ဟော့ပေါ့သရဲလေးတွေအတွက် ဈေးနှုန်းသက်သာတဲ့ စမ်းချောင်းက ‘Central Hot Pot’ ရဲ့ Set Menu 1817 views


စမ်းချောင်းက Central Hot pot ဆိုရင်တော့ မသိသူမရှိကြဖူးထင်တယ်နော်… ဆိုင်ဖွင့်ခါစက 50% လောက်ထိ Discount ချပေးပြီး လူတွေလည်းကျိတ်ကျိတ်တိုးစည်ကားတာကိုယ်တွေဘယ်လိုမှတိုးမမှီပါဖူး။ Reserve မရတာနဲ့ဘာနဲ့ လက်လျှော့လိုက်ပြီး အခုအေးအေးဆေးဆေးဖြစ်သွားတော့မှပဲ သွားစားကြည့်လိုက်တယ်။ ဒီ Central မှာ ဟော့ပေါ့ကို ဘူဖေးစနစ်အပြင် Set လေးတွေနဲ့ပါရနေပြီ…. ကိုယ်တွေလည်းအစက (၁၂၀၀၀)တန် ဘူဖေးဆိုတော့ စားဖို့ကိုနည်းနည်းစဉ်းစားနေရတာ… အခုတော့ Set နဲ့လည်းရတဲ့အပြင် Set ကလည်း တော်တော်လေးကိုတန်တယ်တော့…

 

 

Set မှာဆိုရင် သုံးမျိုးရှိတယ်။ ကြက်၊ ဝက်ဆိုရင် (၆၀၀၀)၊ အမဲနဲ့ဆိတ်ဆိုရင် (၇၀၀၀)၊ ပင်လယ်စာဆိုရင် (၈၀၀၀)။ အဲ့ဒီလောက်ပဲရှိတယ်။ ပြီးတော့ Set တစ် Set မှာလည်း သက်ဆိုင်ရာအသား(သို့)ပင်လယ်စာနဲ့ အသီးအရွက်အစုံတစ်ပွဲပါတယ်။ ပြီးတော့ဟင်းရည်ပေါ့နော်… ဒီမှာတစ်ခုရှိတာက တစ် Set ကိုတော့ (၆၀၀၀)၊ (၇၀၀၀)၊ (၈၀၀၀)ဆိုပေမယ့် လူနှစ်ယောက်စားမယ်ဆိုရင်တော့ ဟင်းရည်ဖိုးနဲ့အအေး (Free Flow ) အတွက်ကို (၁၅၀၀)ကျပ်တော့ထပ်ပေးရမယ်တဲ့ ဆိုတော့ ဝက်သားတစ် Set ကိုပဲ လူနှစ်ယောက်စားအုံးကွာ၊ (၇၅၀၀)၊ အဲ့ဒါကိုမှ မကျေနပ်သေးရင် အသားယူအုံးမလား၊ အသီးအရွက်ထပ်ထည့်အုံးမလား၊ တစ်ပွဲချင်းစီ ရသေးတယ်နော်… ဈေးနှုန်းကလည်းတန်သေးတယ်၊ အသားဆို တစ်ပွဲမှ(၁၅၀၀)၊ အသီးအရွက်ဆိုတစ်ပွဲမှ (၇၀၀)။ အဲ့ဒီတော့(၁၀၀၀၀)လောက်ဆိုရင်ကို နှစ်ယောက်ကအေးအေးဆေးဆေး စားလို့ရနေပြီ။ ကိုယ်ကြိုက်တာကတော့ဒီ Set လေးမှာ၊ ပြီးတော့ အဲ့ဒီလိုအသားလေးတွေထပ်ထည့်စားတယ်။ အသားတွေထပ်မှာဖို့ကိုလည်း ကိုယ့်အနေနဲ့သိပ်ပြီးစဉ်းစားစရာ၊ လိုက်တွက်ကြည့်နေစရာမလိုတော့ဖူး။ (၁၅၀၀)ဆိုတော့ကိုယ့်အတွက်လည်းဝန်ပေါ့တယ်။ ဒါနဲ့ April (၁၀)ရက်နေ့အထိကို ဘယ် Set ပဲစားစား အသားလုံးတစ်ပွဲလက်ဆောင်ရတယ်… သုံး၊ လေးယောက်စားမယ်ဆိုလည်းအဲ့ဒီလိုပေါ့ နှစ် Set, သုံး Set မှာ၊ ပြီးတော့ အသားထပ်ထည့် နှစ်သောင်းခွဲ၊ သုံးသောင်းပေါ့ကွာ… ဒီ Set ရပြီးမှကိုယ်သွားစားနေတာ နှစ်ခါရှိပြီ….

 

 

ဘာလို့ခဏခဏသွားစားလည်းသိလား ?

