Fuji Coffee House and Restaurant 758 views


Mylann မိတ်ဆွေတို့  နှစ်သစ် အခါသမယမှာ ပျော်ရွင်ကြပါစေလို့  Admin (htoo htoo) မှ ဆုမွန်ကောင်းတောင်းပေးပါရစေရှင့်

ဆိုင်လေးကိုတော့ထွေထွေထူးထူး မိတ်ဆက် ပေး စရာတော့ မလို လောက်အောင် နာမည်ကြီးပြီး အစားအသောက် ကောင်းကောင်း ဈေးနှုန်းလည်း သင့်တင့်တဲ့  "Fuji coffee house and restaurant " ဆိုင်လေးပါ အေးဆေးပြီးပတ်ဝန်းကျင် သာသာယာယာလေးလည်းရှိ မိသားစု သီးသန့်  မိတ်ဆွေအပေါင်းအသင်းတို့ လည်း နှုတ်ဆက် အခမ်းအနားတွေ မွေးနေ့ ပွဲလေးတွေလုပ်လို့  အကောင်းဆုံးနေရာပါ သီးသန့် ကားပါကင်လည်း ရှိတော့ ဘာလို သေးလဲ အဆင်ပြေတာပေါ့ရှင်။

ကြေးအိုး ဆီချက် ကြက်သား နဲ့ မှာ ထား ရင်း အရင်ရောက်လာတဲ့  စတော်ဘယ်ရီ ဖျော်ရည် လေး ကို သောက် ပြီးတဲ့ ချိန်မှာ ဖြစ်ပေါလာတဲ့  ခံစားချက်က တော့ ငယ်ငယ်တည်းက ခုထိ သောက်ခဲ့ တဲ့စတော်ဘယ်ရီဖျော်ရည်ထဲမှာ အကောင်းဆုံးလို့  ခံစားလိုက်ရပါတယ် ...သဘာဝအရသာ မပျက်အောင် အရမ်းမချဉ် အရမ်းမချိုပဲ သောက်လိုက်ရင် လျှာ မှာ တခုခု ဆွဲကျန်စေလောက်ပါတယ် ...
အအေးတဝက်ကျိုးတော့ ရောက်လာတဲ့  ကြေးအိုး ဆီချက်လေးက လည်း စားလို့  ကောင်းမှကောင်းပါ အသားလုံးလေးတွေဆိုတာလည်း ကောင်းမှကောင်းပေါ့။ ဆိုင်လေးသိနေတာကြာပေမယ့် ဆိုင်အပြင်အဆင်နဲ့  ဈေး ကြီးမယ်ထင်ခဲ့ တာပေါ့နော် ..တယောက်တည်းသွားဖို့ ကလည်း မိတ်ဆွေအဖွဲ့ လိုက် လာကြတာများတော့မသွားရဲဘူးလေ..အဲ့ နေ့ က သိလိုက်ရတာတော့ လူတန်းစား မျိုးစုံ နဲ့  အစားအစာ မျိုးစုံ ရောင်းချပေးနေတဲ့  ဆိုင်လေးဆိုတာပါပဲ..။

ကြေးအိုး တပွဲကို ၃၃၀၀နဲ့  အအေး တခွက်ကိုမှ ၃၀၀၀ ကျပ်ထဲပါ ..အအေးက အရသာစစ်စစ်အသီးကပေးတာမို့  တန်ပါတယ်ရှင့်

တည်နေရာလေးကတော့ University Avenue Road .ကမာရွတ်မြို့ နယ် UFL ကျောင်းရှေ့ လေးကပါ ..။

Htoo Htoo (MyLann)