အသုပ်စုံ ကြိုက်သူများအတွက် 723 views


ကြည့်မြင်တိုင်ညဈေးကလူကြိုက်များတဲ့အသုပ်ဆိုင်အကြောင်းလေးပြောပြပေးမယ်နော်…

ကြည့်မြင်တိုင်ညဈေးရဲ့အပြင်အပေါက်ဝနားလေးမှာ အသုပ်ဆိုင်တွေရှိတယ်… အဲ့ဆိုင်မှာ ဆံထုံးကြီးထုံးပြီး သနားခါးတွေအများကြီးလိမ်းထားတဲ့အမကြီးရောင်းတဲ့အသုပ်ဆိုင်လေးက လူကြိုက်တော်တော်များကြတယ်… အရမ်းလဲစားလို့ကောင်းတယ်၊ ညနေပိုင်းဆိုရင်ထိုင်စရာနေရာတောင်မရှိ… ထိုင်စားတဲ့လူတွေ၊ ဈေးလာဝယ်ရင်းနဲ့အိမ်ဝယ်သွားကြတဲ့သူတွေနဲ့ လက်မလည်အောင်ကိုရောင်းရတယ်။

သူ့ဆိုင်မှာ ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ ထမင်းသုပ်၊ ပုဇွန်ကွက်ကြော်သုပ်၊ အစုံသုပ်… အဲ့လိုမျိုးတွေရတယ်…။ ထူးခြားတာတစ်ခုက သူ့ရဲ့ဟင်းခါး… အဲ့ဟင်းခါးမှာ ဘူးသီးပါတယ်၊ ကြွက်နားရွက်ပါတယ် ၊ငရုတ်ကောင်းနဲနဲပါတယ်၊ တော်တော်ကောင်းတယ် ဟင်းခါးအရသာက… ဟန်နီဆို ဟင်းရည်တစ်ခွက်နဲ့မလောက်လို့ နောက်တစ်ခါထပ်ထပ်တောင်းရတယ်… ဟီး

ဟန်နီအဲ့ဆိုင်မှာစားဖြစ်ခဲ့တာက အစုံသုပ်.. . ခေါက်ဆွဲ၊ ကြာဇံ၊ ထမင်း၊ ဂေါ်ဖီ၊ သင်္ဘောသီး၊ ပဲပြား အဲ့တွေကို မန်ကျည်းအချဉ်ရည်နဲ့သုပ်တာ… အစပ်အဟပ်တည့်လို့လားမသိဘူး.. စားလို့ကောင်းတယ်… ဟန်နီက ချဉ်ချဉ်ငံငံစပ်စပ်လေးလို့ပြောပြီးသုပ်ခိုင်းထားတော့ ချွေးတွေလဲထွက်၊ တရှူးရှူး တရှဲရှဲနဲ့ ဘယ်ပြောကောင်းမလဲ အသုပ်စားလိုက် ဟင်းခါးလေးသောက်လိုက်နဲ့ပေါ့… ။ ဈေးကလည်း တန်မှတန် အစုံသုပ် တစ်ပွဲမှ ၅၀၀ ကျပ်ပါတဲ့ ။

တစ်ခုတော့ရှိတယ်… ဈေးထဲမှာဆိုတော့ နဲနဲတော့နားငြီးမှာပေါ့နော်…ဆိုင်ကြီးတွေမှာလိုတော့အေးအေးဆေးဆေးမရှိဘူးပေါ့… ပေါ့ပေါ့ပါးပါး Street Food လေးဆိုတော့…ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်… လမ်းကြုံရင်ဝင်စားလှည့်အုံးနော့… သိတဲ့လူတွေတော့သိကြမှာပါ…တချို့ဆိုအခြားနေရာတွေလာစား ပြီးတော့ ပါဆယ်ထုတ်သွားတဲ့လူတွေလဲရှိတယ်…လူများရင်နဲနဲတော့စောင့်ရမယ်နော်…. အဲ့ဆိုင်လေးက ရွှေလှိုင်လမ်းပေါ်မှာရှိတာပါ… ကြည့်မြင်တိုင်ညဈေးအနောက်ဘက်မှာပါ…။

Honey ( MyLann)