Australia on the menu 2016 @ Park Royal Hotel 583 views


နေစဉ်စားနေတဲ့ အစားအစာတွေမှာ အသားဟင်းလို့  တွေးမိလိုက်တာနဲ့  ကိုယ်တွေ စားဖြစ်တဲ့ အသားတွေက ကြက်သားနဲ့  ဝက်သားပေါ့။ သိတဲ့အတိုင်း ကိုယ်တွေနိုင်ငံက လက်မှု လက်ယာစိုက်ပျိုးရေး ကို အခြေခံတဲ့ နိုင်ငံဆိုတော့ တစ်ချိုတွေက အမဲသား စားတာကို ရှောင်ကြတယ်။ အကြောင်းက ကျွဲ ၊ နွားတွေက ကျနော်တို့ ရဲ့ ထမင်းရှင် ဆိုပြီး အလေးထားမှု နဲ့ ပါ။ ဒါပေမဲ့ ကမ္ဘာအနှံမှာလည်း ကိုယ့်ယဉ်ကျေးမှု ကိုယ် ဓလေ့နဲ့ ရှိကြတော့ အမဲသားကို နည်းအမျိုးမျိုး အကြောင်းပြချက် အမျိုးမျိုးနဲ့  စားသုံးတဲ့သူတွေ ရှိကြတာတော့ လက်ခံရမှာ ဖြစ်ပါတယ်။ အနောက်တိုင်း နိုင်ငံတွေမှာတော့ အသား (Red Meat )တွေ ဖြစ်တဲ့ အမဲသား နဲ့ သိုးသားကို ချက်ပြုတ်နည်းမျိုးစုံနဲ့  စားသုံးတက်ကြတယ်။ ဥပမာ Steak ဟင်းလျာဆိုရင်လည်း အမျိုးမျိုးပြင်ဆင်လို့  ကိုယ်နှစ်သက်ရာ အသားအစိတ်အပိုင်းတွေ ကို မကျက်တကျက် ၊ မနူးတနူး ၊ အကျက်ချက် စသဖြင့် ရွေးချယ်စားတက်ကြတယ်။

Steak ကောင်းကောင်းတစ်ပွဲဆိုတာလည်း ဈေးလည်း အတော်အတန်ရှိပြီး ကွာလတီကောင်းတဲ့ အသားကို ထည့်သွင်းပြင်ဆင်ပေးထားလို့  စားရတာလည်း နူးညံ့မှု နဲ့ ကျေနပ်မှု ရှိစေတယ်။ ပြီးတော့ ဝိုင်ကောင်းကောင်းလေး တစ်ခွက်ပါ ထည့်သွင်းလိုက်ရင် အကောင်းဆုံး ညစာလေး ဖြစ်စေတယ်လေ။

ဒါနဲ့ စကားမစပ် ပြီးခဲ့တဲ့ ရက်တုန်းက သြစတေးလျ သံရုံးက ဖိတ်ကြားမှုနဲ့  Park Royal မှာလုပ်တဲ့ “ Australia on the menu 2016” ဆိုတဲ့ ပွဲလေးကို MyLann အဖွဲ့ သားတွေ တက်ရောက်ခဲ့တယ်။ ဒီပွဲလေးကတော့ သြစတေးလျနိုင်ငံက တိုက်ရိုက်တင်သွင်းမဲ့ လတ်ဆန်သန့် ရှင်းတဲ့ အမဲသား ၊ သိုးသား တွေရဲ့ အရသာ ကို မိတ်ဆက်ပေးခဲ့တာပါ။ပွဲစစချင်းမှာ မြန်မာနိုင်ငံက သြစတေးလျ သံအမတ်ကြီး Nicholas Coppel က ဒီပွဲလေးနဲ့ ပတ်သက်ပြီး ဖွင့်လှစ်အမှာစကားပြောပါတယ်။ တက်ရောက်တဲ့ သူတွေကလည်း စားသောက်ဆိုင် ပိုင်ရှင်တွေ ၊ ဟိုတည်ပိုင်ရှင်တွေ ၊ မီဒီယာနဲ့ ကိုယ်တွေလို အစားအသောက် ဆိုင်ကောင်းကောင်းလေးတွေကို လမ်းညွန်ပေးလေ့ရှိတဲ့ Food Blogger တွေကို သီးသန့် ဖိတ်တဲ့ ပွဲလေးပါ။

ဟိုရောက်သွားတော့ ပွဲမစခင်လေးမှာ ချိစ် နဲ့ ပေါင်မုန့် ချောင်းလေးတွေတည်ခင်ပေးပါတယ်။ အရသာကို မြည်းကြည့်တော့ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ သုံးထားမှန်း သိသာတယ်။ ချိစ်ကလည်း သုံးမျိုးလောက် ထည့်ပေးထားပြီး အနောက်တိုင်း နိုင်ငံတွေမှာ ပါတီလုပ်ရင် ဝိုင်တို့  နဲ့ တည်ခင်းလေ့ရှိတဲ့ ချိစ်ပြားလေးတွေပါ။ Mixed လုပ်ထားတဲ့ Cheese အတုံးလေးမှာကတော့ အထဲမှာ သစ်ကြားသီးတွေ စပျစ်သီးခြောက်တွေ ထည့်ပြီး လုပ်ထားတာလေးပါ။
ဒီလိုနဲ့ Aussie Meal တွေကို စတင် တည်ခင်ပေးပါတယ်။ First Plate ကတော့ Salmon ငါးဟင်းပါ။ နောက် beef Streak ဟင်းပွဲ ၊ Lamb Steak တစ်ပွဲနဲ့ နောက်ဆုံး Dessert အဖြစ် Cracker နှစ်ခုကြားမှာ သစ်သီးနဲ့ Serve လုပ်ထားတဲ့ ဟာလေးမြည်းပြီးတော့ ပွဲလေးကို အဆုံးသတ်ခဲ့ပါတယ်။ ပွဲစကထဲက ဝိုင်နီ ၊ ဝိုင်ဖြူကို ကြိုက်သလောက်သောက် လုပ်ထားပေးတဲ့အပြင် Steak စားတဲ့ အခါမှာ ဝိုင်အနီလေးနဲ့ တွဲဖက်မြည်းစမ်းဖို့ လုပ်ပေးထားတာက Steak အရသာကို ပိုပြီး ခံစားမိစေပါတယ်။ MyLann အဖွဲ့ သားများအတွက်ကတော့Steak နဲ့ ဝိုင်ကို သုံးဆောင်ရင်း ပျော်ရွင်စရာ ကောင်းတဲ့ ညနေခင်းလေး ဖြစ်ခဲ့ပါတယ်။

မကြာခင်မှာလည်း ဒီလိုအရသာရှိတဲ့ သြစတေးလျနိုင်ငံက တိုက်ရိုက်တင်သွင်းတဲ့ အသားတွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ဖို့  Market Place , City Mart တို့ မှာ ရောင်းချပေးသွားမှာ ဆိုတဲ့ အကြောင်းလေး လည်း သတင်းစကားပါးလိုက်ပါတယ်။

MyLann