ကျောက်မြောင်းတစ်ခွင်မှ လူကြိုက်များတဲ့ ဆိုင်များ 877 views


ကျောက်မြောင်းဘက်ကို အလည်အပတ်ပဲ ဖြစ်ဖြစ် စားမယ် ဝါးမယ် ဆိုပြီးပဲ ဖြစ်ဖြစ် ရောက်ရှိလို့ လာခဲ့ရင် ဆိုင်ကောင်းကောင်းလေး တွေ ရှာရမခက်အောင် MyLann ကနေ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီဆိုင်လေးတွေကိုလည်း ကျောက်မြောင်းမှာနေတဲ့ မိတ်ဆွေ တစ်ယောက်ကို လိုက်ပြခိုင်းပြီး ဒီဘက်မှာ နာမည်ကြီးတဲ့ ဆိုင်လေးတွေ ၊ နှစ်တော်တော်များများအထိ ရောင်းကောင်းနေတဲ့ ဆိုင်လေးတွေကို စုစည်းပေးထားတာပါ။ ဒီတော့ MyLann ချစ်သူတို့ အတွက် အသုံးတည့်တဲ့ List လေး ဖြစ်စေဖို့ မျှော်လင့်ပါတယ်။

ကျောက်မြောင်းကတော့ တာမွေမြို့ နယ် အပိုင်းထဲမှာ ရှိပါတယ်။ သူက လူစည်ကားပြီး စားသောက်ဆိုင် ကောင်းကောင်းလေးတွေ လည်း ပေါပါတယ်။ ပြီးတော့ ကျောက်မြောင်းသူ ၊ ကျောက်မြောင်းသား တွေကလည်း လန်းမှလန်း :P လမ်းနာမည်တွေကလည်း ပါဠိ နာမည်နဲ့ လမ်းတွေ များပါတယ်။
သတိပဠာန်လမ်း နဲ့ ကျားကွက်သစ်လမ်းမှာတော့ ဘီယာဆိုင် အကင် ဆိုင်တွေ ပေါတယ်။ ဆိုင်တွေလည်းများတယ်။ ဒီတစ်လျှောက်လုံးကတော့ ယမကာ ကိုကိုတို့ အတွက် အကိုက်ပါ။

‪#‎သတိပဠာန်လမ်းရောက်ပြီဆို‬ ဒီဆိုင်လေးတွေသိထားသင့်တယ်

- Happy တရုတ်နှင့်ယိုးဒယားစာတွေရတယ်။ အော်ဒါမှာမယ်ဆိုရင် ဖုန်းက 09 31598119

- Lunch Box – Café & More - ရှမ်းခေါက်ဆွဲတွေဘာတွေလဲကောင်းတယ်။ စားသောက်စရာတွေ တော်တော်စုံတယ်။

-ရွှေမြိတ် ကတ်ကြေးကိုက် - ဓမ္မဒါနလမ်းနှင့် သတိပဠာန်လမ်းထောင့်မှာရှိပါတယ်၊ ကြက်၊ ၀က်၊ ပုဇွန်၊ ကင်းမွန်ကြိုက်တာနဲ့စား ပွဲကြီး တစ်ပွဲမှ (၁၅၀၀)ထဲရယ်။ အော်ဒါတွေလည်း အရမ်းမှာကြတယ်။

-ရွှေနဂါး ကြေးအိုးဆီချက်ဆိုင်၊ သူကတစ်ပွဲကို ရိုးရိုးဆို (၂၀၀၀)၊ ရှယ်ဆိုမှ (၃၀၀၀)။

-မင်းကွန်းခိုတောင်မုန့်တီ - ခိုတောင်မုန့်တီကမနက်ပိုင်းပဲရတယ်။ မုန့်ဟင်းခါးလဲရတယ်၊ အကြော်နဲ့မှတစ်ပွဲ (၆၀၀)ထဲ။

-Frozen ရေခဲမုန့် - Ice Garden & Snack, ယိုးဒယားရေခဲမုန့်တွေတစ်ခွက်မှ (၁၅၀၀)၊ (၂၀၀၀) သူကတော့ အအေးနဲ့ Ice Cream ကြိုက်သူများအတွက်။

-မြလင်းသူ (မော်လမြိုင်) ကြက်ကင်၊ ကြက်ဆီထမင်းတွေကောင်းတယ်၊ အော်ဒါတွေလဲလက်ခံတော့ 0943004407 အဲ့ဖုန်းလေးလဲမှတ်ထားလိုက်အုံးနော့။

‪#‎ကျားကွက်သစ်လမ်းမှာဆိုရင်‬

-ဒေါ်ယုံကြာဇံချက် - အသုပ်နဲ့ကြာဇံချက်တွေသိပ်ကောင်း။ ကျောက်မြောင်းသားတွေမသိတဲ့လူမရှိဘူး။ ကျားကွက်သစ်လမ်းနဲ့ သတိပဠာန်လမ်းထောင့်မှာရှိတယ်။ လူစည်ကားနေတာပဲ။

-ရွှေယူနန် - အသားကင်နဲ့ မြစ်ကြီးနားကြက်ပေါင်းခေါက်ဆွဲ၊ ငါးကင်ဆိုလဲတစ်ကောင်ကို (၁၅၀၀)ကနေ (၃၀၀၀)၊ နောက်ခေါက်ဆွဲဆိုလဲတစ်ပွဲ (၁၀၀၀)ထဲရယ်။

-သူ့ ရဲ့ အရှေ့ ဘက်မှာတော့ ဆန်းသစ်ရှယ်ငါးကင် ဆိုင်ရှိတယ်။ ပင်စိမ်းငါးကင် ၊ လက်ဖက်ငါးကင် တွေလည်း ရတယ်။

-ကောင်းကောင်းနှင့်ညီညီ သဘာဝကြံရည်ဆိုင်။ အဲ့ဒီမှာ အုန်းထမင်းနဲ့ထောပတ်ထမင်းတွေလဲ ရတယ်။

-ရွှေကံ့ကော် - လက်ဖက်ရည်ဆိုင်၊ အမြဲတမ်းလူမပြတ်ဘူး၊ အစားစာတွေလဲအစုံရတယ်။

-အမဲအူတုတ်ထိုး (စိတ္တသုခလမ်း) - ဒီဆိုင်ကဖွင့်ထားတာအနှစ်(၂၀)လောက်တောင်ရှိပြီတဲ့၊ မူလလက်ဟောင်းပေါ့ နော့။ စားလို့လဲကောင်းပ။

-Hot Shot မုန့်ဟင်းခါး၊ ငရုတ်ကောင်းမုန့်ဟင်းခါး၊ အရမ်းကောင်းတာရယ်။ ဓမ္မ၀ိဟာရလမ်းနှင့်ကျားကွက်သစ် လမ်းထောင့်မှာရှိပါတယ်။

-နီလာရတနာ ဆိုတာ သစ်သီးစုံဖျော်ရည်နဲ့အအေးဆိုင်။ ကျောက်မြောင်းသား ကျောက်မြောင်းသူ တွေ အရမ်းထိုင်တဲ့ ဆိုင်တဲ့။

-မိုးပျံကြေးအိုးဆီချက် ခေါက်ဆွဲကြော်နဲ့ကြေးအိုးအရမ်းကောင်းပဲ ၊ မူလလက်ဟောင်း လက်ရာပါတဲ့။

‪#‎ကျောက်ရေတွင်းဘက်မှာဆိုရင်‬

သဘာဝ Thai Food ထိုင်းအစားအစာနှင့်အအေးဆိုင်တွေရှိတယ်၊ နောက်ပြီး Seafood တွေလဲရတယ်။

‪#‎သီတာလမ်းဘက်မှာဆိုရင်‬

-Food Box Thai Food ထိုင်းအစားအစာ၊ ကျောက်ရေတွင်းလမ်းနဲ့ သီတာလမ်းထောင့်မှာရှိတယ်။

-Country Club ဒီဆိုင်ကတော့ကျောက်မြောင်းမှာနာမည်ကြီးတဲ့ဆိုင်တွေထဲပါတယ်။ Beer နဲ့ Cocktail တွေရ တယ်။ အေးအေးဆေးဆေး ထိုင်ချင်တဲ့သူတွေအတွက်လဲ အဆင်ပြေတယ်၊ နေရာကကျောက်မြောင်းလမ်းနဲ့ သီတာလမ်းထောင့်မှာရှိပါတယ်။

-ယဉ်ယဉ်ချို မော်လမြိုင်ထမင်းဆိုင်ဆိုရင်လဲစားလို့ကောင်းတဲ့ဆိုင်ထဲပါတယ်။ မွန်လက်ရာ စားချင်တယ်ဆို ဒီဆိုင် ကောင်းတယ်။

-သီတာလမ်းထိပ်က ၀က်ခေါင်းသုပ်ကိုလဲမေ့ထားလို့မဖြစ်ဖူးနော့်။ သူက ဝက်သားကို ရှယ်နှပ်ပြီး သုပ်ပေးတာ။

-ညနေခင်းမုန့်ဟင်းခါး လဲရှိတယ်။ သူကတစ်ပွဲကို(၅၀၀)တဲ့။

‪#‎သြဘာလမ်းမှာ‬ ဆိုရင်

-King လားရှိုး (၇)လွှာပေါက်စီနဲ့အခြားအစားအစာတွေရတယ်၊ ရွှေဘိုလမ်းထောင့်မှာရှိတယ်။

- ဖက်ဖူးရောင် လက်ဖက်ရည်နဲ့စားဖွယ်စုံ၊ အဲ့ဆိုင်ဟာဆိုရင် စင်္ကြာလမ်းထောင့်မှာ ရှိပါတယ်။

