Heaven Pizza 759 views


" ဈေးတန်ပြီး အရသာကောင်းတဲ့ ပီဇာ"

ဒီရက်ပိုင်းကတော့ လခလေးလည်း ထုတ်ထားတော့ အိပ်လေးဖောင်းပါတယ်။ ဒီတော့ ဘော်ဒါတွေနဲ့ အတူတူ တစ်ခုခု စားမယ်ဆိုပြီး မြို့ ထဲ ထွက်လာခဲ့တယ်။ ပုံမှန် ဆိုရင် အပြင်တော့ သိပ်သွားချင်တာမဟုတ်ဘူး ။ ဘာလို့ လဲ ဆိုတော့ သိတဲ့ အတိုင်း လမ်းတွေကလည်း တော်တော်ပိတ် ၊ နေတွေကလည်း တော်တော်ပူတယ်လေ။ တစ်ခုခု စားမယ်ဆိုရင် ဘယ်သွားမလဲ လို့ စဉ်းစားရတာကလည်း အလုပ်တစ်ခုပဲ။

ဒီတော့ တစ်ခုခု သွားပြီး စားမယ် ဆိုရင် အဓိက စဉ်းစားရတာက ဝေးဝေးလံလံမသွားရတဲ့ နေရာ သွားရင်လည်း ကားပိတ်မပိတ် ၊ကားပိတ်ရင်လည်း လမ်းတစ်ခုထဲမှာပဲ အစားအစာတွေ ဆိုင်တွေ များများရှိတဲ့ နေရာကို အရင်ဆုံး စဉ်းစားထားရပါတယ်။ အဲ့ဒါနဲ့ ထွက်တဲ့ အချိန်လေးမှာပဲ ကော်ဖီဆိုင်၊ မုန့် ဆိုင် ၊ ဗိုက်ပြည့်တဲ့ အစားအစာ စသဖြင့် တော်တော်များများရှိတဲ့ ဗိုလ်ရာညွန့် လမ်းကို ရွေးလိုက်တယ်။ အဲ့ဒီ လမ်းတစ်ဝိုက်က ဆိုင်တွေကလည်း တော်တော်ပေါတယ်လေ။

ဟိုကြည့်ဒီကြည့်နဲ့ ရောက်သွားတဲ့ ဆိုင်က ဗိုလ်ရာညွန့် လမ်းထဲမှာပဲ ရှိတဲ့ Heaven Pizza ဆိုင်ပါ။ ဒီဆိုင်ကို ရောက်ဖူးတဲ့ သူငယ်ချင်းကပဲ ဈေးတန်တဲ့ ပီဇာကောင်းကောင်း စားလို့ ရတဲ့ အကြောင်း ပြောပြီး ဦးဆောင်ခေါ်သွားတာပါပဲ။

ဆိုင်လေးက ပြင်ဆင်ထားတာ ချစ်စရာလေးပါ ။ အထဲမှာလည်း အေးအေးဆေးဆေးရှိပါတယ်။ ပီဇာစားဖို့ အတွက် မီနူးကို လှမ်းကြည့်တော့ ပီဇာက အမျိုး ၂၅မျိုးလောက် ရှိပါတယ်။ ရွေးစရာတွေကလည်း အများကြီးပဲ အဲ့ဒီမှာ ကိုယ်တွေ မှာစားဖြစ်ခဲ့တဲ့ ပီဇာကတော့..

‪#‎Black‬ Pepper Sausage
ငရုတ်ကောင်းကို ကြက်အူချောင်း ထဲမှာ ရောစပ်ထားပြီး ပါးပါးလှီးပေးထားပါတယ်။ ပြီးတော့ ငရုတ်ပွသီး ၊ မုန်လာဥ၊ကြက်သွန်၊မှို စတာလေးတွေကို ရောစပ်ပြီး လုပ်ပေးထားတဲ့ အတွက် စားရတာ ငရုတ်ကောင်း နံ့ မွှေးမွှေးလေးနဲ့ အရသာရှိပါတယ်။

‪#‎Cheese‬ Cocktail Pizza
ချိစ်အရသာ ကောင်းကောင်းခံစားရမဲ့ Cheese Cocktail ပီဇာပါ ။ ထူးခြားတာလေး တစ်ခုက ဘေးပတ်လည်မှာ ထည့်ထားတဲ့ ကြက်အူချောင်းလေးတွေထဲမှာ ချိစ်လေးတွေ ထည့်ပေးပါတယ်။ ပြီးတော့ ပီဇာရဲ့  Topping မှာ ကြက်အူချောင်း နှစ်မျိုး ထည့်ထားတယ်။ ကြက်အူချောင်းတွေ အများကြီး ထည့်ပေးထားတဲ့ အတွက် စားရတာလည်း တော်တော်ကောင်း။

