စိတ်ကူးယဉ်ကြည့်သလောက် Date Night တိုင်း ရိုဆန်နိုင်စေဖို့ WHERE WOULD YOU GO FOR DATES IN YANGON? 1645 views


စားသောက်ဆိုင်တွေကလည်း အရမ်းပေါလာပြီ ။ ညွန်းသူများကလည်း အများကြီးဆိုတော့ တစ်ခါတစ်လေ ဘယ်သွားရင် ကောင်းမလဲ ဆိုတာတောင် စဉ်းစားရခက်လာပြီ ။ သွားပြီး ခုံရပါ့မလား ။ လူအရမ်းများပြီး အလုပ်က လူတွေပြန်တွေ့နေမှာလား ။ ကောင်မလေးကို မေးတော့လည်း မသိဘူးလေ ဆိုတဲ့ ပုံမှန်အဖြေရမှာ သေချာပေမဲ့ ကောင်လေးတွေ ကြိုက်တဲ့ဆိုင်မျိုးကို မိန်းကလေးတွေ တော်ရုံ မကြိုက်တတ်ဘူးဆိုတော့ တစ်ခါတစ်လေ ကောင်းကောင်းမွန်မွန်လေး သွားကြမယ် ဆိုရင် စဉ်းစားရခက်လိမ့်မယ် ထင်ပါတယ် ။ ဒီထဲမှာ ညွန်းထားတာတွေက မိသက် အရွယ်နှင့် နီးစပ်တဲ့ သူများအတွက်ဆိုရင်တော့ ပိုပြီး သင့်တော်မယ် ထင်ပါတယ် ။ ၂၇နှစ်မှာ သွားချင်တဲ့ ထိုင်ချင်တဲ့ ဆိုင်များ သွားဖြစ်တဲ့ ဆိုင်များထဲက ရွေးရေးထားတာ မို့လို့ မိသက် မရောက်ဖူးဘဲ ဒီထက်ပိုကောင်းတဲ့ နေရာများလည်း ရှိဦးမယ် ထင်ပါတယ် ။

 

စိတ်ကူးယဉ်ကြည့်သလောက် Date Night တိုင်း ရိုဆန်နိုင်စေဖို့ WHERE WOULD YOU GO FOR DATES IN YANGON? တစ်ရက်နဲ့ တစ်ရက် စိတ်ခံစားမှုချင်း မတူတော့ တစ်ချို့ရက်တွေမှာ အေးအေး ဆေးဆေးလေး နေချင်တယ် ။ တစ်ချို့ရက်တွေမှာ ပျော်ချင်တာပေါ့ ။

 

A NIGHT UNDER THE STAR – ATLAS BAR တိတ်ဆိတ်တဲ့ ပာုမ်းလမ်းကြား (အာရှတော်ဝင် မျက်နှာချင်းဆိုင်လမ်း) Uniteam Building ရဲ့ အပေါ်ဆုံးထပ်က Bar လေးပေါ့ ။ လေတစ်ဖြူးဖြူး သီချင်းသံ ဆူညံမနေဘဲ စကားပြောရင်း ကြယ်တွေမော့ကြည့်ချင်တယ်ဆိုရင် ဒီနေရာလေးက အသင့်တော်ဆုံးပါ ။ လေက အမြဲတိုက်လို့ မိန်းကလေးများ အနွေးထည်ဖြစ်ဖြစ် ပဝါလေး ဖြစ်ဖြစ် ယူသွားစေချင်တယ် ။ Drinks တွေကတော့ ၆၀၀၀ ကျပ်ဝန်းကျင်လောက်မှာ ဖြစ်မယ် ထင်ပါတယ် ။

 

IF SHE LIKES GOOD MUSIC – ECLIPSE BAR ဗီယက်နမ် ကောင်မလေးတွေ သီချင်းအမြဲဆိုတဲ့ Eclipse Bar စင်နဲ့အရမ်းကြီးနီးတဲ့ နေရာမရွေးပါနဲ့ စကားပြောလို့ အဆင်မပြေနိုင်ပါဘူး။ Booking လုပ်ဖို့ လိုပါလိမ့်မယ် ။ လူများပြီးခုံမရတတ်ပါဘူး ။ သောကြာ စနေ တနင်္ဂနွေ ဆိုရင် အလုပ်က လူတွေကော အသိတွေကော အမျိုးတွေကောတွေ့ရတတ်လို့ First Dates များအတွက်ဆိုရင် အေးအေးဆေးဆေးလွတ်လွတ်လပ်လပ် အပြင်ထွက်ချင်တဲ့ ရက်များဆိုရင် အဆင်မပြေနိုင်ပါဘူး ။ Vietnamese Fresh Spring Roll က ဒီမှာက ပိုကောင်းပါတယ် ။

