စမ်းချောင်းတစ်ခွင်မှ လူကြိုက်များတဲ့ ဆိုင်များ 2832 views


စမ်းချောင်းမြို့ နယ်ကို ရောက်လာပြီ ဆိုရင် အရေးကြီးတာကတော့ စားဖို့ သောက်ဖို့ ဆိုင်ကောင်းကောင်း ရှာဖို့ ပါပဲ။

ဒီတော့ မျက်စိလည် လမ်းမှားလို့  စမ်းချောင်းဘက် ရောက်လာပြီဆိုရင်
စားလို့  ကောင်းတဲ့ ဆိုင်ကောင်းကောင်း မရှာတက် မဖြစ်ရလေအောင် စမ်းချောင်းတစ်ဝိုက် ၊ မြေနီကုန်း တစ်ဝိုက်က လူကြိုက်များပြီး စားလို့  ကောင်းတဲ့ ဆိုင်လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ဒီစုစည်းမှုကတော့ MyLann အဖွဲ့ သားများမှ မေးမြန်းစူးစမ်း စပ်စုရင်း မျှဝေပေးတာ ဖြစ်ပါတယ်။ tongue emoticon

"Agape ( အဂါပေ)"
ရွှေပြည်အေးလမ်း၊ စမ်းချောင်း။ (ရှမ်းလမ်းမှတ်တိုင်အနီး)

ဒီဆိုင်လေးကတော့ ကချင်အစားအစာတွေ ရနိုင်ပါတယ်။ နာမည်ကြီးတဲ့ အစားအစာတွေကတော့ ကချင်ထမင်းကြော်၊ ကချင်ထမင်းထောင်း၊ ကြက်ဥပေါင်း၊ ကြက်ခြေထောက်သုပ်အေးအေးလေး၊ အမဲခြောက်ထောင်းသုပ်၊ ဖက်ထုပ်ကြော် နဲ့ အအေးမှာဆိုရင် ချဉ်စော်ကားသီးဖျော်ရည်တို့ ပါ။ဈေးနှုန်းကလည်း သင့်ပါတယ်။ တစ်ခုရှိတာက တနင်္ဂနွေဆို ဆိုင်ပိတ်ပါတယ်။

" ချဉ်ငံစပ် "
ရှမ်းကုန်းလမ်း ၊ ယခင် Blazon ဘက်

မြစ်ကြီးနားဒေသ ဘက်စားစရာ ဆိုင်လေး ဖြစ်ပါတယ်။ဒီဆိုင်က ဆိတ်သားထောင်းနဲ့ ခေါပုတ်သုပ် ကတော့ ကိုယ့်အကြိုက်ပါ။ ကချင်ပြည်နယ်ဘက်က လူကြီးလူငယ်မရွေးကြိုက်ကြတဲ့ အစားအစာတွေပါ။ ချဉ်ငံစပ် ဆိုတဲ့ အတိုင်းအရသာကလည်း ချဉ်ငံစပ်မိုလို့  ရှူးရှူးရှဲရှဲနဲ့ စားသောက်ရမှာပါ။ ဖွင့်ချိန်က နေ့ လည် ၂ နာရီ ကနေ ည ၈နာရီအထိပါ။ ဒါပေမဲ့ စားကောင်းတဲ့ မီနူးတွေက စောစောကုန်တက်လို့  စောစောသွားနိုင်ရင် အကောင်းဆုံးပါ။

