ကော်ဖီချစ်သူ စာအုပ်ချစ်သူ တို့ အတွက် နေရာလေး တစ်ခု 811 views


မြန်မာပလာဇာ ကို ရောက်ရင် သွားလို့ ကောင်းတဲ့ ဆိုင်လေး တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဒါကတော့ ပလာဇာ ဒုတိယ အထပ်မှာ ရှိတဲ့ အင်းဝ စာအုပ်နဲ့ ကော်ဖီ ဆိုင်လေး ပါ။

ဒီဆိုင်လေးက ထူးခြားတယ် ။ စာအုပ်ဆိုင်နဲ့  ကော်ဖီဆိုင်ကို တွဲဖွင့်ထားပြီး မြန်မာဆန်ဆန် အဆင်တန်ဆာ၊ ဟန်းမိတ်ဒီဇိုင်းလေးတွေနဲ့  ဒီဆိုင်လေးကို ဖန်တီးထားတော့ တော်တော်လေး စိတ်ဝင်စားဖို့  ကောင်းတယ်။ ကိုယ်တွေ မြင်ဖူးသွားဖူးတာက စာအုပ်ဆိုင်ဆိုရင် စာအုပ် သီးသန့် နဲ့  ကော်ဖီဆိုင်ဆိုရင် ကော်ဖီသီးသန့် ရတဲ့ ဆိုင်တွေပဲ များတာကို ။ ဒီနေရာလေးမှာက ကော်ဖီကောင်းကောင်းသောက်ပြီး ကိုယ်ကြိုက်တဲ့ စာအုပ်တွေကို စိတ်ကြိုက် ရွေးဝယ်လို့ ရတယ်။ စိတ်ပါရင် ကော်ဖီတစ်ခွက်လောက်မှာပြီး အေးအေးဆေးဆေး စာဖတ်နေလို့ ရတယ်။ ကော်ဖီနဲ့ စာအုပ်ဆိုင်လေး ဆိုပေမဲ့ သူက လိုက်ဖက်မှု ရှိတယ်။ ဒါကြောင့် MyLann မိတ်ဆွေတွေကို ဖောက်သည်လေး ချပါရစေ။

" ကော်ဖီ ကောင်းကောင်းသောက်မယ် "

ကော်ဖီစေ့တွေကို ကျိတ်စက်နဲ့ ကျိတ် ၊ ကော်ဖီဖျော်စက်ထဲမှာ ထည့်ပြီး ကိုယ်မှာတဲ့ အရသာ ရအောင် သေသေချာချာလေး ဖျော်ပေးထားတယ်။ ကော်ဖီနံ့ မွေးမွေးလေးက တစ်ဆိုင်လုံးကို သင်းနေတော့ သောက်ချင်စိတ် ကို ထိန်းမရအောင်ပဲလေ။ ကော်ဖီကို အမျိုးအစား တော်တော်များများလည်း ရတယ်။ ကိုယ်အကြိုက်ဆုံးကတော့ နှပ်ဖျော် ကော်ဖီလေးပေါ့ ။ တစ်ခွက်မှ ၁၀၀၀ကျပ် နဲ့  အရသာရှိရှိ သောက်သုံးနိုင်တယ်။ တခြားအမျိုးအစားတွေ ဖြစ်တဲ့ Cappuccino ၊ Latte ၊ Espresso ၊ Mocha ၊ Hot Chocolate ၊ Green Tea စတာတွေပါ သောက်လို့ ရတယ်နော်။ အဲ့ ခေါင်းမကြည်ဘူးဆိုရင်တော့ သံပုရာသီးလေး ညစ်ထည့်ထားပေးတဲ့ Iced Americano ကို သောက်ကြည့် တော်တော်လေး ကောင်းတယ်။ ဒါကတော့ အင်းဝ ကော်ဖီဆိုင်က ကော်ဖီတွေပေါ့။ တစ်ခွက်ကို ၂၀၀၀ ကျော်ဝန်းကျင်ကနေ အစားစားရနိုင်ပါတယ်တဲ့။

"စာအုပ်ဝယ်မယ် ၊ စာဖတ်မယ်"

