အေးအေးဆေးဆေးနေရာလေး လမ်းညွှန်ပေးပါဆိုတဲ့သူတွေအတွက် ‘Beyond Café 924 views


သူငယ်ချင်းတွေနဲ့ Date တာပဲဖြစ်ဖြစ်၊ ချစ်သူစုံတွဲတွေ ချိန်းကြမယ်ဆိုရင် အေးအေးဆေးဆေးနဲ့ ထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုထပ်တွေ့ထားပါတယ်။ Wifi လည်းရှိတော့ အလုပ်ကိစ္စ Meeting တွေအတွက်လဲသင့်တော်သလို၊ Project တွေ၊ဘာတွေလုပ်ဖို့လည်း အဆင်ပြေမယ့်နေရာလေးပါ။ ပြည်လမ်း၊ အင်းလျားကန်ဘောင်ရှေ့နားက Beyond Café ဆိုတဲ့ ဆိုင်လေးပါ။ ဆိုင်တစ်ဆိုင်သွားပြီဆို အမြဲစဉ်းစားနေရတဲ့ ကားပါကင်ကိစ္စလည်း ဒီမှာပူစရာမလိုပါဖူး။  

 

ဆိုင်လေးကဝင်လိုက်တာနဲ့ စိတ်ဝင်စားဖို့ကောင်းတာက Decoration အပြင်အဆင်လေး။ Indoor Aera ဆိုရင်လည်း သပ်သပ်ရပ်ရပ်ပုံစံလေးနဲ့ဆွဲဆောင်ထားသလို အစားသောက်ချစ်သူတွေအတွက် Food Quotes လေးတေလည်းတွေ့ရတယ်။ သက်တောင့်သက်သာရှိစေမယ့်ခုံလေးတွေနဲ့၊ ရိုးပေမယ့်ဆန်းနေတဲ့ အပြင်အဆင်လေးတွေ။ Outdoor Area ကတော့ ပန်းခြံလေးနဲ့ မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ ခုံဖြူဖြူလေးတွေနဲ့ စိတ်ကူးယဉ်လို့ကောင်းတဲ့နေရာလေးတစ်ခုလိုပဲ။ ညနေခင်းနဲ့ ညဘက်တွေရောက်ဖြစ်မယ်ဆိုရင်တော့ ခြံဝန်းလေးထဲမှာထိုင်ရင် ပိုမိုက်မလားလို့…. (သူ့ရဲ့ Outdoor Area လေးကိုတွေ့တော့ တစ်ခုသတိရသွားတာကပွဲတွေ၊ Event တွေနဲ့ Anniversary Party တွေ လုပ်ချင်တယ်ဆိုရင် တော်တော်အဆင်ပြေစေမယ့်နေရာလေးတစ်ခုပဲလို့… )

 

စားမယ်၊ သောက်မယ်ဆိုရင် Beyond မှာအဓိကရတဲ့ Cuisine Type က Western, Thai (Asian)ပေါ့နော်။ ပေါ့ပေါ့ပါးပါးစားချင်ရင် Fast Food လည်းရှိသလို၊ Heavy Food စားချင်ရင်လည်း ရှိပါတယ်။ One Portion ဆိုရင် ဟင်းပွဲနဲ့ထမင်းမှာစရာမလိုတော့ပဲ တစ်ပွဲထဲမှာတင် ထမင်းရော၊ ဟင်းပါတစ်ယောက်စာပါပြီးသားမို့ ဘာနဲ့ဘာကိုတွဲစားရမလဲဆိုတာ သိပ်ရွေးစရာမလိုတော့ဘူး။ တစ်ခုခုသောက်ချင်ရင်လည်း ကော်ဖီ၊ လက်ဖက်ရည်၊ Smoothies, Yogurt, Frappe, Mojito, Italian Soda နဲ့ ဘီယာတွေရသေးတယ်။

 

ဒီကအစားအသောက်တွေက Western ဆိုရင်လည်း သူ့ပုံစံလေးနဲ့သူ ဘောင်ဝင်တယ်။ အနောက်တိုင်းရိုးရာ ပုံစံမျိုးလည်းဖြစ်ပေမယ့် တကယ့်တကယ် ဒီကမြန်မာတွေရဲ့ခံတွင်းနဲ့ထိတွေ့ကြည့်မယ်ဆိုရင်လည်း လက်ခံနိုင်လောက်တဲ့အနေအထားမှာရှိပါတယ်။(တချို့ Western Food တွေက စားနေကျမဟုတ်ရင် ခံတွင်းသိပ်မတွေ့တတ်ကြလို့လေ)  Steak တွေဘာတွေဆိုရင်လည်း မဆိုးဘူး။ စားရတာအဆင်ပြေတယ်။ ထိုင်းစာဆိုရင်လည်း ကိုယ်စားခဲ့သလောက်မီနူးတွေနဲ့ ယှဉ်ကြည့်ရင် သူ့ရဲ့ Level တစ်ခုကိုမှီတယ်။ သူ့အရသာလေးနဲ့သူအစပ်ဟပ်တည့်တယ်။

ဈေးနှုန်းပိုင်းအရပြောမယ်ဆိုရင်လည်း သိပ်မနည်းပေမယ့် အရမ်းလည်းမများဘူး။ သူ့ရဲ့ပုံစံအပြင်အဆင်လေးနဲ့ စားရတဲ့အရသာလေးတွေအရဆိုရင်တော့ တန်တယ်လို့ပြောလို့ရတဲ့အနေအထားမှာတော့ရှိတယ်။

