အနောက်တိုင်းဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး နေ့လည်စာကို ဘယ်မှာစားကြမလဲ? 763 views


အခုနောက်ပိုင်း Hard Rock ကအွန်လိုင်းမှာနာမည်နဲနဲကြီးနေတဲ့ဆိုင်တွေထဲကတစ်ဆိုင်ပါပဲ။ အဲ့ဒီကိုဘော်ဒါတွေရော ရောက်ပြီးကြပြီလား?

Hard Rock ကတော့ America မှာနာမည်ကြီးပြီးသားပဲ။ တော်တော်များများသိကြမယ်ထင်ပါတယ်။ အခုကမြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ဖွင့်တဲ့ Branch လေးဖြစ်ပါတယ်။ အခု MyLann အဖွဲ့သားတွေ Hard Rock ကိုရောက်တော့ အဲ့ဒီက Lunch Menu လေးတွေကိုမြည်းစမ်းကြည့်ခဲ့လို့ ပြန်ပြီး ရှဲပေးချင်သေးတယ်ဗျ။ Hard Rock က Myanmar Plaza လေးလွှာမှာရှိပါတယ်။ နေ့လည်စာကို အနောက်တိုင်းဆန်ဆန် လေးလည်းစားချင်တယ်။ ပေါ့ပေါ့ပါးပါးလေးလည်းဖြစ် မြန်မာပါးစပ်နဲ့အဆင်ပြေစေတဲ့ ဒီ lunch menu တွေကို တနင်္လာနေ့ကနေ သောကြာနေ့အတွင်း နေ့လည်(၁၂)နာရီကနေ ညနေ(၄)နာရီခွဲအတွင်းမှာ စားသုံးနိုင်ပါတယ်။ Lunch Menu ဆိုတော့ဘာတွေရှိမလဲ။ သူကတော့ Set ပုံစံလေးပါ။ တစ် Set မှာ ဟင်းပွဲမီနူးတစ်မျိုးနဲ့ သောက်စရာ အအေး(သို့မဟုတ်) ဘီယာထဲကတစ်မျိုးပါတယ်။ အဲ့ဒီတစ် Set ကို ဈေးနှုန်းက (၇၅၀၀)။ ဟင်းပွဲအမျိုးစားက (၆)မျိုးရှိတယ်။ သောက်စရာကတော့ အအေးနဲ့ဘီယာနှစ်မျိုးရှိတယ်။ အဲ့ဒါတွေထဲကကိုယ်ကြိုက်တာကို Set တစ်ခုအနေနဲ့တွဲပြီးစားနိုင်တယ်။

 

ဟင်းပွဲတွေမှာ ပထမဆုံး မိတ်ဆက်ပေးချင်တာကတော့ မိုးပျံခေါက်ဆွဲကြော်ပါ။ မြန်မာလူမျိုးတွေ ကြိုက်လေ့ရှိတဲ့ မန်ကျည်းသီးအနှစ်ကလေးနဲ့ ခေါက်ဆွဲ ကြော်ပုံစံကိုမှ မဆလာနည်းနည်းလျှော့ပြီး ဖက်စပ်အရသာထွက်အောင် စီမံထားပါတယ်။ သဘောကျစရာအကောင်းဆုံးက ခေါက်ဆွဲကြော်ထဲမှာပါတဲ့ ကြက်သားအတုံးကြီးတွေနဲ့ ကြက်သားထဲ စိမ့်ဝင် နေတဲ့ ဟင်းအနှစ်တို့ရဲ့ အစပ်အဟပ်တည့်မှုတို့ပါပဲ။

 

ဒုတိယတစ်မျိုးက ဒိန်ချဉ်နဲ့ ကြက်သားဟင်း၊ ထမင်းဖြူပါ။ ပုံမှန်ကြက်သားဟင်းကို အချဉ်အတွက် ဒိန်ချဉ်ကို အစားထိုးသုံးထားတာဖြစ်ပါတယ်။ ဒိန်ချဉ်ရဲ့ အချဉ်ဓါတ်နဲ့ ကြက်သားဟင်းအနှစ်တို့ရဲ့ လိုက်ဖက်မှုကတော့ အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်။ မြည်းစမ်းသင့်တဲ့ ဟင်း တစ်မျိုးပါပဲ။

