တောင်ဥက္ကလာက အောင်သီဟဆိုတဲ့ ရှမ်းဆိုင်လေး 818 views


တောင်ဥက္ကလာ နားရောက်တာနဲ့ အဲ့နားက ‪#‎အောင်သီဟ‬ ဆိုတဲ့ဆိုင်လေးကိုသွားချင်ပြန်ရော။ အဲ့ဆိုင်ကိုလဲခဏခဏရောက်ဖြစ်ပါတယ်။ ဒီတခေါက်တော့ဆိုင်ရဲ့အတွင်းပိုင်းကို ၀ါးခေါင်မိုးလေးတွေနဲ့ အလှဆင်ထားတာကိုတွေ့ရတယ်။ ထူးထူးဆန်းဆန်းလေးပေါ့နော်၊ ခုံဝိုင်းလေးတွေရဲ့အပေါ်မှာဆိုတော့ ထိုင်ရတာ ၀ါးရိပ်လေးနဲ့အေးနေတာပေါ့။ အဲ့ဆိုင်ကရှမ်းအစားအစာတွေ၊တရုတ်အစားအစာတွေက ကောင်း တယ်။ ဒီတခေါက်တော့ နေ့လည်စာစားချိန်ရောက်သွားတာဆိုတော့ အပီအပြင်ကိုဆွဲခဲ့တယ်။

မှာစားဖြစ်ခဲ့တာတွေက

‪#‎ကြက်စပါးလင်ဟင်း‬။ အဲ့မှာဆိုရင် စပါးလင်အဓိကပါတယ်၊ ကုန်းဘောင်ကြီးကြော်လို သဘောမျိုးပဲ ရှောက်ဘီလူးရွက်လဲပါတော့ အနံ့လေးလဲသင်းနေတယ်၊ ဂျင်း၊ငရုတ်သီး၊ကြက်သွန်နီတွေပါတာ တွေ့ရတယ်။ အရသာကအစပ်လေး၊ စပါးလင်ရှရှလေးကိုစပ်ထားတယ်။ ဆိုင်မှာအရောင်းရဆုံးဟင်းပွဲထဲတစ်ပွဲ ပါတဲ့။ နောက် ဟန်နီမှာစားခဲ့တာကကြက်သားနဲ့။ အခြား ပင်လယ်စာနဲ့ရော ၀က်သားနဲ့လဲရနိုင်ပါတယ်တဲ့ရှင်။ သူကတော့တစ်ပွဲ (၃၅၀၀)ပါ။

နောက်တစ်ခုက ‪#‎ကြက်မုန်ညင်းချဉ်ကြော်‬။ မုန်ညင်းနဲ့ပဲအဓိကကြော်ထားတာ။ အရသာကချိုချဉ်လေး။မုန်ညင်းကြိုက်တဲ့သူတွေအတွက်ပြောပြပေးထားတယ်နော်။ သူကလဲတစ်ပွဲ (၃၅၀၀)ပါ

နောက် ‪#‎၀က်စဉ်းကောလုံး‬။ ၀က်သားကို စပါးလင်၊ ကြက်သွန်မြတ်တွေနဲ့ စင်းကောလုံးပီးကြော်ထားတာ။ အချဉ်လေးနဲ့တို့စားလို့အရမ်းကောင်းပဲ။ တစ်ပွဲကို (၃၀၀၀)။ အဲ့မှာ ၀က်သားလုံး (၉)လုံးလောက်ပါတယ် ဟီးဟီး ဟန်နီတို့တော့စားလို့ကောင်းလို့လုစားနေတာ နှစ်ယောက်ထဲစားတာတောင် ဝေပုံမကျဘူး။

နောက် ‪#‎၀က်လုံးဟင်းရည်‬။ ဟန်နီတို့ပုံမှန်သောက်နေကျကျတော့ ငါးဖယ်လုံးဟင်းရည်ပေါ့နော်။ ဒီမှာကကျတော့ ၀က်သားလုံးကိုပဲပင်ပေါက်၊ တရုတ်နံနံတွေနဲ့ ချက်ထားတာ။ အရသာလေးကအချိုအရသာလေး။ အခြားအမဲလုံးဟင်းရည်လဲရတယ်။ သူကတစ်ပွဲကို (၃၀၀၀)တဲ့။

နောက်ဆုံးတစ်ခုက ‪#‎၀က်နံရိုးထမင်းပေါင်း‬။ ဟန်နီ့အကြိုက်ဆုံးပေါ့နော်။ ၀က်နံရိုးကိုမှကြွက်နားရွက်၊ ရှောက်ကော၊ထန်းလျက်၊တရုတ်မဆလာလေးလဲပါတော့အနံ့လေးကမွှေးပြီးစားလို့ကောင်းမှကောင်း။အရသာကတော့အချိုဘက်ကိုသွားတယ်။ ငုံးဥလေးဒေလဲပါတယ်။ သူကတစ်ပွဲကို (၃၀၀၀)။

အဲ့ဆိုင်က အချိုမှုန့်မသုံးပဲ အချိုအရသာအတွက် သကြား၊ ထန်းလျက်၊ တရုတ်မဆလာ၊ ဟင်းခတ်အမွှေးကြိုင် တွေပဲသုံးထားလို့ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဟင်းပွဲတွေကကျတော့ မှာမှချက်တာဆိုတော့ ဟန်နီတို့တော့ (၁၅)မိနစ်လောက်ပဲစောင့်ရပါတယ်။ ဒါပေမဲ့ လူကျတဲ့အပေါ်မှာလဲမူတည်သေးတာပေါ့နော့်။ လူများရင်တော့ နဲနဲလေးပိုစောင့်ရမှာပေါ့။

ဆိုင်က မနက် (၈း၀၀)ကနေ ည (၈း၃၀) ထိဖွင့်တယ်။ လိပ်စာအပြည်အစုံကတော့.. အမှတ် (၃၅၄) သုမင်္ဂလာလမ်း၊(၉) ရပ်ကွက်၊တောင်ဥက္ကလာမှာပါရှင်။ ဖုန်း ၀၉-၇၈၆၃၁၈၀၇၄ ကိုလည်း အသေးစိတ်မေးမြန်းလို့  ရပါတယ်

ဒီတခေါက်တော့ ဟန်နီရဲ့ အစပ်မကြိုက်တဲ့ဘော်ဒါတွေအတွက် ဟင်းပွဲတွေကို အချိုအရသာလေးတွေ မှာစားပေးခဲ့တယ် နော်…။

Honey (MyLann)

‪#‎MyLann‬ ‪#‎FoodieMyanmar‬ ‪#‎FoodinYangon‬ ‪#‎ShanFood‬
‪#‎AungThiha‬