TGIF မှာ အေးအေးဆေးဆေးထိုင်လို့ကောင်းတဲ့ နေရာလေး တစ်ခု ရှာနေသူတွေအတွက် ဒီမှာ Epic Bar & Restaurant 693 views


ဒီဆိုင်လေးက ချော်တွင်းကုန်းနားမှာရှိတာပါ။ ဆိုင်နားကအမြဲဖြတ်သွားပေမဲ့ တစ်ခါမှတော့မထိုင်ဖူးဘူး။ အခုမှမတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့အေးဆေးတွေ့မလို့ ဒီနေရာလေးမှာ ချိန်းလိုက်တယ်။ ညနေပိုင်းဆိုတော့ ဆိုင်လေးက လူသိပ်မရှုပ်ဘဲ အေးအေးဆေးဆေးရှိတယ်။

ဆိုင်ရဲ့ပုံစံက

ဆိုင်ကနှစ်ထပ်ရှိတယ်။ အောက်ထပ်မှာဆိုရင်တော့ Bar Counter လေးရှိတယ်။ အဲဒီမှာလဲထိုင်လို့ကောင်းပေမယ့် အေးအေးဆေးဆေးလေးနဲ့ထိုင်ချင်တဲ့သူတွေအတွက် အပေါ်ထပ်မှာဆိုထိုင်လို့ပိုကောင်းမယ်။ Bar တစ်ခုအနေနဲ့ လိုက်ဖက်မှုရှိတဲ့ပန်းချီကားလေးတွေလဲ ချိတ်ထားတယ်။ ထူးထူးခြားခြားကြီးပြင်ဆင်ထားတာမျိုးမဟုတ်ပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ မျက်စိအေးတဲ့ပုံစံမျိုး၊ လုံးဝအငြိမ်ဇယားလေးဖန်တီးထားတယ်။ ဖွင့်ထားတဲ့သီချင်းတွေကလဲ ဝုန်းဒိုင်းနဲ့ဆူညံတဲ့ပုံစံမျိုးမဟုတ်ပဲ အေးအေးဆေးဆေးရှိတဲ့ Cover Song လေးတွေပဲဖွင့်ထားတယ် ဆိုတော့ တကယ်ကိုအေးအေးဆေးဆေး၊ နားအေးပါးအေး ထိုင်ချင်တဲ့သူတွေအတွက် တကယ်ကိုနေရာကောင်းလေးတစ်ခုပါ။

ဆိုင်မှာရတာတွေက

European နဲ့ Asian အစားစာတွေရတယ်။ Burger, Sandwich, Snack, Appetizer နဲ့ Finger Food တွေအပြင် အခြား BBQ, Rice & Noodle, Soup တွေလဲရတယ်။ Bar နဲ့ပက်သက်ရင် Cocktail, Mocktail, Wine တွေရတယ်။

ဈေးနှုန်းတွေက

တစ်ပွဲကို လေးထောင်ကနေ ရှစ်ထောင်အဲ့ဒီပတ်ဝန်းကျင်မှာပဲရှိတယ်။ တကယ့်တကယ် အေးအေးဆေးဆေးရှိတဲ့ ဒီလိုအနေအထားနဲ့ ပေးရတဲ့ဈေးကတန်တယ်လို့ထင်ရတယ်။

မှာစားခဲ့တာတွေက

သူငယ်ချင်းတွေက တစ်ယောက်က European, တစ်ယောက်က Asian နဲ့။ တစ်ယောက်တစ်မျိုးနဲ့ကိုဖြစ်နေကြတာ။ နောက်ဆုံး European အစားစာစားချင်တဲ့သူတွေအတွက် Beef Steak, Hamburger, Spaghetti နဲ့ Asian အစားစာကြိုက်တဲ့သူတွေ အတွက်က ထိုင်းစာ ဖက်ထိုင်းနဲ့ (၁၂)မျိုးဟင်းချိုတွေမှာလိုက်တယ်။

