ကန်တော်ကြီးမှာအသစ်ဖွင့်ထားတဲ့ ချဉ်ငံစပ် 714 views


ဆိုင်လေးအကြောင်းပြောပြပေးချင်ပါတယ်ရှင်။ ပြီးခဲ့တဲ့ ရက်တုန်းက ကန်တော်ကြီးမှာ ချဉ်ငံစပ်ဆိုင်ခွဲ ဖွင့်ပြီဆိုတော့ ဟန်နီတို့  ၀မ်းသာအားရနဲ့ပဲ ချီတက်သွားခဲ့တာပေါ။ ညနေရုံးဆင်းမှသွားတာဆိုတော့ ရောက်ရောက်ချင်းနေရာမရတာနဲ့ စောင့်နေရပါသေးတယ်… ။မိနစ်(၂၀)၊ နာရီဝက်လောက်တော့စောင့်ခဲ့ရတယ်။ ကိုယ်ကလဲစားချင်တာကိုး… :D ဆိုင်ကလူတော်တော်များတာ လူငယ်တွေရော၊ လူကြီးတွေ၊ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ၊ မိသားစုတွေ ပေါင်းစုံပဲလာစားကြတာ…။

ရောက်သွားတာကလဲ (၇)နာရီလောက်ဖြစ်သွားတော့ စားချင်တာလေးအကုန်လုံးတော့မစားနိုင်ခဲ့ပါဘူး… သူက ညနေ(၅)နာရီကျော်ရင် အစားအစာသိပ်မစုံတော့ပါဘူးတဲ့။ နောက်တစ်ခေါက်တော့ စောစောသွားရမှာပေါ့နော်။ အဲ့တော့လဲ ရှိတာလေးတွေပဲစားတာပေါ့ဆိုပြီး မီနူးလှန်ပြီးတော့ ဆန်ပြားသုပ်၊ အဖွားကြီးသုပ်၊ ဆိတ်ထောင်း နဲ့ ဆားငံသီးဖျော်ရည်၊ သံပုရာရည်တွေပဲမှာလိုက်တယ်…။ လူများနေတာဆိုတော့နဲနဲတော့စောင့်ရသေးတာပေါ့ နော်…။ သိပ်တော့မကြာပါဖူး။ မှာထားတာတွေရောက်လာပါတယ်…။

အဲ့မှာမှ ပထမဆုံးအနေနဲ့ ‪#‎ဆန်ပြားသုပ်‬ သူ့ရဲ့သဘာဝက ပဲငံပြာရည်အချိုနဲ့သုပ်ရတာပါတဲ့၊ အဲ့တော့ စားရတာ အရသာက ချိုသလိုလေးတော့ရှိပါတယ်…။ ဒါပေမဲ့လဲ အရမ်းကြီးအီနေအောင်ချိုတာမျိုးမဟုတ်ပဲ ဆန်ပြားအရသာလေးပါပေါ်လွင်စေပါတယ်…။ ဟန်နီကတော့ အချိုသိပ်မကြိုက်လို့ အချဉ်နဲ့ အစပ်လေးထည့် ပြီး ပြင်ခိုင်းတော့လဲ ဆိုင်ကလူတွေကစိတ်ကြိုက်လုပ်ပေးရှာပါတယ်… :D သူကတစ်ပွဲမှ 1500 ထင်တယ်… ဟီး အစားကိုစိတ်ရောက်နေတာ ဈေးသေချာမကြည့်ခဲ့မိ … :P

