ပူပြင်းတဲ့ အချိန် နွမ်းလျနေရင် သံပုရာရည် တစ်ခွက်သောက်ပါ 715 views


သံပုရာရည်ဟာ သဘာဝဆေးတစ်ခွက်ဆိုလည်း မမှားပါဘူး ။
နေပြင်းပြင်း ပူနေတဲ့ အချိန် အပြင်ကနေ ပြန်လာတဲ့ အခါ သံပုရာရည် တစ်ခွက်ကို ရိုးရိုးရေအေးအေး ၊ သကြားနည်းနည်း ၊ဆားနည်းနည်းခပ်ပြီး သောက်လိုက်ရင် ချက်ချင်း အမောပြေ လန်းဆန်းစေပြီး အပူဒဏ်ကို သက်သာစေပါတယ်။

အပူကြောင့် ခေါင်းကိုက်ခြင်းကိုလည်း ချက်ချင်း ပျောက်ကင်းစေနိုင်ပါတယ်။
အစာကြောင့် ဖြစ်တဲ့ အဆိပ်သင့်တာတွေကိုလည်း သံပုရာရည် တစ်ခွက်က ခြေဖြတ်ပေးနိုင်ပါတယ်။ အသားအရည် ကြည်လင်စေပါတယ်။
သံပုရာသီးကနေ ထုတ်ထားတဲ့ အဆီနဲ့  လုပ်ထားတဲ့ သဘာဝလိမ်းဆေးဟာ ဝက်ခြံကို ပျောက်ကင်းစေပြီး ဝက်ခြံဖြစ်စေတဲ့ ပိုးမွှားများကို ပါ သေစေနိုင်ပါတယ်တဲ့။

သံပုရာရည်မှာ ဗီတာမင်နဲ့ သတ္တု ဓာတ်များစွာ ပါဝင်ပါတယ်။ထိုထဲမှာမှ ပိုတက်စီယမ် ဓာတ်ဟာ အာရုံကြော စနစ်ကို ကောင်းစေပြီး သွေး ပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

ဗီတာမင် စီ များစွာ ပါဝင်တဲ့အတွက် တော်ရုံဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။ ကင်ဆာ ဖြစ်ပွားမှုကိုလည်း လျော့ချပေးနိုင်ပြီး ဝိတ်တက်နေသူများအတွက် အကောင်းဆုံး အဆီချ ဖျော်ရည်တစ်ခွက်ပါပဲ။ နေ့ စဉ် တစ်နေ့ ကို ဖန်ခွက်တစ်ခွက်လောက် ဖျော်သောက်ပြီး ညနေပိုင်းကို လက်ဖက်ခြောက်ရည်ထဲမှာ ပျားရည်နဲ့ ခပ်သောက်ပေးရင် လူကို ပေါ့ပါးစေပြီး ဝမ်းဗိုက်အဆီကို ချပေးပါတယ်။ဦးနှောက်ကို လန်းဆန်းစေတဲ့အတွက် ပတ်ဝန်းကျင် နဲ့  ရာသီဥတု အပြောင်းအလဲကြောင့် ခေါင်းကိုက်နေတယ်ဆိုရင် သောက်ပေးဖို့ အသင့်တော်ဆုံးပါပဲ။

Food guru (MyLann)