ပထမဆုံး ‪#‎BeefSteak‬ အဲ့မှာဆိုရင်သူ့ရဲ့အဓိကက ကိုယ်တိုင်လုပ်ထားတဲ့ Home made Sauce ပါတယ်၊ အာလူးကြော်ပါတယ်။ မှိုတွေလဲပါတယ်။ ငရုတ်သီးတွေကိုဆိုရင်လဲ အဝါ၊အစိမ်း၊အနီ Colour သုံးရောင်စပ်ကိုကြည့်လို့လဲ လှအောင်သုံးထားတယ်။ အမဲသားက မိုးခိုသားကိုသုံးထားတယ်။ သူကတော့ Local အသားကိုမှ၊ ကောင်းကောင်းလေးသုံးထားတာ။ အမဲသားကိုအရသာစပ်တဲ့အခါ ငရုတ်ကောင်းကိုထောပတ်နည်းနည်းထည့်ပြီးနယ်ထား သေးတယ်ဆိုတော့ သူ့ရဲ့အရသာကအသားထဲစိမ့်ဝင်ပြီး Sauce လေးလေးနဲ့အမဲသားရဲ့အဆိမ့်ပေါင်းထားတဲ့အရသာမျိုး ထွက်လာတယ်။ သူကတစ်ပွဲကို (၈၅၀၀)။ သူက(၇)မိနစ်လောက်တော့ကြာတယ်တဲ့။

နောက် ‪#‎FishBurger‬ သူ့မှာဆိုရင် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး (3colour) ထည့်ထားတယ်။ အဲ့တာတွေကိုမှ အစိမ်းစော်မနံအောင် BBQ သဘောမျိုးကင်ထားတယ်။ငါးအသားပြားကိုကျတော့ ငရုတ်ကောင်း၊ကြက်ဥအနှစ်၊ ဂျုံမှုန့်တွေနဲ့ ရောမွှေပြီးတော့မှ အပေါ်ကပေါင်မုန့်ခြောက်ကပ်ပြီးပြန်ကြော်ထားတယ်။ အသားကလဲ ကြက်၊ ဝက်၊ အမဲ၊ ငါး ကြိုက်တဲ့အသားနဲ့လုပ်လို့ရတယ်။ အသားပြားတွေ၊ Cheese ပြားတွေထပ်ထည့်ချင်လဲထည့်လို့ရတယ်။ အဲ့ဒီအပေါ်မူတည်ပြီးတော့တော့ဈေးနှုန်းကကျသွားမှာပေါ့နော်။ ပုံမှန် Burger တစ်လုံးဆို (၄၀၀၀)ကနေ (၇၀၀၀)အတွင်းမှာ ရှိတယ်။ ဟန်နီတို့မှာခဲ့တာကတော့တစ်လုံးကို (၄၅၀၀)ပါပဲ။ သူ့မှာလဲ Home made အာလူးကြော်ထည့်ထားတယ်။ သူကအချိန်(၅)မိနစ်လောက်တော့ အနဲဆုံးကြာတယ်။

ပြီးတော့ ‪#‎Spaghetti_Bolognese‬ အမဲသားဆော့စ်။ အမဲသားကိုအတုံးတုံးလေးတွေလုပ် ဆော့စ်ချက်ထားပြီးသာကိုမှ ကြက်သွန်ဖြူ၊နီ၊မုန်လာဥနီ နဲ့ Origano ငရုတ်ကောင်းတွေထည့်ပြီးချက်ထားတယ်။ အဲ့ဒီအပေါ်မှာမှ Prmesal Cheese မှုန့် အဲ့ဒါကိုဖြူးလိုက်တာ။ ဆိုတော့ အဲ့ အမှုန့်ကနည်းနည်းလေးငံတဲ့အရသာမျိုးရှိတယ်။ အမဲသားကအတုံးတုံးလေးတွေပဲပါတယ် ဆိုပေမဲ့ သူ့ရဲ့အနံ့လေးကသင်းသင်းလေးမွှေးတယ်။ ဒီမှာတစ်ခုက ခေါက်ဆွဲဖတ်ကို အလိမ်၊အချောင်း၊အပြားရယ်ထဲမှာမှ ကိုယ်ကြိုက်တာပြန်ရွေးချယ်လို့ရတယ်။ သူက သုံး၊လေးမိနစ်လောက်တော့စောင့်ရတယ်။ တစ်ပွဲကို (၆၀၀၀)။

