Bamboo Korea BBQ 1200 views


ကိုရီးယားခရေဇီတွေအတွက် ကိုရီးယားအရသာစစ်ကိုခံစားစေမဲ့ Bamboo Korea BBQ

ဒီဆိုင်လေးကဖွင့်တာမကြာသေးဘူး၊ (၂)ပတ်လောက်ပဲရှိပါသေးတယ်။ ဆိုင်ရဲ့ Decoration လေးက ရိုးရှင်းပြီး ၀ါးလုံးလေးတွေနဲ့ လုပ်ထားတော့ အမြင်အေးအေးလေး၊ ရိုးရှင်းပြီးအေးဆေးတဲ့အနေအထားလေးပါပဲ။ အဲ့ဆိုင်ရဲ့ထူးခြားတာလေးက ကိုရီးယားအရသာပေါ်အောင် ကိုရီးယားကဆရာတွေကကိုယ်တိုင်လာသင်ပေး ထားပြီး မြန်မာပါးစပ်နဲ့ လည်းစားလို့ရအောင် ပြန်ပြီးပြုပြင်မွမ်းမံထားတဲ့အရသာလေးပါ။ နောက်ပြီး အဓိကက အကင်ပေါ့နော်၊ အဲ့ဒီအပြင်အခြား ခေါက်ဆွဲပြုတ်၊ ထမင်းသုတ်၊ ကင်ချီဟင်းရည် စတဲ့ ကိုရီးယားအစားအစာ တွေအစုံရနိုင်ပါတယ်။

အကင်ဆိုရင် ၀က်သား(၅)မျိုး၊ ကြက်သား (၂)မျိုး နဲ့အမဲသား (၂)မျိုး ဆိုပြီးတော့ရှိပါတယ်။ အဲ့ဒီမှာ ဟန်နီတို့ စားခဲ့တာကျတော့ ၀က်ဂုတ်သားကင် နဲ့ ၀က်သုံးထပ်သားကင်ပါ။ Sauce အနှစ်တွေဘာတွေနဲ့ နယ်ပြီးတော့ အရသာပြန်စပ်ထားတယ်၊ နောက် ၀က်သားက စားရတာ စားနေကျပုံစံမျိုးမဟုတ်ပဲ အိ နေတာပဲ။ ဆိုင်ကိုမေးကြည့်လိုက်တော့ သူက ပန်းသီးကိုကြိတ်ပြီး ရတဲ့အရည်နဲ့ နယ်ထားလို့ပါဆိုတော့ ဟန်နီတို့ ပုံမှန်စားနေကျအရသာကနေ တစ်မျိုးလေး ကွဲထွက်သွားသလို လေးဖြစ်သွားတယ်။ အဲ့ဒီမှာပါတဲ့ ငရုတ်သီးအနှစ်ကလဲ အရသာ တော်တော်ကောင်း။ ပုံမှန်စားနေကျအကင်အရသာ လို မဟုတ်ဘဲ ကိုရီးယားစတိုင်စားချင်တဲ့သူတွေအတွက် တကယ်အရသာကောင်းလေးတစ်ခုပါ။ ၀က်ဂုတ်သားကင်ရော ၀က်သုံးထပ်သားကင်ရောက တစ်ပွဲ (၅၀၀၀)ဆီပဲရှိတယ်ဆိုတော့ တန်တယ်လို့ပြောရမှာပဲနော့။

နောက်တစ်ခုက ‪#‎Korea_ခေါက်ဆွဲပြုတ်‬။ အဲ့ဒါကို ဟန်နီနဲနဲစပ်စုကြည့်တော့ ကိုရီးယားငရုတ်အနှစ်မှုန့်နဲ့ အသီးအရွက်တွေကို အရင်လှိမ့်။ ပြီးတော့ ရေထဲ့၊ ဆူလာပြီဆိုတော့မှ ခေါက်ဆွဲကိုထည့်ပြီးပြုတ်တာဆိုတော့ ဟန်နီတို့မြန်မာတွေနဲ့ ခေါက်ဆွဲပြုတ်တဲ့နည်းက ပြောင်းပြန်လိုတောင်သွားဖြစ်နေတာပေါ့နော်။ ချဉ်ချဉ်စပ်စပ် ပူပူလေးနဲ့ဆိုတော့ ဟန်နီအကြိုက်ပဲပေါ့ :P ကိုရီးယားကားကြည့်ပြီး သူတို့နဲ့စားတာချည်းကြည့်နေစရာမလို တော့ဖူးနော့၊ ကိုယ်တွေလဲ သူတို့နဲ့ ပြိုင်စားလို့ရနေပြီ လို့…..:P အဲ့ကတစ်ပွဲ (၄၀၀၀) ပါ။ အဲ့ဒါကတော့အသားမပါ ပဲနဲ့ပါ၊ ကြက်သား ဒါမှမဟုတ် ၀က်သားထည့်ချင်ရင်တော့ တစ်ပွဲ (၅၀၀၀) ပါ။

