Feel ညဈေးတန်း ဒီဆိုင်လေးကတော့ တော်တော်များများ ပြောနေကြတာ ကြာပြီ 773 views


အခုမှပဲ ရောက်ဖြစ်တယ်။ ပြည်ထောင်စု ရိပ်သာလမ်းထဲက Feel ညဈေးတန်း ဆိုတာလေးပါ။ သူက ပုံမှန်မနက်ပိုင်း ၊ နေ့ လည်ပိုင်း တွေ ရောင်းနေတာကြာပါပြီ ။ အခုနောက်ပိုင်းမှ လမ်းပေါ်ဘက်ကို နည်းနည်းချဲ့ပြီး ညဈေးတန်းလေး လုပ်ထားတာ ။ စားစရာကတော့ တော်တော်စုံတယ်လို့ ပြောလို့ ရတယ်။ ညနေခင်းကနေ ည၁၀ နာရီလောက် အထိ တော်တော်စုံစုံရတယ်။ ဘာတွေရသလဲ အကင်အစုံအလင် ၊ မြန်မာထမင်းဟင်း ၊ ထမင်းကြော်၊ ဟင်းတွေလည်း တော်တော်စုံတယ်။ နောက်ပြီး ကတ်ကြေးကိုက် တို့  ၊ စမူဆာသုပ် ၊ အကြော်ဆုံ ၊ ကောက်ညှင်းပေါင်း နဲ့ မနက်ပိုင်းမှာပဲ ရတဲ့ အစားအစာတွေ ရတယ်။ ဗိုက်ဆာနေတဲ့ သူအဖို့ ကတော့ စားချင်စရာတွေချည်းပဲ ။ သူက စားပွဲခုံလေးတွေနဲ့ စားစရာတွေကို ခင်းထားပေးတယ်။ ကိုယ်စားချင်တာကို လှည့်ပတ်ကြည့်ရှုပြီး ကြိုက်ပြီဆိုရင် အဲ့စားပွဲမှာပဲ ဝယ်ပြီး သယ်သွားရုံပဲ။ အရှေ့ မှာ ခင်းပေးထားတဲ့ ထိုင်ခုံတန်းကြီင်္းမှာ စားကြတယ်။ လူတွေလည်း တော်တော်များတယ်။ ဒါပေမဲ့ လူထပ်တော့မထပ်ဘူး စားပြီး ထသွားကြ နဲ့  အပြင်ဘက်မှာတော့ ဇိမ်ခံပြီး စားလို့ ကတော့ အဆင်မပြေပါဘူး။ တစ်ခါတလေ..နေရာလေး လုရတယ်။ :P မြန်မာစတိုင် စားစရာတွေ ပိုများတော့ ကိုယ်တွေအကြိုက်ပဲလေ။ ပြည်ပက အလယ်လာတဲ့ ဘော်ဒါတွေ ရှိရင်လည်း ဒီနေရာလေးကို ခေါ်သွားသင့်တယ်။ မြန်မာစားစရာတွေ ပေါလို့ လေ။ သန့် သန့် ရှင်းရှင်းရှိတယ်။ ဈေးကလည်း မဆိုးဘူး ။ ပုံမှန်ပဲ။ အားလုံးကတော့ ပုံမှန်စားနေကြ အစားအစာ မီနူးတွေဆိုတော့ ထူးထူးဆန်းဆန်း ရေးစရာတော့ မရှိဘူး ။ ဒါပေမဲ့ အစားအစာချစ်သူများ ညဘက် ဗိုက်ဆာရင် သွားလို့ အဆင်ပြေတဲ့ တစ်နေရာအဖြစ် မျှဝေလိုက်ပါတယ်နော်။ ဆိုင်တွေကတော့ ည ဆယ်နာရီလောက်ဆိုရင် အမယ်မစုံတော့ဘူး ဆိုတော့ နည်းနည်းစောစောလေး သွားမှ စားချင်တာလေးတွေ ရွေးစရာများမှာပါ။ နေရာကတော့ ပြည်ထောင်စု ရိပ်သာလမ်း ၊ ဘတ်စ်ကားနဲ့ လာရင် ပြည်လမ်း ဟယ်ပင်မှတ်တိုင်မှာ ဆင်းပြီး ပြည်ထောင်စု ရိပ်သာလမ်းထဲ ဝင်သွားရင် တွေ့ မှာပါ။ ကိုယ်ပိုင်ကား ၊ အငှားကားနဲ့ လာတဲ့ သူတွေဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ Fred ( MyLann) #MyLann #Foodinyangon #Foodiemyanmar