ကျန်းမာရေး လိုက်စားတဲ့ သူတွေ အတွက် Healthy Meal တွေ ရနိုင်တဲ့ ဆိုင်လေး တစ်ဆိုင်ကို ရှဲပါရစေ။ 962 views


Healthy Me – Salad and Coffee Bar

ဒီဆိုင်လေးက ဗိုလ်ချုပ်လမ်းမ ၊ Ruby Mart အရှေ့ မှာ ရှိပါတယ်။ ဖွင့်ထားတာလည်း သိပ်မကြာသေးပါဘူး ။ စားသောက်ဆိုင် ၊ ကော်ဖီဆိုင် ၊ ဘားဆိုင် စတာလေးတွေက ပေါပေမဲ့ ဒီလိုဆိုင်လေးက ထူးထူးခြားခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Diet အစားအစာတွေကို ကိုယ်နှစ်သက်ရာ ရွေးချယ်ပြီး စားသုံးနိုင်အောင် စီစဉ်ထားပေးတဲ့ ဆိုင်လေးတစ်ခုပါ။ Diet လုပ်နေသူများအတွက် ဗိုက်ပြည့်ပြီး ဝိတ်မတက်စေတဲ့ အစားအသောက်တွေ ရတယ်။

ဆိုင်လေးက ပြင်ဆင်ထားတာလည်း ခပ်ဆန်းဆန်းလေး ။ ဆိုင်ထဲမှာ တွဲလောင်းချိတ်ထားတဲ့ မီးသီးလေးတွေ ထွန်းထားတယ်။ နံရံမှာလည်း အစားအသောက်နဲ့ ကျန်းမာရေး ဆိုင်တဲ့ quote လေး တွေ ရေးထားတယ်။ ဗိုလ်ချုပ်လမ်းပေါ်ကို လှမ်းကြည့်ပြီး တစ်ခုခုစားတာဖြစ်ဖြစ် သောက်တာ ဖြစ်ဖြစ် လုပ်လို့ ရသလို သီချင်းသံ အေးအေးလေးနဲ့  ကော်ဖီသောက် ၊ စာဖတ်လို့ ကောင်းတယ်။ အဓီကက ဆိုင်က လူအရမ်းမရှုပ်လို့  သဘောကျတယ်။

တစ်ခုခု စားဖို့  menu ကို လှမ်းကြည့်တော့ အထဲမှာ ကော်ဖီ တို့  ၊ မနက်စာ နဲ့  Salad menu ၊ Main Dish ဆိုရင် Protein Rice Bowl အစုံ ၊ Pasta အစုံ နဲ့ အသားစားရတာ ကြိုက်သူတွေအတွက်လည်း Meat နဲ့  အသီးအရွက်လေးတွေ တွဲထားပေးတဲ့ Set တွေရတယ်။ ဒီဆိုင်က Salad လေး စားကြည့်မယ် ဆိုတော့ Salad တော်တော်များများက အသီးအရွက်ချည်း အဓိကဆိုတော့ အသားလည်း ပါတဲ့ Protein Pack တစ်ပွဲ မှာတယ်။သူက အမဲသားလွှာကို ပြုတ်ထားတာထင်တယ် ။ ဆလပ်ရွက် ၊ စားတော်ပဲ ၊ ပဲနီ ၊ ပြောင်းဖူးစေ့ ၊ ကြက်ဥ ၊တိုဖူး ၊ မှို ၊ ကန်စွန်းဥ စတာတွေ ပါတယ်။ အသားဓာတ်တွေရယ် အသီးအရွက်တွှေ ဆိုတော့ အဆီတော့ မပါသလောက်ပဲ ။ တစ်ပွဲကို ၅၅၀၀ ကျပ် ရှိတယ်။

