မြေနီကုန်းက ချဉ်စပ်ခေါက်ဆွဲ ဆိုင် 4917 views


သိပြီးကြပြီလား…. စမ်းချောင်းလမ်းနဲ့ချမ်းသာလမ်းထောင့်နားက ချဉ်စပ်ခေါက်ဆွဲဆိုင်လေးရှိတယ်ဆိုတာ… ဒီဆိုင်လေးကို စမ်းချောင်းအနီးတဝိုက်ကလူတွေတော့သိကြမယ်ထင်တယ်။ ကိုယ်တွေလည်းစမ်းချောင်းဘက် ရောက်တိုင်းခဏခဏစားဖြစ်တယ်။ စားလို့ကောင်းပြီးဈေးတန်တဲ့ Street Food လေးတစ်မျိုးပါ... လမ်းထောင့်လေးမှာပဲခုံလေးတွေခင်းထားတယ်။

သူ့ဆီမှာ ချဉ်စပ်၊ ကြာဇံဆီချက်၊ ခေါက်ဆွဲဆီချက်တွေရတယ်။ နာမည်ကြီးအစားများတာတော့ ချဉ်စပ်။ အဲ့ဒီမှာ ကြာဇံချဉ်စပ်၊ ခေါက်ဆွဲချဉ်စပ်၊ နန်းပြားချဉ်စပ် အဲ့လိုမျိုးလေးတွေရတယ်။ သူ့ရဲ့ဆော့စ်အနှစ်ချဉ်ချဉ်လေးနဲ့ ငရုတ်သီးစပ်စပ်လေးနဲ့ဆိုတော့ ပူပူလေးနဲ့ ချဉ်စပ်လေး တော်တော်စားကောင်းတယ်။ တစ်ပွဲမှ (၄၀၀)ကျပ် ဒါဆိုရင်တော့အသားမပါဖူးပေါ့…. အသားပါရင်တော့ (၈၀၀)လားမသိဖူး… ဘာပဲဖြစ်ဖြစ်တော်တော်တန်တယ်။ ကိုယ်တွေလည်းတစ်ခါစားရင် နှစ်ပွဲလောက်တော့စားတယ်…

 

နေရာက စမ်းချောင်းလမ်းနဲ့ချမ်းသာလမ်း(မြေနီကုန်း City Mart နောက်လမ်း)ထောင့်မှာပါ… မြစံပယ်ဆိုတဲ့ဆိုင် မျက်စောင်းထိုးလေးမှာရှိပါတယ်… လမ်းထောင့်လေးနားမှာပါပဲ ခုံလေးတွေလည်းခင်းထားပါတယ်။

 

အော် ဒါနဲ့ ဒီဆိုင်ကညနေပိုင်းသုံး၊လေးနာရီမှဖွင့်တယ်။ (၇)နာရီလောက်ဆိုရဖို့မသေချာတော့ဖူး။ နောက်ပြီး တနင်္ဂနွေနေ့ဆိုလည်းပိတ်တယ်နော်

Honey(MyLann)

#MyLann #Online_Food_Guide #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy