Aung Min Khant's Birthday & MyLann Staff Party at Agora 1445 views


MyLann သူငယ်ချင်းတို့ရေ၊ နည်းနည်းနောက်ကျနေပေမဲ့ အထူးတလည်ပျော်ရွှယ်ဖွယ်မွေးနေ့ပွဲလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ :) 
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၅) ရက်မှာ MyLann ရဲ့ Brand Ambassador ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုအောင်မင်းခန့်ရဲ့ မွေးနေ့ပွဲနဲ့ MyLann Staff ပါတီကို Agora Café & Restaurant ဆိုင်လေးမှာပျော်ပျော်ပါးပါကျင်းပခဲ့ပါတယ်။ Agora Café & Restaurant ကလည်း Customer ရဲ့လိုအပ်ချက်ကိုအကောင်းဆုံးဖြည့်ဆည်းပေးပြီး ပွဲလေးရဲ့ အပြင်အဆင် (Mexican Themed Decoration) ကိုတာဝန်ယူပေးထားခဲ့ပါတယ်။ ဒါအပြင် အထူးခြားဆုံးကတော့ Agora ရဲ့ Mexican အစားအစာတွေက တကယ် Mexico မှာစားရတဲ့အတိုင်း စီစဉ်ထားပြီး အထူးဝန်ဆောင်မှု ပေးထားပါတယ်။ ပွဲလေးမှာကျွေးခဲ့တဲ့ အစားအစာတွေကတော့ Tortilla Chips, Quesadillas, Guacamole, Salsa Roja, Corn Salsa, Pork Chops, Mashed Potato, Sautéed Vegetables နဲ့ Burrito တို့ပဲဖြစ်ပါတယ်။ 
သောက်စရာအနေနဲ့ကတော့ Mexican Cocktail တစ်ခုဖြစ်တဲ့ Margarita ကိုစီစဉ်ထားပေးခဲ့ပါတယ်။
Tortilla Chips ကဂျုံနဲ့အဓိကပြုလုပ်ထားတဲ့ Chips အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ကြွပ်ကြွပ်ရွရွ Tortilla Chips ကို ဆိမ့်ပြီး Healthy ဖြစ်စေတဲ့ 100% Natural ထောပတ်သီးကိုသုံးထားသော Guacomole၊ ခရမ်းချဉ်သီးအရသာနဲ့ ခပ်စပ်စပ်အရသာရှိတဲ့ Salsa Roja နဲ့တို့စားရတာဖြစ်ပါတယ်။
Burrito ကအသားတွေအများကြီးပါပြီးအရသာစုံလင်တော့ အစားအသောက်ကြိုက်တဲ့သူတွေအတွက်ကတော့ အဆင်ပြေတာပေါ့နော်။ Burrito ကတော့ Mexican Food ထဲမှာနာမည်ကြီးတဲ့ Taco ဆိုတဲ့ Tortilla ပြားအကြီးကြီးတစ်ချပ်ပေါ်မှာ ကိုယ်ကြိုက်နှစ်သက်ရာ အသားတွေ၊ အရွက်တွေနဲ့ Mexican Black Beans တွေထည့်ပြီးလိပ်ထားတာဖြစ်ပါတယ်။ ထူးခြားတာက ဆီနဲ့ ကြော်လှော်ထားတာမဟုတ်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဘယ်လောက်အရသာရှိလိုက်မလဲဆိုတာ ဓာတ်ပုံထဲမှာသာကြည့်ကြည့်ပါတော့။ 
ဒီလိုအရသာရှိတဲ့ Mexican Food တွေစားပြီး Bar ကောင်းကောင်း ထိုင်ချင်တဲ့ MyLann သူငယ်ချင်းတွေကတော့ Agora Café & Restaurant ကိုသာအရောက်လှမ်းလိုက်ပါတော့နော်။

Agora Café & Restaurant
No. 84, Kanbe Main Road (Opposite of Yankin Children Hospital)
အမှတ် (၈၂)၊ ကန်ဘဲ့လမ်း (ရန်ကင်းကလေးဆေးရုံရှေ့)
Phone: 0930198968

For more details, click the following link :)
http://www.mylann.com/yangon/places/detail/agora

MyLann - online restaurant directory guide for Yangon