"The Milk Bar"
အမှတ် (၆၃)၊ စမ်းချောင်းလမ်း၊ စမ်းချောင်း။

ဒီဆိုင်လေးက နို့နဲ့ပက်သတ်တဲ့ Dessert တွေအကုန်ရတယ်။ ဖာလူဒါ၊ ဒိုမီနို၊ ဒိန်ချဉ်၊ ကူဖီးလ်မလိုင်၊ နို့အေး၊ ရေခဲမုန့် နဲ့ အခြား Snacks တွေပေါင်းစုံရပါတယ်။ ဈေးအားဖြင့်ဆိုရင်လဲ (၁၀၀၀) နဲ့ (၂၀၀၀)ကြားပဲရှိပါတယ်။ ဆိုင်လေးကလဲအေးအေးဆေးဆေးရှိပြီး Wifi လေး သုံးရင်း အေးဆေးထိုင်လို့  ကောင်းပါတယ်။ ဆိုင်လေးကလည်း ချစ်စရာလေး မို့ လို့  တစ်ခါသွားဖူးရင် နောက်တစ်ခါ ထပ်သွားချင်မှာ အသေအချာပါပဲ။

"မင်္ဂလာလမ်း ကွေ့တီယို"
မင်္ဂလာလမ်း၊ စမ်းချောင်း။

ဒီဆိုင်လေးက ကွေ့တီယိုကြိုက်ကြတဲ့လူတိုင်းသိမှာပါ။ မင်္ဂလာလမ်းထဲ၊ ပဒုမ္မာလမ်း ဘက် အခြမ်းမှာ ရှိပါတယ်။ ကိုယ်တွေ စမ်းချောင်းတစ်ခွင် ရွာရိုး လျှောက်ခဲ့တုန်းက စစားဖူးတဲ့ဆိုင်လေးပါ။ တိုဖူးကြော်လည်း ကောင်းပါတယ်။ အသီးဖျော်ရည်တွေလည်း ရပါတယ်။ နောက်ပြီး ရှမ်းအစားအစာ နဲ့ ခေါက်ဆွဲတွေလည်း ကောင်းပါတယ်။

"Ice Maniacs"
ပဒုမ္မာလမ်း၊ စမ်းချောင်း။

ပဒုမ္မာလမ်းထဲက ဒီဆိုင်လေးက ရေခဲမုန့်ကြိုက်တဲ့ သူတွေအတွက်တော့လက်စွဲပါ။ရေခဲမုန့် ကို အလိပ်လေးတွေ ဖြစ်အောင် ကိုယ်တွေရှေ့ မှာပဲ လုပ်ပြတာဆိုတော့ ကြည့်ရင်း သွားရေယိုမိမှာ အသေအချာပဲ ။ဒီရေခဲမုန့် လေးကိုင်ပြီး လမ်းလျှောက်စားရတာက ကလေးဘဝပြန်ရောက်သွားသလိုပါ။

"အောင်ကောင်းစံ စားဖွယ်စုံ"
စမ်းချောင်းလမ်း၊ စမ်းချောင်း။

အောင်ကောင်းစံမှာတော့ လက်ဖက်ရည်နဲ့ မြန်မာအစားအစာတွေ၊ တရုတ်အစားအစာတွေ၊ အအေးတွေရပါတယ်။ သူက ညလုံးပေါက်ဖွင့်တဲ့ဆိုင်ဆိုတော့ ညဘက်ထိုင်ချင်တဲ့ဘော်ဒါတွေအတွက်လဲအဆင်ပြေတာပေါ့နော်။ အဲ့ဆိုင်ကလူရှင်းတယ်လို့ကိုမရှိပါဘူး။ စားချင်တာလဲအကုန်ရတော့ အချိန်ပြည့်လူပြည့်နေတာထင်ပါတယ်။ အဲ့ဆိုင်ရောက်ရင် အမြဲစားဖြစ်တာကတော့ နံပြားအုပ်သုတ် နဲ့ ပေါ့ဆိပ်တစ်ခွက်ပေါ့။

"Ice Berry စမ်းချောင်းလမ်း"
စမ်းချောင်းလမ်း၊ စမ်းချောင်း။ (Shwe Apple Hot Pot ဘေး)

