Pizza @Parami Pizza 926 views


" ပီဇာ ပီဇာ "

ပိတ်ရက်မှာ ဘော်ဒါတွေ စုပြီး တစ်ခုခု သွားစားမလို့  တိုင်ပင်တော့ အားလုံး အတူတူစားလို့ ရတဲ့ ပီဇာစားကြမယ်ဆိုပြီး ရွှေဂုံတိုင် နားက ပါရမီ ပီဇာဆိုင်ကို ချီတက်ခဲ့ကြပါတယ်။ ကိုယ်က ပီဇာက အရမ်းကြီး ကြိုက်လှတယ် မဟုတ်ပေမဲ့ ပီဇာလည်း ရောက်လာရော ခြေမြန်လက်မြန် တစ်ယောက် တစ်ခုစီ ဆွဲလိုက်ကြတယ်။

အဲ့ဒီမှာ ကိုယ်အရင်က စားဖူးတဲ့ ပီဇာတွေနဲ့ ယှဉ်ကြည့်ရင် တော်တော်လေး ပိုကောင်းနေသလို ခံစားရတယ်။ ပီဇာရဲ့ မုန့် အသား ရယ် ပါတဲ့ အမယ်တွေရယ် ပါ။ ဖုတ်ထားတဲ့ မုန့် အသားက အရမ်းမထူဘဲ ရွရွလေးနဲ့  စားရတာ အဆင်ပြေတယ်။ အထဲမှာပါတဲ့ ချိစ်ကလည်း ပီဇာအပြားနဲ့ ကွတ်တိ အပြည့် ၊ သုံးထားတဲ့ ဆော့နဲ့ အဆာပလာတွေကလည်း အရသာရှိလို့  ကောင်းတယ်နော်လို့  ဘော်ဒါတွေ အချင်းချင်း တိုင်ပင်မထားဘဲ ပြောမိကြတဲ့ အထိပါ။

ဈေးနှုန်းကလည်း ပါတဲ့ အမယ်နဲ့  ထည့်တဲ့ အဆာပလာတွေကွဲရင် ကွဲသလို ဈေးရှိပါတယ်။ ကိုယ်တွေ မှာစားဖြစ်တာကတော့ ပါရမီ ပီဇာ ကို ပုံမှန်က Bacon နဲ့  စားကြပေမဲ့ ပါလာတဲ့ ဘော်ဒါတစ်ယောက်က Bacon မကြိုက်ဘူး ဆိုလို့  ကြက်သားနဲ့ မှာဖြစ်ပါတယ်။ တစ်ခြပ်ကို တစ်သောင်းကျော် ဝန်းကျင်ပါ။ လူကတော့ လေးယောက်လောက် ကောင်းကောင်း စားလို့ ရပါတယ်။

စားရင်းရေဆာလာလို့  ရေတောင်းတော့ ရေပုလင်းလေးနဲ့ လာထည့်ပေးပြီး အဲ့ဒီ ရေပုလင်းအတွက် Charge ယူပါတယ်။

ရန်ကုန်မြို့ ထဲမှာ ပီဇာ ဆိုင်တွေ တော်တော်များများရှိပါတယ် ။ ဒီအထဲမှာ ပါရမီ ပီဇာဆိုင်ကလည်း အက်မင် ကြိုက်တဲ့ ပီဇာတစ်ခုပါပဲ။ MyLann မိတ်ဆွေတို့ ရော ဘယ်ဟာကို ပိုကြိုက်ကြသလဲ။ မန့် ခဲ့ပါအုံးနော်။

Fred ( MyLann)