Food Village @ Hledan Centre 957 views


လှည်းတန်းစင်တာက Food Village ကို ရောက်ခဲ့သေးတယ်။ ထိုင်းစာ ၊ မလေးရှားစာ ၊ အိန္ဒိယစာ ၊ ရှမ်းစာ ၊ မြန်မာ အစားအစာ စသဖြင့် တော်တော်လေး စုံတယ်။

ရောက်သွားတော့ ကောင်းတာမှာ ကဒ်လေးတစ်ခု လုပ်ရတယ်။ သူက Food Court ဆိုတော့ တစ်နေရာထဲမှာ စားသောက်ဆိုင်လေးတွေကို စုပေးထားပြီး ကဒ်ထဲမှာ ငွေဖြည့်လို့  ကြိုက်တဲ့ ဆိုင်မှာ ကဒ်လေးပြပြီး မှာစားရတာပါ။ ကျသင့်တာကို ကဒ်ကနေ ဆိုင်တွေက ဖြတ်လိုက်တယ်။ င်္ဒီတော့ ငွေသားချေစရာမလိုတော့ဘူး။ ကိုယ်ကဒ်ထဲမှာ ငွေထည့်ထားသလောက် ဝယ်စားလို့ ရတယ်။
ပိုသေးရင်လည်း စားပြီးရင် ကောင်တာမှာ ပြန်ထုတ်ရတယ်။

ကိုယ်တွေမှာစားဖြစ်တာကတော့ ထိုင်းစာ နဲ့ အိန္ဒိယစာပေါ့ ။ ထိုင်းစာ ကတော့ ကြက်သားနဲ့ ထမင်း အရွက်ရည် အချဉ်ရယ် ပါတယ်။ စားရတာ အဆင်ပြေတယ်။ အိန္ဒိယစာကတော့ အစက ဒန်ပေါက်စားမလို့  ကုန်သွားလို့ ဆိုတော့ ထမင်းနဲ့ ဟင်းတွေ တွဲပေးထားတာပဲ စားလိုက်ရတယ်။ ပုံစံခွက်လေးနဲ့ အိန္ဒိယ စာဆိုတော့ သိတဲ့ အတိုင်း ပဲဟင်းရည်တို့  ဒိန်ချဉ်တို့  ပါတယ်။

Food Court ဆိုတော့ ဆိုင်တွေ နဲ့  ကြိုက်တဲ့ အစားအစာတွေကို တစ်နေရာထဲမှာ စုထားပေးသလို ဆိုတော့ အဆင်ပြေတယ်။ ဈေးနှုန်းတွေကလည်း အသင့်အသင့်ပါပဲ။ တစ်ယောက်စား ၃၀၀၀ ကျော်ဝန်းကျင်လောက်ပါ။

ဆိုင်ကောင်းလေးတွေလည်း ရှိတော့ စိတ်ကြိုက်ရွေးစားလို့  ရတယ်။ တင့်တင့် မြန်မာ အစားအစာ ဆိုင်တို့  ၊ Sprouts က Salad တို့ ၊ coffee ကောင်းကောင်း သောက်ချင်ရင်လည်း Espressonite က အဆင်ပြေတယ်။

ဒီတော့ တစ်နေရာထဲမှာ ကြိုက်တာ ရွေးစားချင်သူများအတွက်လှည်းတန်းစင်တာက Food Village က အဆင်ပြေတဲ့ Food Court လေးပါဆိုတာကို လက်တို့ လိုက်ပါတယ်။

Fred ( MyLann)