ဒီဆိုင်လေးက စမ်းချောင်းလမ်းထဲမှာလူငယ်တွေအကြိုက်များတဲ့ဆိုင်ပါပဲ။ ဆိုင်ကအေးအေးဆေးဆေးလဲရှိတယ် အပေါ်ထပ်မှာဆိုရင်လဲ စာဖတ်ချင်တဲ့သူတွေအေးဆေးဖတ်လို့ရတယ်။ နောက်ပြီး သူငယ်ချင်းတွေ၊ အတွဲတွေ တကယ်ကိုထိုင်လို့ကောင်းတဲ့ဆိုင်ပါ... အခြားဆိုင်တွေလို သီချင်းအကျယ်ကြီးဖွင့်တာမျိုးမဟုတ်ပဲ သူ့ဟာလေးနဲ့သူအေးဆေးနဲ့ ထိုင်လို့ကောင်းပါတယ်။ ဆိုင်အပြင်အဆင်လေးက တခြားဆိုင်တွေနဲ့  မတူလို့  သဘောကျတဲ့ ဆိုင်လေးပေါ့။

"Shwe Apple Hot Pot "
အမှတ်(၁၃၈)၊ စမ်းချောင်းလမ်း၊ စမ်းချောင်း။

Hot Pot ကြိုက်တဲ့သူတွေအတွက်လဲ ဒီဆိုင်လေးကိုထည့်ပေးထားတယ်နော်။ စမ်းချောင်းလမ်းထဲမှာ ဒီဆိုင်လေးကဈေးလဲတန်တယ်၊ စားရတာလဲကောင်းတော့ လူကအမြဲပြည့်နေတာ။ ထူးခြားတာလေးကဒီဆိုင်ကအချိုမှုန့်မသုံးတာပါ။ နောက်ပီး Main Pot မှာရင် Side Dish ပေးတဲ့ Promotion အစီအစဉ်တွေလဲရှိတော့ ဒီဆိုင်လေးကိုသွားလိုက်ကြအုံးနော်။ ပိတ်ရက် ညနေဆိုရင် စားဖို့ လူတွေတောင် တန်းစီရပါတယ်။

"Mya Sabei"
မြေနီကုန်း City Mart အနောက်ခြမ်း

မြစံပယ်က City Mart အနောက်ဘက်ခြမ်းမှာရှိတာပါ။ လက်ဖက်ရည်ကောင်းတယ်။ ကော်ဖီကောင်းတယ်။ ပြီးတော့ အစားအစာအနေနဲ့  ကချင်စာ၊ တရုတ်စာ၊ မြန်မာဟင်းတွေ၊ အသုပ်တွေ နောက်ပြီး အအေးမျိုးစုံလဲရပါတယ်။ ၊ အော်ကွေ့ကြည်၊ ငါးလက်ချောင်းကြော်၊ ငါးဖယ်အစာသွပ် အဲ့ဒါ တွေလဲကောင်းတော့မြည်းစမ်းကြည့်လိုက်ကြအုံးလို့။ ဒါနဲ့ အအေးမျိုးစုံလဲရပါတယ်။

"ဦးကျော် ထမင်းပေါင်း"
မြေနီကုန်း ပန်းခြံနောက် ၊ ရွှေမန်းမှတ်တိုင်နား

ဝက်သား ၊ ကြက်သား ထမင်းပေါင်း ကောင်းကောင်းစားချင်တယ် ဆိုရင် ဦးကျော်ကလည်း မြေနီကုန်းမှာနာမည်ကြီးပါ။ ဝက်အခေါက်ကင်လည်း ကောင်းတယ်။ ထမင်းပေါင်းကလည်း ကော်ရည်က တော်တော်အရသာရှိလို့ တစ်ပွဲထဲနဲ့ မလောက်ဘူး ။ လိုက်ပွဲအမြဲယူရတယ်။ အသားတွေကလည်း လတ်လတ်ဆတ်ဆတ်ရှိတယ်။ ဆိုင်ဖွင့်တာကလည်း ကြာပြီဆိုတော့ လက်ရာကတော့ အထူးပြောစရာမလိုပါဘူး။

