Craft Cafe - Coffee Shop 874 views


ရာသီဥတု ပူတာတော့ အထူးမပြောချင်တော့ပါဘူး ။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ ကော်ဖီဆိုင် ကောင်းကောင်းလေး ပြောပြမယ် ။

ဗိုလ်ရာညွန့် လမ်း နဲ့ နဝဒေးလမ်းဆုံက Craft Cafe လေးမှာ ကော်ဖီကောင်းတယ် ။ ပေါင်မုန့် မီးကင် Toast ကောင်းကောင်းလည်း ရတယ် ။ အဲကွန်းလည်း ကောင်းတယ် ။
ဆိုင်လည်းကျယ်ကျယ်ဝန်းဝန်းနဲ့ ထိုင်လို့ကောင်းတယ် ။ ဘော်ဒါတွေနဲ့ အေးဆေးစကားပြောမယ်ဆိုရင် အဆင်ပြေတယ် ။ အိမ်မပြန်ခင် အလုပ်ဆင်းချိန်လေး ဆုံကြမယ်ဆို ဒီနေရာလည်း မဆိုးဘူး ။အပေါ်ထပ် အောက်ထပ်ရှိတယ် ။ ဆိုင်လေးကလည်း ချစ်စရာ ကောင်းလို့ MyLann မိတ်ဆွေများအတွက် နေရာကောင်းလေးပါလို့ ။

Fred (MyLann)