Deli Ruby YGN 768 views


ပန်းဆိုးတန်း Ruby Mart အပေါ်ဆုံးထပ်က Deli Ruby YGN ဆိုတဲ့
ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်…

အဲ့ဆိုင်လေးမှာ မနက်စာတွေရော၊ နေ့လည်စာတွေပါရပါတယ်။
ထမင်းကြော်၊ ကြက်ကြော်၊ ကြက်ဆီထမင်း၊ Dim Sum, Hamburger, Sandwich အစုံပဲ။ ပြီးတော့ ဖာလူဒါ၊ ဒိုမီနို၊ ရေခဲမုန့်၊ နောက် လတ်ဆတ်တဲ့ အသီးဖျော်ရည် အဲ့ဒါတွေလဲရတယ်။ Ruby Mart မှာ ဈေးဝယ်ပြီးရင်အပေါ်မှာတက်ပြီးအေးဆေးနား လို့ရတာပေါ့ နော်။ ဟန်နီကနေ့လည်ပိုင်းဈေးဝယ်ပြီးမောမောနဲ့အအေးသောက်မယ်ဆိုပြီးအဲ့ဆိုင်လေးကိုရောက်သွားခဲ့တယ် ။သူကဆိုင်အနေနဲ့ရှိနေတာမဟုတ်ဘူး Food Court လိုပုံမျိုးလေးနဲ့… ပြီးရင် မှာပြီးတော့မှ ခုံတွေအများကြီးရှိတယ် အဲ့ခုံတွေမှာ ထိုင်စားလို့ရတယ်…ဟန်နီမှာလိုက်တာက Orange Juice နဲ့ ဒိုမီနို…. မှာပြီးတော့ခုံမှာထိုင်နေလိုက် တယ်။ ဘေးမှာလဲစားသောက်ဆိုင်တွေကြီးပဲ…သိပ်မကြာပါဘူး မှာထားတာတွေရောက်လာတယ် Orange Juice ကိုအရင် သောက်ကြည့်လိုက်တယ်။ မဆိုးဘူးရှင့် လတ်လတ်ဆက်ဆက်အသီးကိုဖျော်ထားတာ လက်ဖျော်တော့မဟုတ် ဘူး စက်ဖျော်ပါ… ချဉ်ပြုံးပြုံးလေးသောက်လို့ကောင်းပ၊ အခုလိုပူပြင်းတဲ့ရာသီဥတုနဲ့လဲ ကိုက်ညီတယ်လေ သောက်လိုက်တော့ အမောကိုပြေသွားတာပဲ…. တကယ်ကိုလန်းဆန်းသွားတယ်။ တစ်ခွက် မှ (၁၀၀၀)ဆိုတော့အရမ်းကိုတန်ပါတယ်။

နောက်တစ်ခုက ‪#‎ဒိုမီနို‬… သူကတော့သိကြတဲ့အတိုင်းပဲ ဘာမှသိပ်ထူးခြားပါဘူး။ သူ့မှာပါဝင်တာတွေက ပန်းသီး၊ ငှက်ပျောသီး၊ သခွားမွှေးနဲ့ ဖရဲသီးပါတယ်။ ပြီးတော့ရေခဲမုန့်… ရေခဲမုန့်ကသီးစုံအရသာ အရောင်ကတော့ စုံနေတာပဲ အဲ့အပေါ်မှာမှ ချယ်ရီသီးလေးတင်ထားတာ…အဲ့မှာထပ်ပါတာက ပင်ပွားအစိလေးတွေ။ သောက်ရတာ ရေခဲမုန့်နဲ့နို့အရသာကြောင့်ချိုအီတယ်လို့ထင်ရပေမဲ့ လတ်ဆတ်တဲ့အသီးတွေက အဲ့အရသာတွေကို အရမ်းမချိုသွားအောင်ထိန်းပေးပါတယ်။ ဒိုမီနိုကတစ်ခွက်မှ (၁၈၀၀)ကျပ်ထဲပါ… ပါတာတွေနဲ့ဆိုရင် ဈေးကအသင့်အတင့်ပါပဲ။

ခုတလောရာသီဥတုက ပူတယ်မို့လား… ဟန်နီကတော့ အေးမြပြီး လန်းဆန်းသွားမဲ့အရာတွေပဲသောက်ဖြစ်တယ်… ဘော်ဒါအကိုအမတွေ လဲ ရာသီဥတုပူပူမှာ ဈေးဝယ်ပြီးအေးဆေးနားပြီးစားသောက်လို့ရအောင် Ruby Mart အပေါ်ဆုံးထပ်က Deli Ruby YGN ဆိုတဲ့ဆိုင်လေးကိုသွားလိုက်ကြအုံးနော့်…စက်လှေကားနဲ့တက်သွားပြီးရင် ညာဘက်ကိုချိုးပြီးအထဲနဲနဲဝင်ရင် အဲ့ Food Counter လေးကိုတွေ့ရမှာပါရှင်။

ကဲ မြည်းစမ်းပြီးအခြေအနေလေး ပြန်ပြောကြအုံးနော့… အခုလိုရာသီဥတုနဲ့ကိုက်ညီတဲ့ အအေးလေးတွေရတဲ့ဆိုင်လေးတွေရှိရင် မျှဝေခဲ့ပါအုံးနော်။
အားလုံးကိုကျေးဇူးပါရှင့်

Honey ( MyLann)