ဘဲကင် @Golden Duck 721 views


*ဘဲကင်* လို့ ပြောလိုက်ရင် ငယ်ငယ်တည်းက မှတ်မိနေတာ Golden duck အများအခေါ် "ရွှေဘဲ" ပါ။

Golden duck ရဲ့  ဆိုင်ခွဲတွေထဲက မှ ထူး အကြိုက်ဆုံးနဲ့  အစားဖြစ်ဆုံးဆိုင်ကတော့  ကမ်းနားလမ်း မူလပင်ရင်း ဆိုင်လေးပါ ဆိုင်အပြင်အဆင်လေး ရိုးရှင်းပေမယ့် မိသားစုအတွက်သီးသန့် နေရာလေးတွေ ဝန်ဆောင်မှု ကောင်းမွန်တဲ့  waiter လေးတွေကြောင့် သွားရောက်စားသုံးကြသူများ အဆင်ပြေတာကို တွေ့ ရမှာပါ ။Special ဟင်းအဖြစ် ဘဲကင်နဲ့  တုံ့ ယမ်းက ရပ်တည်နေပါတယ်။

‪#‎ဘဲကင်‬
အသားနူးညံ့ပြီး အရသာ ကောင်းမွန် ပြီးတွဲဖက်အချဉ်နှစ်မျိုးက ထူးခြားစေပါတယ် အချဉ် ကို ငရုတ်သီးအနှစ်နဲ့ တစ်မျိုး ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနဲ့  တစ်မျိုး ဆိုတော့ အရသာ ရှိလှတာပေါ့ တစ်ခြမ်းကို ၇၄၀၀ကျပ်ပါ။

‪#‎ထမင်းကြော်‬
ထောပတ်အရသာအနည်းငယ်ပါပြီး ဆီနည်းနည်း အသားအသီးအရွက် ပြည့်စုံပါတယ် တွဲဖက်အချဉ်လေးဖြစ်တဲ့  ကြက်သွန်ဂေါဖီချဉ်က ဆွဲဆောင် နိုင်လောက်တာပေါ့ တစ်ပွဲကို ၂၅၀၀ ကျပ်ပွဲသေးပါ။

‪#‎ခေါက်ဆွဲကြော်‬
နာမည်ကြီး ဆိုင်ရဲ့  menu တခုပါ ထူးခြားတာက ခေါက်ဆွဲကြော်ကို ကြက်သားနဲ့ မှာရင် ကြက်သဲကြက်မြစ်နဲ့  ပို ကြော်ပေးတာတွေ့ ရပါလိမ့်မယ် အရသာ စိုစိုလေးနဲ့  မအီပဲဆွဲဆောင်နိုင်တဲ့  နာမည်ရ ဟင်းလျာတခုပါ တစ်ပွဲကို၂၅၀၀ကျပ်ပွဲသေးပါ။

‪#‎တုံ‬့  ယမ်းဟင်းချို
ပင်လယ်စာ နဲ့ ကြက်သား ဝက်သား ရနိုင်ပေမယ့် စားခဲ့ ဖြစ်တာကတော့ ကြက်သား အနောက် ဟင်းရည် ပါ။အကြည်ဆိုပြီးအမျိုးအစားခွဲထားပါသေးတယ် အသီးအရွက်စုံ အသားတွေအများကြီးပါ စားသုံးရတာပါ့ရှင့်..၄ယောက်စာ ပွဲကို ၃၇၀၀ကျပ်ပါ။

‪#‎ပြည်ကြီးငါးသုပ်‬
ချဉ်ငန်စပ်အရသာလေးနဲ့  လတ်ဆတ်တဲ့ ပင်လယ်စာ လေးကို အရသာရှိရှိသုပ်ထားတော့လေ .ဘယ်လိုပျော်ရမလဲ ..ပွဲချပြီး၁၀မိနစ်လောက်အတွင်းကုန်သွားတာပေါ့နော် ပွဲသေးတပွဲကို၃၉၀၀ကျပ်ပါရှင့်။

တရုတ်ဟင်းလျာမျိုးစုံကို စုံလင်စွာနဲ့  ဈေးနှုန်းလည်းသက်သာစွာစားသုံးနိုင်ပါတယ်လို့  မိတ်ဆွေတို့ ကို ညွန်လိုက်ပြီနော်။

Htoo Htoo (MyLann)