Heaven Pizza in Super Sunday 979 views


Super Sunday ပါ ဘော်ဒါတို့ ရေ

ပိတ်ရက်လေးမှာ အခု ရောက်နေတဲ့ နေရာလေးကတော့ ဗိုလ်ရာညွန်း လမ်းမှာ ရှိတဲ့ Heaven Pizza ဆိုင်လေးပါ။ ဒီဆိုင်လေးကို ခဏခဏရောက်ဖြစ်တယ်။ လူလည်း သိပ်မရှုပ် ၊ စားစရာတွေကလည်း ကောင်း ၊ ဘော်ဒါတွေနဲ့ လည်း အေးဆေးစကားပြောလို့ ကောင်းတဲ့ နေရာလေးပါ။

ဒီဆိုင်လေးက ပီဇာကတော့ နာမည်ကြီးပေါ့။ ဒီတော့ ဘော်ဒါတွေနဲ့  ဒီဆိုင်ကို ရောက်တိုင်း မမှာမဖြစ် Pizza တစ်ခြပ်ရယ် ၊ ကြက်တောင်ပံကင်လေးရယ် မှာစားကြတယ်။

ပီဇာအမျိုးအစားပေါင်း ၃၀ ကျော်လောက် ရွေးချယ်စားလို့ ရပြီး ဒီထဲမှာ ကိုယ်အစားအများဆုံးတစ်ခုကတော့ Winter Special ဆိုတာဟာလေးပါ။ သူက အထဲမှာ နာနတ်သီးနဲ့ ချိုစိမ့်စိမ့်အရသာလေး လုပ်ထားပေးတယ်။ ဒီတော့ စားရတာ ခံတွင်းမိန်ပြီး ပူပူနွေးနွေးလေး ဆွဲရတော့ အရသာရှိမှရှိပါ။ Winter Special ဆိုတာက ဒီဆိုင်မှာ လူငယ်အကြိုက်ပါတဲ့။ ကိုယ်လည်း အကြိုက်ပဲ။ သူ့ အထဲမှာ ပါတဲ့ ကြက်သားပြား ရယ်၊ ချိစ်ရယ် ၊ ခပ်မွမွ ဂျုံမုတ်ဖုတ်သား ရယ်က လုံးဝ လိုက်ဖက်ပြီး တစ်သားထဲရှိတယ်။ ပြီးတော့ ပီဇာက ပူတုန်းစားရင် ပိုကောင်းတော့ မိုးအေးအေးလေးနဲ့ အကိုက်ပေါ့။ တစ်ခြပ်ကို ၁၂၀၀၀ ကျပ်ပါ။ ၁၀လက်မ ပတ်လည် ဆိုတော့ အစိတ် ၈ စိတ်ပါတယ်။ လူလေးယောက်လောက် အဝတွယ်လို့ ရတယ်။

နောက်တစ်ခုကတော့ BBQ Chiken Wings ကြက်တောင်ပံကင် ။ ကြက်တောင်ပံ ကို သေသေချာချာလေး အမွေးအကြိုင်နဲ့ နှပ်ပေးထားပြီး နူးနေအောင် ကင်ပေးထားတာ။ အဝစားမဟုတ်ပေမဲ့ တစ်ယောက်ကို တောင်ပံတစ်ခုစီလောက် စားလိုက်တာ အပြင်က ကြက်ကင်တွေထက် ပိုပြီး အရသာ ရှိရှိစားရလို့ ကျေနပ်မိတယ်။ ဒီကြက်တောင်ပံကင်ကတော့ တောင်ပံကြီး တစ်ခုကို နှစ်ပိုင်းလောက် ဖြတ်ထားပေးတာ။ တောင်ပံသုံးခုကို ၃၆၀၀ ကျပ်ပါတဲ့။ ၆ခုဆိုရင် ၆၀၀၀ကျပ်တဲ့ ကိုယ်တွေကတော့ လူများတော့ ၆ခုကို မှာလိုက်တာ တော်တော်လေး စားရတယ်။

ပီဇာတင် မကဘူး တခြားစားစရာတွေလည်း အရသာရှိတယ်။ အီတလီစာတွေလည်း ကောင်းတယ်။ အခု ကြက်တောင်ပံကင်ဆိုရင်လည်း ပီဇာနဲ့ အတူ တွဲဖက်စားလို့ ရတော့ ဘော်ဒါတွေနဲ့ စုပြီး စားမယ်ဆို ရှယ်ပဲလေ။

နောက် အစာပိတ် အနေနဲ့ Mint အရွက်လေး ခပ်ထားပေးတဲ့ Sparkling Tea လေး သောက်တယ်။ ပီဇာစားလို့ အီတယ်ဆိုရင် ဒီအအေးလေးတွေလည်း မဆိုးဘူး။ တစ်ခွက်ကို ၂၂၀၀ ကျပ်ပါတဲ့။

အဓီက ကတော့ ဒီဆိုင်လေးကို Recommend ပေးချင်တာက လူငယ်တွေ အလာများတယ်။ တစ်နေနေရာမှာ စုပြီး အေးအေးဆေးဆေး စားကြမယ်ဆိုရင် အဆင်ပြေတယ်။ ဈေးလည်း ပေးရတာနဲ့ တန်တယ်။ ပြီးတော့ အဲ့နားတစ်ဝိုက်မှာ စားကောင်းတဲ့ ပီဇာဆိုင်ဆိုပြီး နာမည်လည်း ကြီးပါတယ်။

လိပ်စာအတိအကျကတော့..
အမှတ် ၃၈/၄၀ , ဗိုလ်ရာညွန့် လမ်း ၊ ဒဂုံမြို့ နယ်။
ဖုန်းနံပါတ်ကတော့.. 09 8551383 ပါ။
www.heavenpizza-mm.com

Fred ( MyLann)