 

တတိယတစ်မျိုးကတော့ ရာတာတူလီ (သတ်သတ်လွတ်ဟင်း) နဲ့ ထမင်းဖြူပါ။ သတ်သတ်လွတ်သမား (vegetarian) တွေအတွက် အထူး ဟင်းလို့ ပြောလို့ရပါတယ်။ ငရုတ်သီးပွအရောင်စုံကို ခရမ်းချဉ်သီးဆော့စ်နဲ့ ပဲငံပြရည် (soy sauce) တို့နဲ့ sautee လုပ်ထားတာပါ။ မြန်မာဟင်းလျာမှာဆိုရင်တော့ ခရမ်းချဉ်သီး ငပိချက်ကို ခပ်ပေါ့ပေါ့လေး ချက်ထားတာနဲ့ အရသာဆင်ပါတယ်။ အခြား ဟင်းလျာတွေနဲ့ ယှဉ်ရင်တော့ နည်းနည်း လူကြိုက်နည်းလိမ့်မယ်လို့ ထင်ရတယ်။ သူ့ အရသာနဲ့ သူတော့ အဆင်ပြေပါတယ်။

 

 

နောက်တစ်မျိုးကတော့ ကော်ပြန့်နဲ့ ဆလပ်ဖြစ်ပါတယ်။ အသီးအရွက်တွေကို မရောနစ် နဲ့ နယ်ထားတဲ့အပေါ်မှာ ကော်ပြန့်တွေကို ခင်းပြီး အပေါ်မှာ salsa topping လုပ်ထားပါတယ်။ ကော်ပြန့်အတွင်းမှာ တော့ ပုံမှန်စားနေကျ ကော်ပြန့်မျိုးတွေလို မဟုတ်ပဲ အာလူး၊ ပဲနဲ့ ချိစ်တို့ကို အစာသွပ်ထားတယ်။ ထူးထူးခြားခြားကြီး အရသာမပြောင်းလဲနေပေမဲ့ အတော်လေး စားကောင်းပါတယ်။ ကြိုက်ပါတယ်။

 

 

နောက်တစ်မျိုးကတော့ ပါစတာပါ။ ပုံမှန်စားနေကျ penne ပါစတာကို ခရမ်းချဉ်သီးဆော့စ်နဲ့ hot sauce များများလေး သုံးထားပါတယ်။ ပုံမှန်ပါစတာတွေထက် အစပ်နည်းနည်းများပါတယ်။ အစပ်ကြိုက်သူတွေအတွက် တော့ အိုခေပါလိမ့်မယ်။

 

နောက်ဆုံးတစ်မျိုးကတော့ ကြက်ကြော်နဲ့ ဆလပ်ပါ။ ပုံမှန်ကြက်ကြော်ထက် အချဉ်စူးပြီး ကြက်ကြော်အပြင်ဘက်မှာ ပုစွန်အနှစ်နဲ့ တွဲပြီးကြော်ထားလို့ ကိုက်လိုက်တာနဲ့ ပုစွန်အနံ့ရယ် ကြက်သားအနံ့ရယ်ကို တစ်ပြိုင်တည်းရပါလိမ့်မယ်။ အရွက်တွေ ကို ချိစ်နဲ့ရောထားတဲ့ ပေါ်မှာ ဖြန့်ခင်းထားပြီး အပေါ်က ပါပလာ အချောင်းလေးတွေ တင်ထားပေးပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စားလို့ အဆင်ပြေပါတယ်။ အက်ဒမင် သဘောအကျဆုံးတစ်ခုပါ။

 

ဒီ Lunch Set Menu စားတဲ့သူတွေကို Lunch Card ပေးနေတယ်။ အဲ့ဒီကဒ်မှာ တစ် Set စားရင် အမှတ်တစ်ခုခြစ်ပေးတယ်။ ငါးခုစားရင် တစ် Set အလကားစားလို့ရတော့ သွားစားဖြစ်ရင်အဲ့ဒါလေးတွေစုထား ကြအုံးနော်။ (Lunch Card က Lunch set Menu အတွက်ပဲနော်)

 