နောက် ‪#‎အဖွားကြီးသုပ်‬ အဲ့ဒါကိုတော့ အဲ့ဆိုင်သွားဖူးတဲ့သူတိုင်းစားဖူးကြမှာပါ…။ သူကမြန်မာလိုပြောရမယ်ဆို အစုံသုပ်သဘောမျိုးပါပဲ… ဒါမဲ့ သူ့ရဲ့အရသာလေးကစားလိုက်တာနဲ့ တစ်မျိုးလေးခံစားသွားရတယ်…။ တစ်လုတ်စားလိုက်တာနဲ့ ကောင်းလိုက်တာဆိုတဲ့အရသာချက်ချင်းဖြစ်သွားစေတယ်…။ ဟင်းခါးတော့ပေးပါတယ် ဒါမဲ့ သွားတာကလဲနောက်ကျတော့ မုန့်ဟင်းခါးဟင်းရည်နဲ့ပဲသောက်လိုက်ရတယ်…။ မုန့်ဟင်းခါးဟင်းရည်လည်း မဆိုးဘူး ကောင်းတယ်… နောက်တစ်ခါသွားရင်စားမယ်တောင်တွေးမိလိုက်သေး…။ အဲ့ကတစ်ပွဲကို ၁၅၀၀ ပါပဲ…။

နောက်တစ်ခုက ‪#‎ဆိတ်ထောင်း‬ အရင် ဟန်နီစားဖူးတဲ့ဆိတ်ထောင်းတွေကျ… ဆိတ်သားခြောက်ကို ညက် နေအောင်ထောင်းပြီး အခြားကြက်သွန်ဖြူတို့၊ ငရုတ်သီးစိမ်း စတဲ့အစာပလာတွေနဲ့ထပ်ထဲ့ထောင်းတာမျိုး…။ ဒီဟာလေးကျတော့အဲ့လိုမဟုတ်ဘူး ဆိတ်သားကိုချောင်းချောင်းလေးတွေလုပ်၊ ပြီးတော့ ကြော်ပြီးထောင်းထား တဲ့ပုံမျိုးလေး… စားနေကျပုံမျိုးမဟုတ်ပဲ တမူထူးခြားတဲ့အရသာသစ်တစ်ခုကိုခံစားလိုက်ရပါတယ်… ဘော်ဒါတွေ လဲ မစားရသေးဖူးဆို စားကြည့်လိုက်ကြအုံးနော်….။ ဈေးကလဲ (၂၅၀၀)ဆိုတော့တကယ်ကိုတန်ပါတယ်…။

နောက်ဆုံးအနေနဲ့တော့ အအေးကို ဆားငံသီးဖျော်ရည်နဲ့ သံပုရာရည်ပဲသောက်ခဲ့ပါတယ်… ဒါတွေကတော့ပြောစရာမလိုတော့ပါဘူး… ရိုးရိုးလေးပါပဲ… ဆားငံသီးဆိုရင်လဲ ချဉ်ချဉ်လေးနဲ့ လန်းဆန်းသွားတဲ့ Feeling လေးခံစားရတယ်..။ သံပုရာရည်ကတော့ ဟန်နီက ၀ိတ်လျှော့နေတော့ အချိုလေးလျှော့ပီး သောက်ကြည့်တာပါ… :P တစ်ခွက်မှ ၁၀၀၀ကျပ် သာရှိလို့တန်ပါတယ်…။

ဒီဆိုင်ကိုကြည့်မယ်ဆိုရင် ဈေးအားဖြင့်လဲ အသင့်အတင့်ပါပဲ… (၁၅၀၀)၊ (၂၀၀၀) အဲ့ပတ်ဝန်းကျင်မှာပဲ ရှိပါတယ်… တချို့အသားပါတဲ့ဟာတွေမှ (၃၀၀၀)လောက်ရှိတာ ဆိုတော့ ကန်တော်ကြီးရောက်ရင် ဒီဆိုင်လေးကိုဝင်စားလိုက်ကြအုံးနော်… လူလဲများတတ်တာဆိုတော့ နေ့လည်ပိုင်းတို့၊ ညနေပိုင်းတို့သွားရင် စောင့်စရာမလိုပဲ ကိုယ်စားချင်တာလဲစားရမှာနော့…။ ဆိုင်ကလူများပြီးစောင့်ရတယ်ဆိုပေမဲ့လဲ တကယ်ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်လဲဖြစ်တယ် စောင့်ရတာနဲ့ထက် ပိုတဲ့အရသာကိုမြည်းစမ်းလို့ရမှာဆိုတော့ စားဖော်သောက်ဖက်အမျိုးတို့ သွားစားလိုက်ကြအုံးနော်….။

Honey ( MyLann)