နောက် ‪#‎ဖက်ထိုင်း‬ PhaThai ပြောရမယ်ဆိုရင်တော့ထိုင်းစတိုင်ခေါက်ဆွဲကြော်ပေါ့နော်။ ထိုင်းလူမျိုးတွေရဲ့ Favourite အစားအစာတစ်ခုပါ။ သူရိုးရိုးခေါက်ဆွဲကြော်ပုံမျိုးတော့မဟုတ်ဘူး။ ပြင်ဆင်ထားတဲ့ ပုံက အမြင်လေးကိုကနည်းနည်းလေးဆန်းတယ်။ ခေါက်ဆွဲကြော်ထားတာတွေကိုမှ ကြက်ဥကြော်အပြန့်ထားထားတဲ့အပေါ်ကို ထည့်လိုက်ပြီးတော့ ပြန်ထုတ်လိုက်တဲ့သဘောမျိုးပဲ။ သူကမန်ကျည်းအနှစ်နဲ့ပဲအဓိကထည့်ကြော်ထားတယ်၊ သဘာဝပစ္စည်းတွေပဲဆိုတော့ ကျန်းမာရေးနဲ့လဲညီညွတ်စေတယ်။ သူ့ကိုက ကြက်၊ ဝက်၊ Seafood နဲ့ရတယ်။ ဟန်နီတို့ကပုစွန်တစ်မျိုးထဲနဲ့ပဲမှာလိုက်တယ်။ ပုစွန်ကအပေါ်မှာတစ်ကောင်ပဲတွေ့တယ်။ နောက်မပါပါလား၊မပါပါလားနဲ့ စားရင်းနဲ့မှအောက်မှာလေးကောင်ထွက်လာတယ် ဆိုတော့ ပုစွန်ငါးကောင်းပါတယ်ပေါ့။ သူကအချိန်ငါးမိနစ်လောက်တော့ပေးရတယ်တဲ့။ တစ်ပွဲကို (၅၀၀၀)။

နောက်ဆုံးတစ်ခုက #(၁၂)မျိုးဟင်းချို အသီးအရွက်(၁၂)မျိုးပါတယ်။ အဲ့မှာဆိုရင်လဲ ကြက်၊ ဝက်၊ Vegetable တွေနဲ့ရတယ်။ ဟန်နီတို့တော့ Vegetable နဲ့ပဲမှာလိုက်တယ်။ သူကမုန်လာဥနီ၊ ကြံမဆိုင်၊ မျှစ်၊ မှို(၃)မျိုး၊ ပဲပင်ပေါက်တွေအပြင်အခြားအရွက် တွေလဲပါတယ်။ အဲ့ဒါတွေကိုမှ ငရုတ်သီးအစိမ်းတောင့်ထည့်ပြီး သံပုရာသီးညှစ် ချက်ထားတော့ ပူပူချဉ်ချဉ်စပ်စပ်လေး။ ရှူးရှဲ ကြိုက်တဲ့သူတွေအတွက်တော့ Speical ပဲ။ ဒီဟင်းရည်ကကျတော့မြန်မာပင်စိမ်းတွေရော၊ယိုးဒယားပင်စိမ်းတွေပါပါတယ်။ ပြီးတော့ ဒီဟင်းရည်က သောက်လိုက်ရင် ခံတွင်းရှင်းစေတာတို့၊ လည်ချောင်းမကောင်းလို့ ထမင်းစားမကောင်းတဲ့သူတွေ အတွက် သင့်လျော်စေတဲ့ဟင်းရည်တစ်ခွက်ဆိုပြီးတော့လဲ ညွှန်ပေးထားတယ်။ သူကတစ်ပွဲကို (၄၀၀၀)။ သူကတော့ (၅)မိနစ် လောက်တော့စောင့်ရတယ်။

