Hot Pot @Park Royal Hotel 671 views


မနေ့ညကသူငယ်ချင်းတစ်ယောက်က သူ့မွေးနေ့Park Royal Hotel မှာ ညစာသွားစားကြမယ် ဆိုပြီးဖိတ်ပါတယ်. Hotel မှာစားရင်ဈေးကြီးမှာပေါ့ ဆိုပြီးအားနာပြီးပြောတော့သူကအဲဒီက Hot Pot ဈေးက ပြန်တွက်ကြည့်ရင် အပြင်နဲ့အရမ်းကြီးမကွာဘူးပြောတော့ ရာသီဥတုလေးကလဲ Hot Pot ဘက်ပါနေတာနဲ့ လိုက်သွား ကြရော။ Hot Pot ရတာက Park Royal ရဲ့ပထမထပ်ပေါ်ကစီချွမ်တရုတ်စားသောက်ဆိုင်လေး( Si Chuan Dou Hua Restaruant ) မှာပါ။သူက Menu မှာပါတဲ့ အမယ်လေးတွေနဲ့ Set ပေါ်မှာမူတည်ပြီးဈေးမတူပါဘူး။ မွေးနေ့ရှင်သူငယ်ချင်းက 33 USD တန် Set ကိုမှာလိုက်တယ်။

အမယ်တွေကတော့ ပုံထဲမှာပါတဲ့အတိုင်း ကြက်သားဖတ်ထုပ်၊ အမဲသားလွှာ (အမဲသားမစားတဲ့သူတွေအတွက်ကြက်သား၊ ဝက်သားရွေးချယ်ရန်ရှိ)၊ Seafood ၃မျိုး (ပုဇွန်၊ ပြည်ကြီးငါး နဲ့ဂုံး)၊ မုံညင်းရွက်နဲ့ ခေါက်ဆွဲ။ Seafood ကတော်တော်လတ်ဆတ်တယ်။ဟင်းရည်ကို အစပ် နဲ့ အချို ၂ ခုခွဲထားပေးတယ်။ ဟင်းရည်အကြောင်းနဲနဲ ထည့်ပြောမယ်နော်။ အချိုမှုံ့အရသာလုံးဝမပါဘူး။ သူကအချဉ် ၃ မျိုးပေးထားတာ အဲဒီထဲကအစပ်အချဉ်လေးကဟင်းရည်ချိုချိုလေးနဲ့ တော်တော်စားကောင်းတယ်။မစားခင်အရင်လာချတဲ့ ပန်းပေါင်းစုံ ရေနွေးကလဲ သောက်လို့ကောင်း။ ၃ ယောက်သား ရှူးရှူးရှဲရှဲနဲ့ စားလိုက် စကားပြောလိုက်နဲ့ တအိုးဘယ်လိုကုန်သွားလဲတောင်မသိလိုက်ဘူး။အစားကောင်းစားရရင်မိတ်ဆွေတွေကိုသတိရတယ်ဆိုတဲ့အတိုင်းဒီကနေ share ပေးလိုက်ပါတယ်။ မိသားစု နဲ့စားပွဲလေးပဲဖြစ်ဖြစ်၊ မွေးနေ့ပွဲလေးပဲဖြစ်ဖြစ်အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်လေးစားချင်ရင်တော့ ဒီနေရာကို recommend ပေးပါတယ်။ Date နဲ့လာချင်တယ်ဆိုရင်ကောပေါ့နော်။

Sandi (MyLann)