Candy ချစ်သူတို့ အတွက် Candy Land 779 views


တော်ဝင်စင်တာ ရောက်တုန်း Basement မှာ ရှိတဲ့ Candy Land ကို ရောက်သွားတယ်။ Hand Made Candy တွေကလည်း အစုံပဲ ။ Sandi ရောက်သွားတော့ Candy လုပ်နေတာနဲ့ တိုးတယ်။ ကိုယ့်အရှေ့ မှာပဲ သကြားချောင်းလုပ်နေတာ စိတ်ဝင်စားဖို့  တော်တော်ကောင်း ။ ဒါနဲ့ ပုံလေးတွေ ရိုက်လာခဲ့တယ်။

ပြီးတော့ ဆိုင်ရှင်ကိုလည်း နည်းနည်းစပ်စုခဲ့တာပေါ့။ ဆိုင်ဖွင့်တာတော့ နှစ်နှစ်လောက် ရှိပြီတဲ့ ။ ဆိုင်ခွဲကလည်း ငါးဆိုင်လောက်ရှိပြီ ပြောတယ်။ အခု တော်ဝင်စင်တာကတော့ ပင်ရင်းလုပ်တဲ့ နေရာပေါ့။

နူတ်ခမ်းနီမလေးတွေ ၊ ဘေဘီလေးတွေ အကြိုက် Lollipop ချိုချဉ်အပြာကြီးတွေ ကို Hand Made လုပ်ပေးတာ။ကိုယ်ကြိုက်တဲ့ ဒီဇိုင်းမှာလို့ ရတယ်တဲ့ ။

ဈေးကတော့ အနည်းဆုံး ၅၀၀ တန် ချိုချဉ်ပြားကနေ တစ်သောင်းတန်အထိရှိတယ်တဲ့။ အဲ့ဒီ ချိုချဉ်ပြားတွေကတော့ စားလို့ လည်း ရသလို အလှထားလည်းရတယ်။ မွေးနေ့ တွေ ချစ်သူ Anniversary တွေ ပေးချင်လည်း ရတယ် tongue emoticon

ချိုချဉ်ပြားတွေ အပြင် ဘူးလေးတွေနဲ့ ထည့်ပေးထားတဲ့ ချိုချဉ် အရသာ အစုံအလင်နဲ့ အထုတ်လေးတွေပါ ရှိတယ်။ Candy Land က Hand Made ချိုချဉ်တွေက အရသာကလည်း အစုံအလင်နဲ့  စားလိုက်ရင် အချိုလည်း အရမ်းမများဘဲ အနေတော်လေး ကောင်းတယ်။ သူက အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို သုံးထားတဲ့ အတွက် တော်ရုံ ချောင်းဆိုးတာတွေ ချွဲကြပ်တာတွေ သိပ်မဖြစ်ဘူး။ ခံတွင်းရှင်းပြီး သဘာဝအသီးရဲ့ အရသာကို ခံစားရတယ်။ ဒါပေမဲ့ တော်ရုံပဲ စားပေါ့နော်။ tongue emoticon

အဲ..ဆိုင်ဖွင့်တာ နှစ်နှစ်ပြည့် အထူးပရိုမိုးရှင်း ရှိတယ်တဲ့ ။ မေလ ၂၁ ရက်နေ့ ကနေ စပြီး Candy 1800 ဖိုးဝယ်ရင် ဗလာမပါ Lucky Draw တွေလည်း စီစဉ်ထားတယ်လို့ ပြောပါတယ်။ ပေးမဲ့ ဆုလေးတွေကလည်း ချစ်စရာလေးတွေကို စီစဉ်ထားတယ်လို့ သိရတယ်။ ဒီတော့ Candy Land မှာ ချိုချဉ်ဝယ်ရင်း ကံစမ်းကြည့်နော်။

Candy Land က ဆိုင်ခွဲ ၄ ဆိုင်ရှိတော့ ဘယ်ဆိုင်မှာ မဆို ကံစမ်းလို့ ရတာပေါ့။

ဆိုင်လိပ်စာတွေက
Candy Land - အခန်း B-022 ၊ Basement 1 ၊ တော်ဝင်စင်တာ
Candy Land - အခန်း ၃၂၄ ၊ ဒုတိယထပ် ၊ Junction Mawtin
Candy Land – Basement 1 ၊ လှည်းတန်းစင်တာ
Candy Land – Shop No (#167) ၊ Ground Floor ၊ Ocean Mingalar Mandalay

မေလ၂၁ ရက်နေ့ မှာလည်း မန္တလေး ၁၉ လမ်းမှာရှိတဲ့ City Mart မှာလည်း ဖွင့်လှစ်သွားဖို့ ရှိပါတယ်တဲ့။

Sandi (MyLann)