ဒီ Lunch menu တွေအပြင် အခြားအမေရိကန်အစားအစာတွေအစုံရတယ်။ Signature အနေနဲ့ Cocktail တွေလည်း ရှိတယ်။ နောက် Hard Rock Burger, Hard Rock နံရိုးကင် အဲ့ဒါတွေ လည်းရှိသေးတယ်။ အဲ့ဒါတွေတော့ နောက်တစ်ခေါက်မှသွားစားပြီးပြန်ရှဲပေးမယ်နော်

 

ဒါနဲ့ဒီမှာက ညဘက် ဆိုရင်လည်း Live Band လေးရှိတော့ စားရင်းသောက်ရင်း  စကားပြောရင်းလဲ မငြီးငွေ့ရတော့ဘူးပေါ့။ လူကြီး၊ လူငယ် အသက်အရွယ်မရွေးအားလုံးနဲ့သင့်တင့်ပြီးတော့ လာထိုင်ကြတာတွေ မှာဆိုရင် လူငယ်တွေအုပ်စုလိုက်လဲရှိကြသလို၊ မိသားစုတွေစုစည်းပြီးလားကြတာလည်းတွေ့ရတယ်။ အတွဲလေးတွေလည်းဒိတ်နေကြတာလည်းရှိတယ်ပေါ့။ လွတ်လွတ်လပ်လပ်လေးနဲ့ အေးအေးဆေးဆေးလေး ရှိလို့လည်း ထိုင်ရတဲ့ဖီးလ်လေးက သာသာယာယာလေးပဲ။

 

 

ဒါ့အပြင် Hark Rock Café ရဲ့ ထူးခြားချက်က ကမ္ဘာ့အနှံ့က နာမည်ကျော်တွေရဲ့ အမှတ်တရ ပစ္စည်းတွေ ကို ဆိုင်နေရာအနှံ့ အလှဆင်ထားခြင်းပါပဲ။ Elvis Presleyရဲ့ ညဝတ်အင်္ကျီ၊ lady Gaga ရဲ့ညနေခင်းပွဲတက်ဝတ်စုံ၊ Aminam ရဲ့ ဦးထုတ်တို့အပြင် မြန်မာနိုင်ငံက အဆိုတော်ကြီးတွေဖြစ်တဲ့ ထူးအိမ်သင်ရဲ့ မျက်မှန်နဲ့ ဘာဂျာ၊ ရော့ကာကြီး ဇော်ဝင်းထွဋ်ရဲ့ ဂျာကင်တို့လည်းပါဝင်ပါတယ်။ အခြား ကမ္ဘာကျော်တွေရဲ့ အမှတ်တရ ပစ္စည်းတွေနဲ့ အပြည့်ဖြစ်နေတဲ့ Hard Rock café ကတော့ တကယ့် ကို နာမည်နဲ့ လိုက်လွန်းတယ်လို့ ပြောလို့ရပါတယ်။ ဒါတွေအပြင် Soveniur Shop လေးလည်းရှိသေးတယ်။ အဲ့ဒီမှာ အသေးအဖွဲလေးကအစ ပစ္စည်းကြီးကြီးမားမားအထိ လက်ဆောင်ပေးလို့ကောင်းမယ့် ခပ်လန်းလန်းပစ္စည်းတွေရနိုင်တဲ့ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်လည်းရှိသေးတယ်ဗျ။

 

ဆိုင်ကနေ့လည်(၁၂)နာရီကနေ ည(၁၂)နာရီလောက်ထိဖွင့်တယ်ရှင့်။ Reservation အတွက်ဆိုရင် 09 45826 1390  ဒီဖုန်းလေးကို ဆက်သွယ်နိုင်ပါတယ်။

 

အခုတစ်ခေါက်မှာတော့ အားလုံးကစိတ်ဝင်စားနေတဲ့ Hard Rock အကြောင်းလေးကို ပြန်ရှဲပေးခဲ့ပါပြီ။ ဘော်ဒါအပေါင်းအသင်းတွေနဲ့ Chill ဖို့လည်းသင့်တော်တဲ့နေရာလေးတစ်ခုဖြစ်လို့ အားလုံးလည်း အကြိုက်တွေ့ကြမယ်ထင်ပါတယ်။ နောက်နေ့မှာပြန်တွေ့မယ်နော်။

 

Betty (Mylann)