အမျိုးအစား တော်တော်စုံတဲ့ စာအုပ်တွေကို စိတ်ကြိုက် မွေနှောက် ရှာဖွေလို့ ရပါတယ်။ မြန်မာ စာရေးဆရာတွေရဲ့ စာအုပ် ၊ ရသ၊ သမိုင်း၊ ဗဟုသုတ စသဖြင့် အမျိုးအစား စုံတဲ့ စာအုပ်တွေ အပြင် ၊ နိုင်ငံခြားဘာသာ စာအုပ်ကောင်းတွေလည်း ရှိပါတယ်။ မြန်မာဘာသာလို စာအုပ်ကတော့ ပိုများပါတယ်။ ဒီဆိုင်လေးမှာကြိုက်တာ တစ်ခု စာဖတ်လို့ ရအောင် စားပွဲခုံလေးတွေကို ချစ်စရာလေး ဖန်တီးပေးထားတာပါ။ ဒီတော့ ကော်ဖီကောင်းကောင်း သောက်ရင်း စာဖတ်လို့ ရသလို ၊ Myanmar Plaza ထဲမှာ ရှော့ပင် ပတ်ပြီး အေးအေးဆေးဆေး နားလို့ လည်း ရပါတယ်။ အဲ့ဒီ စာအုပ်တန်းမှာ ကြိုက်တာ တစ်ခုက ကလေးတွေအတွက် Kid Space လေး တစ်ခု လုပ်ထားပေးတာပါ။ အဲ့ဒီတော့ မိသားစုလိုက် လာရင် ကလေးလေးတွေလည်း ပုံပြင် စာအုပ်လေးတွေ ဖတ်ပြီး ပျော့ပျောအိအိ အခင်းလေးတွေမှာထိုင်လို့ ရတာပါပဲ ။ကိုယ်တွေလည်း စိတ်ပါရင် ထိုင်လို့ ရပါတယ်။ တကယ်ကို စိတ်လည်း relax ဖြစ်တယ်

ကိုယ်ကြိုက်တဲ့ ကော်ဖီလေးလည်း သောက် စာအုပ်လေးလည်း ဖတ်ပြီး အချိန်ကုန်ဖို့ အကောင်းဆုံးနေရာလေး ပါ။ ကိုယ်တွေလိုပဲ စာဖတ်ရင်း အချိန်ကို အကျိုးရှိရှိ အသုံးလာချတဲ့ လူတွေလည်း တွေ့ တယ်။

အဲ့ ဒီဆိုင်က အစ်မကြီးကို မေးကြည့်တော့ နိုင်ငံခြားက ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကိုလည်း လှမ်းမှာလို့ ရတယ်တဲ့။ ပြီးတော့ မှာတဲ့ စာအုပ်တွေကိုလည်း ဈေးနှုန်း အသက်သာဆုံးထဲက ရှာမှာ ပေးတယ်လို့ ပြောပြတယ်။ ဒီတော့ ကိုယ်ကြိုက်တဲ့ နိုင်ငံခြားဘာသာ နဲ့  စာအုပ်တွေ ရှာမရရင် အဆင်ပြေတယ်။
ကဲ.. ကော်ဖီချစ်သူ စာပေချစ်သူတို့ ရေ .. ကော်ဖီကောင်းကောင်း သောက်ပြီး စာဖတ်မယ် ၊ စာအုပ်ဝယ်မယ် ဆိုရင် ဒီနေရာလေးက မဆိုးဘူး ။ တစ်နေရာထဲမှာ နှစ်မျိုးအဆင်ပြေတော့ တကယ်ကို ကျေနပ်မယ်လို့  ထင်ပါတယ်။ ကိုယ်ကတော့ Myanmar Plaza ရောက်တိုင်း သွားဖြစ်တယ်။ မရောက်သေးရင်တော့ သွားဖို့  အကြံပြုပါတယ်။ စာအုပ်ချစ်သူ ကော်ဖီချစ်သူတို့  သွားသင့်တဲ့ နေရာလေးပါလို့ 

ဒီဆိုင်လေး နေရာ အတိအကျကတော့…

Innwa Books and Café
အခန်း (206 D ) , မြန်မာပလာဇာ ဒုတိယထပ်
ကမ္ဘာအေး ဘုရားလမ်း ။
ဆိုင်အရှေ့ လေးမှာ ကလေး ကစားကွင်း အသေးစားလေး ရှိပါတယ်။

Fred (MyLann)