 

JUST YOU AND ME – CASK 81 ဒီညတော့ ချစ်သူရယ် Whiskey ကောင်းကောင်းတစ်ခွက်ရှိရင် ပြည့်စုံတယ်လို့ ယူဆသူများအတွက် Cask 81 ရှိတယ် ။ တော်ရုံလူ မလာပါဘူး ။ ဒါပေမဲ့ Whiskey ကိုတော့ ပုလင်းလိုက် ဝယ်ရပါတယ် ။ Cigar လည်း ရောင်းမယ် ထင်ပါတယ် ။ ကိုယ်ကိုတိုင်က အကောင်းကြိုက်တတ်ရင် ဒါမှမပာုတ် Impress လုပ်ချင်တယ် ဆိုရင် ဒါမှမပာုတ် ကောင်မလေးက အရမ်းလှအောင် ဝတ်ထားတယ် ဆိုရင် Cask 81 က သင့်တော်မယ် ထင်ပါတယ် ။

 

INTO THE SUNSET – SAILING CLUB သောကြာနေ့ အလုပ်တွေကလည်း မောလာပြီ ။ ဘီယာလေး တစ်ခွက်နဲ့ နေဝင်တာကို တူတူကြည့်မယ်ဆိုရင် အင်းယားကန်စောင်း မြက်ခင်းစိမ်းစိမ်းလေး ခုံဖြူဖြူလေးတွေနဲ့ လှတဲ့ ရွက်လှေ အသင်းက ဖွင့်တဲ့ ဆိုင်လေးက အသွားသင့်ဆုံးနေရာပါ ။ အစားအသောက်များက ဈေးပေါသလို နည်းနည်းကြာကြာလည်း စောင့်ရပါတယ် ။ ဒါပေမဲ့ နေရာလေးက လှတော့ စောင့်နေရတာလည်း သိပ်ကြာတယ်လို့ မခံစားရပါဘူး ။

 

GOOD VIBE - 7TH JOINT RAGGAE သီချင်းများဖွင့်တဲ့ 7th Joint ဘားက မြို့ထဲ သိမ်ဖြူနဲ့ မပာာဗနုလမ်းထောင်းနားလေးမှာ ရှိပါတယ် ။ လူတွေ အုပ်အုပ် Live Band နဲ့မို့ မြူးလည်းမြူးတဲ့ နေရာလေးပေါ့ ။ ကြာသပတေးဆိုရင် Spanish သီချင်းလေးတွေ ဖွင့်တတ်တာမို့ Salsa နဲ့ Tango ကတတ်တယ် ဆိုရင် ကောင်မလေးကို သင်ပေးလို့ရတာပေါ့နော် ။ ဒါမှမပာုတ်လည်း အဲဒီမှာ သူများတွေကတာကို ကြည့်ရတာလည်း ပျော်စရာ တစ်ခုပါ ။ Tango နှဲ့Salsa သင်ချင်တယ် ဆိုရင်တော့ ပုလဲကွန်ဒိုထဲက Secret Pieces အက သင်တန်းမှာ ကြာသပတေးနေ့ဆို Gaurav ရဲ့ Salsa အကသင်တန်းနဲ့ Alliance France က Ghis ရဲ့ Tango အကသင်တန်းရှိပါတယ် ။ နှစ်ခုလုံးက Free ပါ ။ ဒါပေမဲ့ Gaurav Class ကတော့ Studio Rental ကို တက်သူတွေမျှခံပေးရပါတယ် ။ Alliance ကတော့ Studio က Free ဆိုတော့ ပေးစရာ မလိုပါဘူး ။ ဒါပေမဲ့ ပိုက်ဆံပေးရတဲ့ Studio နဲ့ မပေးရတဲ့ Studio နှစ်ခုကတော့ ကွာတာပေါ့နော် ။

 

BAR CODE – BAR AND KARAOKE LOUNGE တစ်နေရာထဲမှာ အေးအေးဆေးဆေးထိုင်ချင်တဲ့သူတွေ အတွက် Bar ရှိသလို သီချင်းဆိုပြီးကဲချင်တဲ့သူတွေအတွက်လည်း Karaoke ရှိတယ်။  Drink Menu တွေအစုံရှိတဲ့အပြင် အဆာပြေအတွက်ရော၊ အမြည်းအတွက်ပါ Food Menu တွေရှိသေးတယ်။ BarCode က Novotel Hotel ရဲ့ တတိယထပ်မှာရှိပါတယ်

 

(သက်ဇင်)