Freakshake Dessert Shop 816 views


ကန်တော်ကြီးထဲမှာအသစ်ဖွင့်ထားတဲ့ Freakshake Dessert Shop
ဒီဆိုင်လေးကဖွင့်ထားတာမကြာသေးဘူး။ ကန်တော်ကြီးမျှော်စင်ကျွန်းအပေါက်နားမှာဖွင့်ထားတာ… ဆိုင်ရဲ့အပြင်အဆင်လေးနဲ့ ထူးခြားတဲ့အရသာလေးတွေကြောင့်လဲ ညနေပိုင်းဆိုဆိုင်မှာလူသိပ်များပါတယ်။ ထိုင်စရာခုံတောင်မရှိလောက်အောင်လူပြည့်နေတတ်ပါတယ်။

Freakshake မှာ Chocolate , Strawberry, Oreo အပြင် အခြားဒိန်ချဉ်နဲ့ လုပ်ထားတဲ့ Shake တွေကိုပါရနိုင်ပါတယ်။

ဟန်နီကတော့ Chocolate Shake နဲ့ Strawberry Shake ကိုစားခဲ့ပါတယ်။ Chocolate Freak shake မှာ Milk, Chocolate နဲ့ Nutella တွေပါတယ်။
ပြီးတော့သူကခွက်ရဲ့အပြင်ဘက်မှာ ကပ်ထားတဲ့ Cookie လေးကလဲအရမ်းစားလို့ကောင်းတယ်။

နောက်တစ်ခုက Strawberry Freak Shake… သူက လတ်ဆက်တဲ့ စတော်ဘယ်ရီသီးလေးတွေလဲ ထဲ့ပေးထားတယ်။ အပေါ်က Cream တွေက Smooth ဖြစ်တော့ စားရတာအရမ်းကောင်းပါတယ်။ ထပ်ထည့်ပေးထားတဲ့ Cookie လေးကြောင့်လဲစားရတာ တမျိုးလေးထူးခြားတာပေါ့နော်။အဲ့ဒါအပြင် Shake တိုင်းမှာလဲ ဝေဖာချောင်းလေးတွေလဲထဲ့ပေးထားတော့စားရတာ အရသာအစုံလေးနဲ့ပေါ့နော်။အချိုလျှော့ပေးထားတဲ့အတွက်လဲ သကြားကိုခွက်လေးနဲ့သက်သက်ထားပေးထားပါတရ် အရည်အသွေးကောင်းတဲ့ အစာပလာတွေပဲသုံးထားတော့အားလုံးပေါင်းစပ်လိုက်တဲ့အခါမှာ တကယ်ကို Perfect ပါပဲ။

ဈေးနှုန်းတွေကလဲ Shake တစ်ခွက်ကို ၃၅၀၀ နဲ့ Original Flavour က တစ်ခွက် ကို ၂၅၀၀ ပဲရှိပါတယ်။

သူရဲ့ ပေးလိုက်ရတဲ့ဈေးနှုန်းထက် ကောင်းမွန်ပြည့်စုံတဲ့အရသာကြောင့် စားရတာတန်လို့ လမ်းညွှန်ပေးလိုက်ပါတရ် နော်။ အဲ့ဒီတော့ ဘော်ဒါတို့လဲ သူငယ်ချင်းတွေနဲ့စုပီး Freakshake လေးစား Sefie လေးဆွဲဖို့ သွားလိုက်ကြအုံးနော်။

Honey (MyLann)