သုမင်္ဂလာလမ်းပေါ်က အောင်သီဟ ရှမ်းဆိုင်လေးပါ 703 views


မင်္ဂလာပါ Mylann မိတ်ဆွေတို့  ရေ

ရှမ်းစာ ကြိုက်သူများအတွက် ဆိုင်ကောင်းလေး တစ်ဆိုင်ကို မျှဝေပေးလိုက်ပါတယ်။ တောင်ဥက္ကလာမြို့ နယ် ၊ သုမင်္ဂလာလမ်းပေါ်က အောင်သီဟ ရှမ်းဆိုင်လေးပါ။ နံနက်စာ စားမယ်ဆိုရင် ဘာတွေကောင်းလဲ ဆိုတော့..

# တို့ ဟူးနွေး
အဓိက အဲ့အစားအစာ ရဲ့  အရသာ ဟာ တိုဟူးအနှစ်အစပ်အဟပ်ပါ။ အသား မပါပဲသူ့ အရသာ က အလိုလိုအရသာရှိနေတာပါ။ဆိုင်ပုံမှန် ရောင်းပွဲမှာတော့ အသားမပါပဲ ပြင်ပေးတာပါတဲ့။ဒါမှ တိုဟူးရဲ့ အရသာ ကိုပို ပြီးခံစားနိင်အောင်ပါ။ အသားနဲ့ ကြိုက်တဲ့သူတွေအတွက်လည်း အသားပါစားချင်ရင် ထည့်ပေးပါတယ်လို့ ပြောပါတယ်။

‪#‎ရှမ်းခေါက်ဆွဲ‬
ဒါကတော့ သူငယ်ချင်းမှာစားတာပါ။ ထုံးစံအတိုင်း MyLann မိတ်ဆွေတွေကို ဝေမျှဖို့ ယူ မြည်းရတာပေါ့နော်။အရသာထူးထူးခြားခြားလေးဖြစ်နေတော့ ဆိုင်ရှင်ကို မေးမိပြန်ပါရော။ အဖြေက တော့ သူများနဲ့မတုပဲ ပဲငါးပိ ထည့် ထားတာပါ။ ပဲငါးပိ အရသာရယ် ကန်စွန်းရွက်လေးပါပါတော့ အရသာရှိတဲ့စားသောက်ဖွယ်ရာဖြစ်သွားတာပေါ့နော်။

‪#‎ငါးထမင်းချဉ်‬
သူလည်း အရသာ ကောင်းမွန်နေတာပဲ။ ထမင်းနဲ့ ငါးကို ရောနယ်ပြီး အပေါက ကြက်သွန်ကြော်လေးတွေရယ် ဂျူးးမြစ်လေးတွေဝန်းရံထားတော့ ဘယ်လိုပြောရမလဲ ကောင်းမှကောင်းပေါ့နော်။ တစ်ပွဲမှာ ၂လုံးပါတော့ သူငယ်ချင်း နှစ်ယောက် အဝေမျှ သွားတာပေါ့လို့ ။

‪#‎ကြက်သားဖက်ထုပ်ကြော်နှင့်‬ တိုဟူးကြော်

အစားအသောက်ကောင်းကောင်းဆိုတာ စားပြီးရင်းကို မဝနိုင်တာပါ။ ဒါနဲ့ပဲ တစ်ပွဲမှာ ၅ခုပါပြီး မန်ကျည်းသီးအနှစ်အချဉ်လေးနဲ့  စားရတဲ့ ကြက်သားဖက်ထုပ်ကြော် ရယ် တစ်ပွဲမှာ ၁၅ခု ပါတဲ့တိုဟူးကြော် တွေထပ်မှာစားကြပါတယ်။ ကြက်သားကို အစာသွတ်ထားတဲ့  ဖက်ထုပ်ကြော် လေးက အရမ်းစားကောင်းတာပါ။ အနေတော် ကြော်ထားတဲ့ တိုဟူးကြော်လေးကလည်း ဆီသန့် သန့် လေးနဲ့ မို့ လားမသိ စားလို့ ကောင်းပြန်ရော။ ထူးထူးခြားခြား ကောင်းနေတာလေးကတော့ ဆိုင်ရဲ့  ရှမ်းအချဉ်ရယ် အကြော်တွေနဲ့ တွဲဖက်စားရတဲ့  မန်ကျည်းသီးနှစ် အချဉ် လေးပါ။

ထူး မိတ်ဆက်ပေးခဲ့တာတွေ အားလုံး ဘာပဲစားစား တစ်ပွဲမှ ၁၀၀၀ကျပ်ထဲပါ။ သန့် ရှင်းပြီး အရသာလည်း ကောင်း တော့ MyLann မိတ်ဆွေတို့ ကို ဝေမျှ ပေးရတာပါ။

ဆိုင်နာမည်က အောင်သီဟ ရှမ်းရိုးရာ စားသောက်ဆိုင်ပါ။ လိပ်စာအပြည်အစုံကတော့.. အမှတ် (၃၅၄) သုမင်္ဂလာလမ်း၊(၉) ရပ်ကွက်၊တောင်ဥက္ကလာပမြို့ နယ်မှာပါနော်။ ၀၉-၇၈၆၃၁၈၀၇၄ ကိုလည်း အသေးစိတ်မေးမြန်းလို့  ရပါတယ်။

Htoo Htoo ( MyLann)