‪#‎ကျောက်မြောင်းလမ်းဘက်ရောက်ပြီဆိုရင်‬

-အိုကေထမင်းဆိုင် သူကလဲလူကြိုက်များတဲ့တစ်ဆိုင်ပါပဲ။ ဖွင့်တာလည်း ကြာပြီ။

-Mr.Chef လဲရှိတယ်။ ဆိုင်ကောင်းကောင်းသန့် သန့် လေးမှ ထိုင်ချင်တယ် ဆို အဆင်ပြေတယ်။

-Dollar 2 Hot Pot ဆိုင်လဲရှိတယ်၊ သူကတော့ မလွှကုန်းလမ်းနဲ့ ကျောက်မြောင်းလမ်းထောင့်မှာပါ။

‪#‎နိဂြောဓလမ်းဘက်မှာဆိုရင်လဲ‬

-ဒေါ်တင်နု ဆနွင်းမကင်းနဲ့မြန်မာမုန့်တွေတော်တော်ကောင်းတယ်။ ကျောက်မြောင်းဘက်ကလူတွေအလှူလုပ် ရင် သူ့ဆီမှာပဲမှာကြတယ်ဆိုပဲ။ နိဂြောဓလမ်းနဲ့ ဘယသိဒ္ဓိလမ်းထောင့်မှာရှိပါတယ်။

-နိဂြောဓလမ်း ပုဇွန်ကွက်ကြော်ဆိုင်၊ အဲ့ဆိုင်ကတော့ကိုယ်တွေလဲအကြိုက် ကျောက်မြောင်းမှာမသိတဲ့လူမရှိတဲ့ ပုဇွန်ကွက်ကြော်ဆိုင်၊ အဝေးကလူတွေတောင်လာလာစားကြတယ်။ ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ ပုဇွန်ကွက် ကြော်သုပ် အစုံရတယ်။

-Doremi Café အဲ့ဆိုင်လေးမှာလဲ ကော်ဖီအပြင်အခြား ကိုရီးယား၊ တရုတ်၊ ဂျပန်အစားအစာတွေအပြင် European စာလေးတွေလဲရတယ်၊ အဲ့ဆိုင်က မွေးနေ့ပွဲလုပ်ချင်တဲ့သူတွေ၊ Anni ပွဲအတွက်လဲ ပွဲလုပ်ချင်ရင် ကိတ်မုန့်ကအစအကုန်အဆင်ပြေအောင်လုပ်ပေးတယ်။ ကျောက်မြောင်းထဲလဲ Delivery ရှိတယ်။

- ဆူရှီစားချင်တယ် ဆိုရင် ရွှေဂိုလ်း နဲ့  မင်္ဂလာလမ်း ဆိုတဲ့ ဆိုင်ရှိပါတယ်။ ဓမ္မ၀ိဟာရလမ်းမှာရှိတယ်။ ကပ်လျက်ပါ။

- မင်းလမ်း ရခိုင်မုန့်တီ ကဆိုရင်လဲအမြဲတမ်းလူစည်တယ် ။ ဓမ္မ၀ိဟာရလမ်းနဲ့ ကျောက်မြောင်းလမ်းထောင့်မှာ ရှိတယ်။ ပင်လယ်စာ ရခိုင်သုပ် နဲ့  ပူပူစပ်စပ်လေးတွေ စားချင်တယ်ဆို လက်တို့ ပါတယ်။

- မင်းလမ်းမုန့် တီဆိုင် အရှေ့ နားက ကျောက်မြောင်း Mart ဘေးမှာတော့ Oro ရေခဲမုန့် ဆိုင်ရှိတယ်။ ဝေဖာခွက်နဲ့  တစ်ခွက်မှ ၅၀၀ကျပ်ထဲ ။ အရသာကလည်း ပျစ်ပျစ်နှစ်နှစ်ရှိတယ်။ လူတွေ တန်းစီနေတာပဲ။

-ရွှေမြို့တော် ဖာလူဒါနဲ့ဒိန်ချဉ် အဲ့ဆိုင်လဲ ကျောက်မြောင်းမှာနာမည်ကြီးနော့။ တာမွေ Orange အရှေ့ နားမှာပါ။

ဘေးလမ်းတစ်ဖက်မှာတော့ သဘာဝ ထိုင်းဆိုင် ရှိပါသေးတယ်။

ကဲ.. စားမယ် ဝါးမယ် ဆိုရင် လက်မနှေးတက်တဲ့ MyLann မိတ်ဆွေများ ဒီ ကျောက်မြောင်းဆိုင် List လေးကိုတော့ Save ထားဖို့ မမေ့ နဲ့ နော်။ ဒီ List ထဲမှာ မပါသေးဘူး ကောင်းတယ်ဆိုပြီး ညွန်းချင်တယ် ဆိုရင် Comment မှာ ရေးသွားကြပါအုံးလို့ ။

MyLann Team
"Eater Gonna Eat "