ထပ်ပြီးတော့မှ ‪#‎ကင်ချီဟင်းရည်‬။ ကိုရီးယားအကြောင်းပြောမယ်ဆို ကင်ချီ ပါမှပြည့်စုံမှာနော့။ ဘော်ဒါတွေထဲမှာ လဲ ကင်ချီကြိုက်တဲ့သူဘယ်နှယောက်လောက်ပါမလဲမသိဖူး :D သူက ကင်ချီနဲ့ ပဲပြားကိုအဓိကထားပြီး ချက်ထားတာ။ ပူပူချဉ်ချဉ်အရသာလေးပေါ့နော်၊ အကင်လေးစားလိုက် ဟင်းရည်လေးသောက်လိုက်နဲ့ အဲ့ဒါအပြင် ဆိုင်က ကိုရီးယားသီချင်းလေးတွေဖွင့်ပေးထား၊ ပြီးတော့ ၀ါးလေးတွေနဲ့လုပ်ထားတဲ့ Decoration တွေကြောင့် ဟန်နီကိုယ်တိုင်တောင်ကိုရီးယားရောက်သွားသလိုပဲ နော့်… :P သူကကျတော့ ဟန်နီစားတာ အသားမပါဘူး တစ်ပွဲ (၄၀၀၀ကျပ်) ပါ။ ကြက်သားနဲ့ ၀က်သားတစ်မျိုးမျိုးကိုထည့်စားချင်ရင်တော့ (၅၀၀၀ ကျပ်) ပါ တဲ့။

စားပြီးတော့ အအေးလေးတစ်ခွက်တော့သောက်ခဲ့သေး။ Ice Lemon Tea သူကတော့ ပုံမှန်ဟန်နီတို့ သောက်နေကျအတိုင်းပါပဲ။ တစ်ခွက်ကို (၁၅၀၀ကျပ်)ပါ။ Information တစ်ခု Share ပေးချင်တာက အဲ့မှာ အကင်ချည်းပဲသီးသန့် စားချင်တဲ့သူတွေအတွက်လဲ Buffet စနစ်လေးလဲလုပ်ပေးထားတာပါ။ ပင်လယ်စာမပါပဲ ၀က်သား(၅)မျိုး၊ ကြက်သား(၂)မျိုးနဲ့ အမဲသား(၂)မျိုး အဲ့တာတွေကို ကြိုက်သလောက်မှာစား၊ အချိန်အကန့်အသတ်မရှိပဲတစ်ယောက်ကို (၁၁၀၀၀ ကျပ်) ထဲနဲ့ စိတ်ကြိုက်ဆွဲလို့ရမှာပါ။ ပြီးတော့ထမင်းနဲ့တွဲစားချင်တဲ့သူတွေအတွက်လဲ ထမင်းလေးတွေပြင်ဆင်ပေး ထားတယ်။

အကင်နဲ့တွဲစားဖို့အတွက်လဲ ကင်ချီရယ်၊ အာလူးကိုထောင်းထားတာလေးရယ် အပြင်အခြား Sauce တွေကိုလဲ Slide Dish အနေနဲ့ထားပေးထားတယ်။ မလောက်ရင်လဲထပ်တောင်းလို့ရတယ်။ နောက်တစ်ခုက အချိုမှုန့်လုံးဝမသုံးပဲ ကြက်သားမှုန့်၊ ငါးမှုန့်၊ ၀က်သားမှုန့်နဲ့ သကြားတွေကိုပဲ သုံးထားတယ်၊ အသားတွေကလဲ လတ်လတ်ဆတ်ဆတ်ရှိလို့ ကျန်းမာရေးလဲညီညွတ်မှုရှိပါတယ်။ ဟန်နီတို့ Bill ရှင်းတော့ နှစ်ယောက်အဝတွယ်တာ စုစုပေါင်း (၁၉၅၀၀ ကျပ် ) ပဲ ကျပါတယ်။ Service Charges 10% နဲ့ပေါင်းတော့ တစ်ယောက်ကို ပျမ်းမျှ ၁၀၀၀၀ ကျပ် လောက်ပဲကျတယ် ဆိုတော့အဆင်ပြေတာပေါ့နော်၊ ဗိုက်ကားအောင်လဲစားရတယ်လေ…. ဟီး :P

အဲ့ဆိုင်လေးကဆိုင်သစ်ဆိုတော့ သိပ်တော့သိကြအုံးမှာမဟုတ်လောက်ဘူးရှင့်။ ဆိုင်က အမှတ် 26, ဝေဇယန္တာလမ်းမကြီး၊ တောင်ဥက္ကလာမှာပါ။ ရတနာမီးပွိုင့်နဲ့ ပြည်သာယာမီးပွိုင့်ကြား ဝေဇယန္တာလမ်းမကြီးပေါ်၊ သီရိဂုဏ်အိမ်ရာမျက်စောင်းထိုးမှာပဲရှိတာပါ။ 09 5139913 ကိုဆက်သွယ်ပြီးတော့လဲမေးမြန်းနိုင်ပါတယ်ရှင်။ Reserve လဲလုပ်လို့ရပါတယ်တဲ့ရှင်။ မွေးနေ့ပွဲလုပ်ချင်တဲ့သူတွေအတွက်လဲ VIP အခန်းရှိတယ်တဲ့နော့်….။

ကဲ.. ကိုရီးယားချစ်သူတွေရေ….. ကိုရီးယားစတိုင် အကင်နဲ့ အစားအစာတွေကို ကိုရီးယားကားကြည့်ြ့ပီး သွားရေကျစရာမလိုပဲ သူတို့နဲ့ အပြိုင်လိုက်စားနိုင်ဖို ရှယ်လိုက်ပါတယ်။

Honey ( MyLann)