 

ဒီဆိုင်လေးက ပြည်လမ်းမပေါ်မှာရှိတယ်။ ပြည်လမ်းနဲ့ အင်းလျားလမ်းထောင့်မီးပွိုင့်တည့်တည့်မှာရှိပါတယ်။  တံတားဖြူနဲ့ မာလာမှတ်တိုင်ကြားမှာပါ။ ဆိုင်ကဟိုတယ်ဝန်းထိပ်မှာရှိပါတယ်။ ကားပါတယ်ဆိုရင်ဟိုတယ်ခြံဝန်း ထဲဝင်ရပ်လိုက်လို့ရတယ်။ ဆိုင်ကအပြင်ဘက်ကကြည့်ရင် နည်းနည်းတော့ရှိန်ချင်သလိုဖြစ်နေပေမယ့်လည်း ဈေးနှုန်းကအရမ်းကြီးလည်းမများသလို အပြင်မှာပုံမှန်ပေးနေရတဲ့ဈေးနှုန်းတွေလောက်ပါပဲ။

 

အင်းလျားကန်ဘောင်ရောက်နေလို့ပဲဖြစ်စေ၊ ဒီအနီးတဝိုက်အေးအေးဆေးဆေးလေးထိုင်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒိတ်လို့ကောင်းတဲ့နေရာတစ်ခုအဖြစ် အက်မင်ကပြန်ရှဲပေးခဲ့ပါတယ်နော်… 

 

Honey (MyLann)

#MyLann #Online_Restuarant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy #Foodie

#Beyond_Cafe #Cafe #Western_Food #Thai_Food #Asian_Food

#Honey_Foodie

 

(ပုံအောက်တွင်ထည့်ရန်)

 

Chicken Wings - ကြက်တောင်ပံကြော်ကြွပ်ကြွပ်လေးကတော့ တစ်ပွဲကို (၄၅၀၀)ကျပ်တဲ့။ အက်မင်တို့ သုံးယောက်တော့ လူစုံစားခဲ့ရတယ်။

 

သင်္ဘောသီးထောင်း - ယိုးဒယားစတိုင်ချဉ်ချဉ်စပ်စပ်လေး။ ဒီလိုဆိုပေမယ့်လဲ အစပ်ကြီးစပ်တာမျိုးမဟုတ်တဲ့ အတွက် အစပ်မစားနိုင်တဲ့သူတွေလည်း စားနိုင်ပါတယ်။ အကယ်၍အစပ်စားတဲ့သူဆိုရင်တော့ အစထဲက အစပ် Level ကိုပိုတိုးပြီးမှာနိုင်ပါတယ်။ သူကတစ်ပွဲကို (၃၀၀၀)ကျပ်။

 

Thai Fish Cake - ငါးကိုမှ PanCake ပုံစံလေးနဲ့ စားရတာနူးနူးညံ့ညံ့လေး။ လာချကာစဆို ပူပူမွှေးမွှေးလေးနဲ့။ Tomyam အရသာလို ချဉ်စူးစူးလေးလည်းခံစားရတယ်။  ဈေးနှုန်းကတစ်ပွဲကို (၄၅၀၀)ကျပ်ပါ။

 

ဝက်ဂုတ်သားကင်သုပ် - အက်မင်ကဝက်ဂုတ်သားကင်ဆို သိပ်ကြိုက်တယ်။ အဲ့ဒီတော့ ကိုယ်သွားတဲ့ဆိုင်မှာ အဲ့ဒါရတယ်ဆို မဖြစ်မနေစားလိုက်ရမှ။ အရသာက အရမ်းကြီးမစပ်ဘူး။ ဝက်ဂုတ်သားဖက်လေးက ဝါးလိုက်တိုင်းမှာအချိုဓါတ်လေးလည်းထွက်တယ်။ ပူစီနံလေးတွေကိုလည်း သေးသေးလေးတွေမွှပြီးထည့် ထားတယ်။ ဈေးနှုန်းကတစ်ပွဲကို (၅၀၀၀)ကျပ်ပါ။

 

Seabass Lime Sauce- Seabass ငါးအသားနူးနူးညံ့ညံ့လေးနဲ့ Lime Sauce လေးကချဉ်တယ်ဆိုပေမယ့် အချိုအရသာလေးကတော့မသိမသာလေးပါနေတယ်။ သူကတော့တစ်ပွဲကို (၈၀၀၀)ကျပ်။

 

Steak - အမဲသားလေးကနူးနူးညံ့ညံ့လေးနဲ့ သူ့ရဲ့ဆော့စ်အနှစ်ကလည်း စားရတာအဆင်ပြေလို့  Steak ကြိုက်တဲ့သူဆို ဒါလေးစားကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ဈေးနှုန်းက တစ်ပွဲကို (၈၀၀၀)ကျပ်ပါ။

ကော်ဖီကြိုက်တတ်တဲ့သူဆိုရင်လည်း ဒီဆိုင်မှာ ကော်ဖီလေးတွေရတယ်။ အက်မင်တို့သောက်ခဲ့တဲ့ Latte နဲ့ Cappachino ဆိုရင်လည်း မွှေးမွှေးလေးနဲ့ သောက်လို့အဆင်ပြေတယ်။ Green Tea Frappe ဆိုရင်လည်း မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့….။