အကင်ကောင်းကောင်း နဲ့ သောက်စရာ နေရာကောင်းကောင်းရှာနေသူများအတွက် 702 views


ရန်ကင်း အောင်ဇေယျလမ်းပေါ်က ပန်းဝတီအကင်ဆိုင်လေးကို ညွန်းပါရစေ။

ကြက်သားကင်အစုံ ဝက်သားကင်အစုံအလင်နဲ့  ငါးကင်အမျိုးမျိုးရပါတယ်။အကင်တွေရဲ့ ထူးခြားချက်ကတော့ မကင်ခင်နှပ်ထားတဲ့ တရုတ်ဟင်းခတ်အမွှေးအကြိုင်အနံ့ ပါ ။ သောက်တက်သူများအတွက် အကင်လေးနဲ့ စားရင် ရှယ်ပဲ။

ဆိုင်လေးက အေးအေးဆေးဆေးရှိပြီး အကင်ကောင်းကောင်းနဲ့ စီချွမ်းပြည်နယ် တရုတ်ဟင်းလျာများလည်း ရရှိပါတယ်။

ဘော်ဒါတွေနဲ့ လာလို့ ကောင်းပြီး Friday Night ကို အချိန်ဖြုန်းဖို့  အကောင်းဆုံးပါလို့ …

လိပ်စာကတော့
ပန်းဝတီ အကင်နှင့် တရုပ်စားသောက်ဆိုင်
အမှတ် ၃၁ / က ,အောင်ဇေယျလမ်း , ရန်ကင်းမြို့ နယ်