ဆူရှီ၊ ဂျပန်အစားစာကြိုက်သူတွေအတွက် #Color_Stones က #MR.ITCHII 561 views


ဒီတစ်ခါ MyLann ဘော်ဒါတွေကလက်တို့ပေးချင်တဲ့ဆိုင်လေးတစ်ဆိုင်ရှိတယ်။ Sushi ကောင်းကောင်း စားချင်နေကြတဲ့သူတွေ၊ ဂျပန်စာကိုမှ အရမ်း heavy မဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးစားချင်နေကြတဲ့သူတွေ အတွက် Color Stones ဆိုတဲ့ဆိုင်လေးရှိနေတယ်ဆိုတာလေးပါ။  အဲ့ဒီ #Color_Stones ဆိုင်မှာမှ တရုတ်အစားအစာ၊ ဂျပန်နဲ့ ထိုင်းအစားအစာတွေအစုံရတယ်။ ဒီတစ်ခေါက်ကိုယ်တွေစားခဲ့တာက #MR.ITCHII ရဲ့ ဆူရှီတွေ၊ Ramen တွေနဲ့ အခြားဂျပန်စာတွေစားခဲ့တယ်။

 

ဒီဆိုင်ကဖွင့်တာအနှစ်(၂၀)ကျော်လောက်ရှိပြီ။ ကျယ်လည်း ကျယ်တယ်၊ အပေါ်ထပ်နဲ့အောက်ထပ်ဆိုပြီးလည်းရှိတယ်။  တစ်ဆိုင်လုံးအကျယ်ကြီးမို့ ကြိုက်တဲ့နေရာထိုင်၊ ကြိုက်တာမှာ စားလို့ရပါတယ်။ ကိုယ်တွေတော့အပေါ်မှာပဲ အေးအေးဆေးဆေးထိုင်ခဲ့တယ်။  ☺☺

 

MR.ICHII မှာဆိုရင် Appetizer, Salad, Sushi, A La Cart Menu တွေ နောက် Lunch Set, Dinner Set တွေဆိုပြီးရှိပါတယ်။ ကိုယ်တွေတော့အရင်ဆုံး ဆူရှီမှာလိုက်တယ်။ ဆူရှီမှာဆိုရင် ပွဲကြီးနဲ့ပွဲသေးဆိုပြီးရှိတယ်။ ကိုယ်ကြိုက်တာကိုပဲစားချင်တယ်ဆိုရင်တော့ပွဲကြီးပဲမှာလိုက်ပေါ့။ အကယ်၍ ကိုယ့်အပေါင်းအသင်းတွေနဲ့ ပေါင်းပြီး မီနူးအစုံကိုစမ်းကြည့်ချင်တယ်ဆိုရင်တော့ ပွဲသေးတွေကိုပဲအစုံမှာစားပေါ့။ ပွဲသေးမှာဆို (၄)ခု၊ ပွဲကြီးက(၈)ခုပါတယ်။

 

ပထမဆုံးအနေနဲ့ ဆူရှီမှာဆိုရင် #Surf_and_Turf_Roll ဒီဟာလေးကိုတော့ပွဲသေးပဲမှာလိုက်တယ်။ အဲ့ဒီမှာဆိုရင် Beef Steak အပြင် Steak Sauce ပါပါတော့ Steak ရဲ့အရသာကိုပိုပြီးခံစားမိစေတယ်။ ပြီးတော့ Beef ကလည်း Import ယူထားတာတဲ့။ နောက် ဆန်ကလည်း ဂျပန်ဆန်ဆိုတော့ မာမာစီးစီးလေးရယ်။ သူကပွဲသေးကို (၆၀၀၀)

 

နောက်တစ်ခုက #Crazy_Salmon_Roll သူ့ရဲ့ထူးခြားတာလေးက Salmon ကိုမှ အစိမ်းထည့်ထားတာမဟုတ် ပဲ၊ နည်းနည်းလေးပြန်ကင်ထားတော့ အနံ့လေးလည်းမွှေးတယ်။ အထဲမှာသရက်သီးလေးလည်းပါတော့ စားရတာတော့ခပ်မိုက်မိုက်လေးနဲ့ သူကပွဲသေးကို (၄၄၀၀)ကျပ်ပါတဲ့။

 

နောက် #New_York_Roll သူကကျတော့ Salmon နဲ့ပဲလုပ်ထားတာ။ အဲ့ဒီမှာဆိုရင် Avocado အပြင်၊ Cheese လည်းပါလို့ အရသာကစိမ့်စိမ့်လေးရယ်။ ငါးအသားအေးအေးလေးနဲ့နးနူးညံ့ညံ့လေးဆိုတော့ ပိုစားကောင်းသွားတယ်။ သူ့ကိုကျ ပွဲကြီးမှာလိုက်တာ။ သူကတစ်ပွဲကို(၇၅၀၀)ကျပ်ပါ။

 

နောက်ထပ်ဘာစားခဲ့လည်းဆို #Soft_Shell_Crab_Salad  ဒါကတော့ကိုယ်တွေအကြိုက်ဆုံး