နောက်ဖျော်ရည်ကတော့ Detox ထဲက ဖန်သီးပုံ သောက်စရာ ပုလင်းလေးတွေမှာ ထည့်ထားတဲ့ Liver Detox ဆိုတာ မှာတယ်။ သူက ဂျင်းရယ် ၊ သကြားမုန်လာအနီ ၊ပန်းသီး စတာတွေကို Blend လုပ်ထားတာ။ သောက်ရတာ ပျစ်ပျစ်လေးနဲ့ အရသာကလည်းမချိုမချဉ် ခပ်စိမ့်စိမ့်လေး ။ ထည့်ထားတဲ့ ပုလင်းလေးကလည်း မိုက်တယ်။ Liver Detox ဆိုတော့ အသည်းထဲမှာ ရှိတဲ့ အညစ်အကြေး အဆိပ်အတောက်တွေ ပြေစေတယ်။ တစ်ခွက်ကို ၂၅၀၀ ကျပ်ပါတဲ့။

ဘော်ဒါတစ်ယောက်ကတော့ Honey Lemon ကို Cup နဲ့ မှာသောက်တယ်။ သူက jar နဲ့ လည်း ရတယ်။ Jar နဲ့ က သုံးခွက်လောက် သောက်လို့ ရတယ်ပြောတယ်။ ဒါပေမဲ့ တစ်ယောက်စာပဲ ဆိုတော့ Cup နဲ့ ပဲ မှာလိုက်တယ်။ တစ်ခွက် ၂၅၀၀ ကျပ်ပါ။

ဆိုင်ရဲ့ Service ပိုင်းပြောရရင် ကိုယ်စားချင်တဲ့ဟာကို မီနူးကြည့်ပြီး ဘယ်လို အရသာ ရှိလဲ ဘာတွေပါလဲ မေးရင် သေသေချာချာဖြေပေးတယ်။ နံရံမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးနည်းလေးတွေ ရေးထားပေးတော့ ဖတ်ကြည့်ပြီး ကိုယ်စားတာတွေက ဘာအတွက် ကောင်းတယ် ဆိုတာလည်း သိရတယ်လေ ။

တခါတလေ ကိုယ်စားတဲ့ အစားအစာတွေက Healthy ဖြစ်မဖြစ်ဆိုတာလည်း ပြန်ကြည့်သင့်တယ်လို့ ထင်တယ်။ အဆီများတာတွေ ၊ ဆီမသန့် တာတွေ ၊ အစားအသောက် သန့် ရှင်းမှု ရှိမရှိ စတာတွေလည်း ရှောင်သင့် ရှောင် လျော့သင့်လျော့ပေါ့လေ။

ဝိတ်ချနေတဲ့သူတွေဖြစ်ဖြစ် ၊ ဝိတ်တက်အောင် လုပ်နေတဲ့ သူတွေ ဖြစ်ဖြစ် ၊ ကိုယ်ခန္တာထဲက အဆိပ်အတောက်တွေကို သဘာဝ အစားအစာ နည်းနဲ့  ချေဖြတ်ချင်တဲ့သူ တွေ ဖြစ်ဖြစ် ဒီလို Healthy ဖြစ်စေတဲ့ အစားအစာတွေကို ပုံမှန်လေး စားပေးသင့်တယ်။ ဒီလို Salad လေးတွေက အိမ်မှာလည်း လွယ်လွယ်ကူကူ လုပ်စားလို့ ရတော့ နည်းနည်းချင်းစီ လုပ်စားကြည့်ဖို့  တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားဖို့  တိုက်တွန်းရင် ဒီဆိုင်လေးကိုပါ ရှဲပေးလိုက်ပါတယ်။

ဆိုင်လိပ်စာအတိအကျကတော့ အမှတ် ၈၆ ဗိုလ်ချုပ်လမ်း Ruby Mart ရှေ့  မင်္ဂလာတောင်ညွန့် မြို့ နယ် ။

Fred ( MyLann)

#MyLann #Foodinyangon #FoodieMyanmar #HealthyMe #Salad