စားပြီးတော့ သူငယ်ချင်းတွေကတော့ Cocktail သောက်ခဲ့ကြတယ်။ Tokyo Sour နဲ့ Strawberry Snow Queen. Tokyo Sour ကကျတော့နည်းနည်းလေးပျော့တယ်။ ဒါကမိန်ကလေးတွေအသောက်များတဲ့ Cocktail တစ်မျိုးပါတဲ့။ နောက် Strawberry Snow Queen အဲ့တာကကျတော့နည်းနည်းလေးပြင်းသလိုလေးရှိတယ်။ ဒါကိုကျတော့မိန်းကလေးတင်မကပဲ ယောင်္ကျားလေးတွေပါအကြိုက်များတယ်တဲ့။ ဟန်နီစပ်စုခဲ့သလောက်တော့ ဒီ Cocktail တွေဟာဆိုရင် Epic Bar ရဲ့ ရောင်းအားအကောင်းဆုံး၊ လူကြိုက်အများဆုံး Signature Cocktail တွေ၊ ပြီးတော့အဲ့ဒီမှာပါတဲ့ Recepe တွေကဆိုရင်လဲ ကိုယ်တိုင်လုပ်ထားတာတဲ့။ အဲ့တာတွေကတော့တစ်ခွက်ကို (5500)ပါ။

Promotion အနေနဲ့ဆိုရင်

အခုချိန်မှာ Happy Hour Promotion လေးရှိတယ်။ ဒီမှာဆိုရင် နေ့လည်(၁)နာရီကနေ ညနေ(၆)နာရီအတွင်းမှာ Myanmar C Beer တစ်ခွက်သောက်ရင် တစ်ခွက် Free နဲ့ Cocktail နှစ်ခွက်သောက်၊ တစ်ခွက် Free ပေးနေပါတယ်။

Information အနေနဲ့ပေးချင်တာဆိုရင်

ဒီမှာ မွေးနေ့ပွဲ၊ Staff Party နဲ့ မိတ်ဆုံးစားပွဲတွေ အဲ့လိုလုပ်ချင်တဲ့သူတွေအတွက်လဲ အပေါ်ထပ်တစ်ထပ်လုံးကို ဈေးနှုန်းလဲ အသက်သာဆုံးဖြစ်အောင်အကုန်လုံစီစဉ်ပေးတယ်။ ဒီဆိုင်ရဲ့အားသာချက်က Car Parking ရှိတဲ့အတွက် ကားရပ်ရ အဆင်ပြေတယ်။ နောက် ဆိုင်က မနက် (၁၁)နာရီကနေ ည(၁၁)နာရီအထိဖွင့်တယ်။ လိပ်စာက အမှတ် (၄၁)၊ ပါရမီလမ်းနှင့် နှင်းဆီလမ်းထောင့်၊ ရန်ကင်းမြို့နယ်မှာပါ။ 09-255863839, 09254803839 အဲ့ဖုန်းကတော့ဆိုင်ဖုန်းနံပါတ်ပါ။

ကဲ ! သူငယ်ချင်းတွေ၊ ဘော်ဒါတွေနဲ့ Hangout လုပ်ချင်တဲ့သူတွေ၊ အေးအေးဆေးဆေးထိုင်လို့ကောင်းတဲ့နေရာရှာနေသူတွေ နဲ့ မွေးနေ့ပွဲ၊ ပါတီပွဲတွေအတွက် ဆိုင်ရွေးနေတဲ့သူတွေကို European အစားအစာအပြင် Asian အစားအစာလေးတွေပါရနိုင်တာ မို့ ဒီ Epic Bar & Restaurant ဆိုတဲ့ဆိုင်လေးကိုညွှန်ပေးခဲ့ပြီနော်။

Honey ( MyLann)

‪#‎MyLann‬ ‪#‎Foodguide‬ ‪#‎Foodinyangon‬ ‪#‎FoodieMyanmar‬ ‪#‎Restaurant‬ ‪#‎Epicbar‬ ‪#‎Barinyangon‬