"ရွှေရည် မြန်မာအစားအစာ"
မဟာဘောဂလမ်း ၊ စမ်းချောင်း

မြန်မာမုန့်မျိုးစုံကိုစုံစုံလင်လင်နဲ့ ကောင်းကောင်းလေးစားချင်ရင်တော့ ရွှေရည်ကိုမေ့မထားသင့်ဘူးထင်တယ်နော်။ ဒီဆိုင်က မုန့် တွေကလည်း ကောင်းတော့ လူကလည်းတော်တော်ကျတယ်။ မနက်ဆိုရင် ကောက်ညှင်းပေါင်းတို့  ၊ ရွေထမင်း ၊ ကောက်ညှင်းရွေကျည် ၊ နန်းပြားသုပ် စသဖြင့် ကောင်းသလို နေ့ လည်ပိုင်းဆိုရင် မုန့် ပျားသလက်၊ ထန်းသီးမုန့်၊ ငှက်ပျောပေါင်း၊ မုန့်ဦးနှောက်၊ မုန့်ဗိုင်းတောင့်၊ မုန့်လိပ်ပြာ၊ မုန့်စိမ်းပေါင်း နဲ့အခြားမြန်မာမုန့်မျိုးစုံ၊ မြန်မာထမင်း၊ဟင်း၊ လက်ဖက်ရည်နဲ့ အသီးဖျော်ရည် စုံနေတာပဲ။ မုန့်တွေက ညနေ(၄)နာရီလောက်ဆိုရှိဖို့မသေချာတော့ သွားစားမယ်ဆိုရင်တော့ စောစောလေးသွားဖို့တော့လိုမှာပါ။

"ဓနုဖြူဒေါ်စောရီ"
မြေနီကုန်းပလာဇာရှေ့က မဟာဘောဂလမ်း၊ စမ်းချောင်း။

စမ်းချောင်းရောက်လို့ မြန်မာထမင်းဟင်းကောင်းကောင်းသန့်သန့်ရှင်းရှင်းနဲ့စားချင်သူတွေအတွက် ဓနုဖြူဒေါ်စောရီကတော့အသင့်ရှိနေမှာပါ။ ဒီဆိုင်လေးအကြောင်းကိုတော့အထူးတ လည်ပြောနေစရာမလိုလောက်တော့ဘူးနော်။ မေ့နေမှာစိုးလို့ ဒီဆိုင်လေးပါထည့်ပေးထားတာပါ။

"Wa Toke Kyee Special BBQ Buffet"
ရတနာလမ်းနှင့် ဗားကရာလမ်းထောင့်၊ မြေနီကုန်း Ice Berry အပေါ်ထပ်၊ စမ်းချောင်း

မြေနီကုန်းမှာ ဧပြီလလောက်ကမှဖွင့်ထားတဲ့ ဒီဆိုင်ဟာဆိုရင်အခုဆို လူငယ်တွေအရမ်းကြိုက်နေကြတဲ့ဆိုင်ဆိုလဲမှားမယ်မထင်ဘူး။တခြားဆိုင်တွေနဲ့မတူတာက ဘဲကင်၊ ကြက်ကင်ကိုဆိုရင်လဲ အကြိုက်ယူလို့ရတယ် အ၀စား (၁၂၈၀၀)ကျပ်ပါ။ Egg Tart ဟာဆိုရင်လဲဆိမ့်ဆိမ့်လေးနဲ့ အလွှာတစ်ထပ်ချင်းစီနဲ့မို့စားလို့ရမ်းကောင်းပါတယ်။ ညနေပိုင်းဆို လူများတယ်။ ပင်လယ်စာ နဲ့ အသားတွေလည်း လတ်လတ်ဆတ်ဆတ်စားရပါတယ်။

Fred , Honey ( MyLann)