‪#‎Salsa‬ Chicken
ဒါကတော့ ကိုယ့်အကြိုက်ဆုံးပဲ ။ ကြက်သားအမျှင်လေးတွေရယ် ၊ ချီစ်ရယ် ၊ ပန်းငရုတ် ၊ ကြက်သွန် စတာလေးတွေကို ထည့်ပြီး ဖုတ်ထားတာ ။ အထဲမှာ ထည့်ထားတဲ့ ဆော့စ်ကလည်း ချဉ်စပ်လေးဆိုတော့ ကိုယ့်အကြိုက်ပဲ။ ဒါချည်းပဲ သုံးစိတ်လောက် စားဖြစ်တယ်။ tongue emoticon

ပီဇာနဲ့ တွဲသောက်တဲ့ ဖျော်ရည်ကတော့ ‪#‎Mock‬ tail ဖျော်ရည်ပါတဲ့ ။ ဒီဆိုင်က ကိုယ်တိုင်စပ်ပေးတာ သောက်လို့ တော်တော်ကောင်းတယ် ။ တစ်ခွက်ကို ၂၂၀၀ ပေးရတယ်။

နောက်ပြီး ကိုယ်တွေမှာစားတဲ့ ပီဇာအားလုံးက အရသာကောင်းပြီး တော်တော်လေး သက်သာတာကို တွေ့ ရတယ် ။ လူ သုံးယောက်လောက် ဗိုက်တင်းနေအောင် စားတာ တစ်ခြပ်ကို ၁၂၀၀၀ လောက်ပဲ ရှိပါတယ်။သုံးခြပ်ဆိုရင် အနည်းဆုံး လူ ၆ယောက်လောက် အဝ တွယ်လို့ ရတယ်။ ။စောင့်ရတာလည်း သိပ်မကြာဘူး ၁၅ - ၂၀ မိနစ်လောက် ပဲ ။ ပုံမှန် ပီဇာတစ်ခြပ်ကို ၇၀၀၀ ကျပ် ကနေ ၁၄၀၀၀ ကျပ်အထိ လူဦးရေ ၂ ယောက်ကနေ ၆ယောက် အထိစားလို့ ရတဲ့ အရွယ်အစားအမျိုးမျိုး ရှိတယ်တဲ့ ။ ဘော်ဒါတွေနဲ့ မွေးနေ့ ကျွေးချင်တယ်ဆိုရင် ဒီလို ပီဇာကလည်း မဆိုးဘူးနော်။လူမျိုး မရွေး ဘာသာ မရွေးလည်း စားသုံးနိုင်တယ်တဲ့ ။

ဒီဆိုင်ကနေ Delivery ပို့ ပေးလားဆိုတော့ မြို့ တွင်း (၆)မြို့ နယ် ကို ပို့ ပေးတယ်တဲ့ ။ အတော်ပဲ ကိုယ်တွေလည်း ရုံးပါတီလေး လုပ်ရင် ဒီဆိုင်က မှာရမယ် ။ ဒါပေမဲ့ ကားလမ်းပိတ်တာနဲ့ ဘာနဲ့ ဆိုရင် ၁နာရီလောက် ကြာတက်တာမို့ လို့  ကြိုပြီးမှာဖို့  ပြောပြပါတယ်။
စားပြီးလို့ အားလုံးရှင်းတော့ ဘေလ်ထဲမှာ Sevice Charge တို့  Tax တို့  မကောက်ဘူး ။ ကိုယ်မှာတဲ့ Pizza ဖိုးပဲ ရှင်းရတာနော်။ ဒါကြောင့် တော်တော်တန်တယ်လို့ ပြောတာ။

အရမ်းတန်တဲ့ ပီဇာဆိုင်လိပ်စာက

Heaven Pizza
အမှတ် - ၃၈-၄၀ ၊ ဗိုလ်ရာညွန့် လမ်း ၊ ဒဂုံမြို့ နယ်မှာပါ။
အော်ဒါမှာချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် - ၀၉ ၈၅၅၁၃၈၃ ကို ဆက်သွယ်ပြီးမှာလို့ ရပါတယ်။

‪#‎April‬ လ တစ်လလုံးကို အထူးပရိုမိုးရှင်း အနေနဲ့ ပီဇာအကြီးတစ်ခြပ်မှာယူတိုင်း Soft Drink အအေးဘူး နှစ်ဘူး လက်ဆောင်ပေးတယ်လို့  သိရတယ်။

အဲ - သင်္ကြန်တွင်းကတော့ ဒီဆိုင်လေးက ပိတ်ပါတယ်တဲ့။ MyLann အမျိုးတွေကို လက်တို့ လိုက်ပြီနော်