သူ့ရဲ့အရည်ကိုကြိုက်လို့…. သူ့ဆီမှာအရည်က ကြက်ချို၊ ကြက်စပ်၊ ဝက်ချို၊ ဝက်စပ်နဲ့ ချဉ်စပ် ဆိုပြီးတော့ရှိတယ်။ ကိုယ်တော့ ဝက်စပ်နဲ့ ချဉ်စပ်စားဖူးသွားပြီ။ ဝက်အစပ်ရဲ့အရသာကကျတော့ ဝက်သားရဲ့အချိုဓါတ်လေးလည်းပါဝင်နေတယ်၊ သို့ပေမယ့်လည်းစပ်တယ်။ ချဉ်စပ်ကကျတော့ အဲ့ဒီလိုမဟုတ်ဖူး။ ချဉ်ပါချဉ်တယ်။ ရှူးရှဲသဘောမျိုးလေးဖြစ်သွားတာပေါ့။ ကိုယ်ကတော့ချဉ်စပ်ပိုသဘောတွေ့ သလိုပဲ… နောက် သူက လာချလို့ခဏလေးမီးဖွင့်ပြီးအပူပေး ပြီးတော့မှ အိုးကိုဖွင့်ကြည့်လိုက်…. သူ့ရဲ့အနံ့မွှေးမွှေးလေးတွေက မြန်မြန်စားချင်အောင်လှုံ့ဆော်ပေးလိုက်သလိုပဲ… ဝါး… မွှေးလိုက်တာဆိုတာ အရည်သောက်ကြည့်တော့လည်း မိုက်တယ်။ ချဉ်စပ်လေးနဲ့အဲ့ဒီထဲကို အသီးရွက်တွေ၊ အသားငါးတွေထပ်ထည့်စား သူတို့ရဲ့အချိုပါပျော်ဝင်သွားပြီး ပိုစားကောင်းသွားသလို….. ဟော့ပေါ့နဲ့စားတဲ့ဆော့စ်လေးကလည်း ကောင်းနေပြန်ရောဆိုတော့ ကိုယ်တွေဒီမှာတစ်ခါစားရင် တစ်နာရီခွဲလောက် တောင်ကြာတယ်။ တစ်ခါဆို နှစ်နာရီလောက်တောင်ဖြစ်သွားတယ်။ နှဲ့နှဲ့ပြီးစားနေတာကိုး… ရပ်လည်းမရပ်ချင်တော့ဖူးလေ… စားနိုင်သလောက်ကိုစားနေတာ အရည်ကလည်း Free Flow ဆိုတော့ ကြိုက်သလောက်ထည့်ပေးတယ်။ အဲ့ဒါကြောင့် ဟင်းရည်နဲ့အအေးအတွက် (၁၅၀၀)ပေးရ တာကို ကိုယ့်အနေနဲ့ သဘောမတွေ့စရာအကြောင်းတော့မရှိပါဖူး။

 

နောက် ဟင်းရည်မှာ တစ်ခုထပ်ထူးခြားတာက ဟင်းရည်ကုန်လို့ထပ်ထည့်ရင် သူ့ရဲ့အရသာကပြောင်းမသွားဖူး။ လျော့မသွားဖူး။ ပေါ့မသွားဖူး… တော်တော်လေးလည်းအဆင်ပြေတယ်။ သောက်လို့ကောင်းတယ်။ ဘာမှလည်း ထပ်ထည့်စရာမလိုသလို၊ ထပ်ပြင်စရာလည်းမလိုဖူး။ ပြီးတော့စားနေရင်းနဲ့လည်း တရှူးရှူးတရှဲရှဲနဲ့ အီတာဘာညာ မရှိပြန်ဖူး။ အဲ့ဒါကြောင့် ကိုယ်ဒီကဟင်းရည်ကိုသိပ်ကြိုက်တာ….

 

ကိုယ်က Set Menu နဲ့စားခဲ့တာမို့ Set Menu နဲ့ပတ်သတ်ပြီးပြောခဲ့ပေးတာပါ။ ဘူဖေးဆိုရင်လည်း အမယ်တော်တော်စုံပါတယ်။ ကိုယ်တွေတွေ့ခဲ့တာတော့….။ ဓါတ်ပုံလေးတွေလည်းထည့်ပေးထားတယ်။ ဘူဖေးကတစ်ယောက်ကို (၁၂၀၀၀)။ လောလောဆယ် 20%Discount ချထားတော့ (၁၀၀၈၀)တဲ့။ ဒီလိုစားချင်လည်း စားနိုင်တဲ့သူတွေအတွက်ဆိုတန်တာပဲ။ အမယ်လည်းများတယ်ဆိုတော့လေ။

 

ဆိုင်ကမနက်(၁၁)နာရီကနေစဖွင့်တော့ နေ့လည်စာလည်းသွားစားလို့ရတယ်ပေါ့။ ည(၁၀)နာရီလောက်အထိ လည်းဖွင့်တော့ ညစာအတွက်လည်းမိုက်တယ်။ ထမင်းစားချိန်တွေတော့လူကျတတ်တယ်။ ဆိုင်ကနှစ်ထပ်ရှိတော့ အေးအေးဆေးဆေးထိုင်စားချင်ရင်တော့ အပေါ်ထပ်မှာထိုင်တာပိုကောင်းပါတယ်။ ကဲ အားလုံးလည်းပြောပြပေးခဲ့ပြီဆိုတော့ ဒီဆိုင်လေးက အမှတ် (၃၂)၊ အောင်ချမ်းသာလမ်းနဲ့ ဗဟိုလမ်းထောင့်၊ စမ်းချောင်းမြို့နယ်မှာရှိပါတယ်။ (အာရှတော်ဝင်ဆေးရုံအနားပဲ) ဖုန်းဆို 09-774599901, 09-774599902…. Reserve လက်ခံတယ်နော်။ ကိုယ်တွေတော့စိတ်ချရအောင် Reserve လုပ်သွားတာပဲ…

 

ကဲ ဈေးနှုန်းလည်းတန်တယ်… အားလုံးကိုလည်းပြောပြပြီးပြီ။ ဟင်းရည်အကြောင်းလေးလည်း ပြောပြပေးခဲ့ပြီ ဆိုတော့ နောက်မှပြန်တွေ့ကြမယ်နော်….

 

Honey (MyLann)

 

#MyLann #Online_Food_Guide #Online_Restaurant_Directory #Food_Review_in_Yangon #Foodie_Myanmar #Foodie #Food_Lover #Food_Crazy #Food

#Central #Central_Hot_Pot #Hot_Pot #Sanchaung