်တွေကပုံမှန်ခွက်တွေထက်ကြီး ပါတယ် တကယ်ကိုအားရပါးရကြီးပေါ့နော်.. သောက်ရတာ။ အဲ့ဒါနဲ့ ပထမဆုံးသောက်လိုက်တာ Grass Jelly Milk Tea… အဲ့ဒါက ဆိမ့်ဆိမ့်လေး… သောက်ရတာတမျိုးလေး ခံစားလိုက်ရတယ်. Jelly ဖက်လေးတွေကလဲတုံ တုံလေး နဲ့စားလို့သိပ်ကောင်း… အအေးကလဲချိုပြီးတော့ အီမနေဘူး… ဆိမ့်ဆိမ့်လေး… အရမ်းသောက်လို့ကောင်းတယ်. သောက်ဖူးတဲ့ထဲအကြိုက်ဆုံးပဲ။ အဲ့ဒီ အအေးကို သောက်ရင်း ထိုင်နေတာ (၂)နာရီခွဲ (၃) နာရီလောက်ဖုန်းသုံးလိုက် လုပ်တာတောင်ပြန် တဲ့အထိမကုန်ဘူး.။ နောက်ဆုံးမသောက်နိုင်တော့တဲ့အထိဖြစ်သွားတယ်. အဲ့လောက်တောင်များတယ်. အဲ့ဒါကိုတစ်ခွက်မှ (၁၅၀၀)ကျပ်ထဲဆိုတော့။ ကဲ သောက်လို့လဲကောင်း၊ အများကြီးလဲပါတော့ နောက်တစ်ခါ သောက်ဖို့မငြင်းရက်တော့ဘူးလေကွယ်။

နောက်တစ်ခုက Coconut Jelly Milk Tea… သူလဲတူတူပဲ၊ ခွက်ကအကြီးကြီးပဲ အများကြီးပါတယ်… သူက Milk Tea ကိုမှ Coconut Jelly လေးထည့်ထားတာ.. သောက်ကြည့်တော့ အရသာကနည်းနည်းချိုတယ်. အုန်းနို့အရသာလိုမျိုးလေး. .. အချိုအရသာဘက်ကိုသွားထားတာဆိုတော့ အချိုကြိုက်တဲ့ဘော်ဒါတွေအတွက်တော့ စွန်းမိုက်တာပေါ့နော်… tongue emoticon

နောက် Snack တွေရောက်လာတော့ ပထမဆုံး Potato Fried… အာလူးကြော်လေးက ပါတာနည်းတော့နည်းတယ်. သူ့ခြင်းလေးနဲ့ မပြည့်တပြည့်လေးပဲပါတာ.. ဒါမဲ့စားလို့ကောင်းတယ်. အစပ်အဟပ်လဲတည့်တယ်… Sauce လေးတွေလဲထားပေးထားတော့ အဲ့လေးတွေနဲ့ တို့ စားတာ အရမ်းကောင်းပါတယ်…တစ်ပွဲမှ (၈၀၀)ဆိုတော့ တန်ပါတယ်။

နောက်ဆုံးတစ်ခုက Chicken Pieces… သူကတော့ ကြက်ကြော်တို့ထုံးစံအတိုင်း မုန့်နှစ်နဲ့ကြော်ထားတာ. အဲ့လိုပေမဲ့ သူလဲအရသာလေးကမဆိုးဘူး… ကြက်သားအသားတုံးလေးတွေကြီးကြော်ထားတာ.. အဲ့ကတော့ ခြင်းအပြည့်ပဲပါတယ်… စားရတာတန်တယ်လို့ပြောရမှာပဲ. အရမ်းမိုက်တယ် တစ်ပွဲမှ (၁၅၀၀)ပဲရှိတာပါ ဒီလောက်ဆိုမဆိုးဖူးပြောရမှာပဲနော်။

ဆိုင်မှာလာထိုင်တဲ့လူတွေကလဲလူငယ်တွေများတယ်… စာဖတ်တဲ့လူတွေလဲရှိတယ် အတွဲတွေလဲလာတယ် နောက် သူငယ်ချင်းတွေရော အစုံပဲ…သူက Snacks တွေထက်စာရင်Drinks တွေကပိုကောင်းတယ် ပိုရောင်းရတယ်တဲ့… နောက်ဆုံးပြောချင်တာကတော့ အရမ်းကိုအေးအေးဆေးဆေးရှိပြီး ထိုင်လို့ကောင်းတယ် ဈေးလဲတန်တယ်… ။

အဲ့ဆိုင်လေးက လှည်းတန်း ဂုံးကျော်တံတားအောက်နား၊ ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်မှာရှိတာပါ… Dmate စာရေးကိရိယာဆိုင်ဘက်အခြမ်း ရှေ့နည်းနည်းဆက်သွားရင်ရောက်ပြီ….. 09 794432830 အဲ့ဆိုင်ဖုန်းပါ… လိုလိုမယ်မယ်ယူထားလိုက်နော်။

Honey ( MyLann)