ရှမ်းအစားအစာလေးတွေစားချင်ရင် Pauk Kan Night Bazaar ထဲမှာ ‘အင်းလေးအမှတ်တရ’ ရှိတယ် 2278 views


မြေနီကုန်းဘက်ရောက်နေလို့ ဘာစားရမလဲဆိုသူတွေအတွက် နောက်ထပ်တစ်နေရာတိုးပြီ။ ပေါက်ကံညဈေးတန်းက အင်းလေးအမှတ်တရဆိုတဲ့ဆိုင်လေးပါ။ ဒီဆိုင်မှာဆိုရင်တော့ ဟင်းထုပ်နဲ့ အခြား ငါးထမင်းနယ်တို့၊ ဝက်သားချဉ်နဲ့ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးတွေလူကြိက်များကြတယ်။ အခြားဟင်းပွဲလေးတွေလည်း အရသာလေးတွေက မဆိုးပါဖူး။ ဈေးနှုန်းကလည်းအသင့်အတင့်နဲ့ ပေါ့ပေါ့ပါးပါးပုံစံမျိုးလေးစားချင်တဲ့သူမျိုးတွေဆို ကျော်မသွားသင့်တဲ့ဆိုင်လေးပါ။

 

ဒီပေါက်ကံထဲက အင်းလေးအမှတ်တရ ဆိုင်မှာရတဲ့ မီနူးတွေက (၁၀)မျိုးလောက်ပဲရှိပါတယ်။  ဈေးနှုန်းတွေက ကြက်ပေါင်းခေါက်ဆွဲဆိုတာက တစ်ပွဲကို (၂၀၀၀)တဲ့။ အဲ့ဒါကလွဲလို့ ကျန်တဲ့မီနူးတွေက ကြိုက်တာစားတစ်ပွဲ (၁၅၀၀)ပဲ။ ဒါပေမယ့် တစ်ပွဲ(၁၀၀၀)ထဲနဲ့စားလို့လဲရနိုင်ပါတယ်။ ဘယ်လိုစားနိုင်လဲဆို မေလတစ်လုံးမှာ မနက်(၁၁)နာရီကနေ ညနေ(၄)နာရီအတွင်းသွားစားရင် ဘာစားစားတစ်ပွဲကိုမှ (၁၀၀၀)ကျပ်ပဲပေးရမှာပါ။

 

မီနူးက(၁၀)မျိုးပဲရတယ်ဆိုတော့။ အဲ့ဒါတွေကဘာတွေလည်းဆို ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ကြက်ပေါင်းခေါက်ဆွဲ၊ ဆီချက်၊ တို့ဟူးနွေး၊ ငါးထမင်းနယ်၊ ဟင်းထုပ်၊  ဝက်သားချဉ်၊ ခေါပုတ်ကြော်နဲ့ တို့ဟူးကြော် စတာတွေပါပဲ။

 

ဒီဆိုင်လေးကတော့ မနက်(၁၁)နာရီထဲကနေမှ ည(၁၁)နာရီအထိဖွင့်လို့ ညဘက် ဗိုက်ဆာပြီး ရှမ်းစာလေးစားချင်လို့ ရှာတတ်ကြတဲ့ သူတွေအတွက်တော့ အိုခေပဲပေါ့။

 

ကဲ ကဲ… ပေါက်ကံညဈေးတန်းအကြောင်းလေးလည်းရေးပေးပြီးပြီဆိုတော့ ဒီရောက်ရင် ဒါလေးကိုလည်းရွေးချယ်လို့ရအောင်  Review လေးရေးခဲ့ပါပြီ…….

 

Honey (MyLann)

 

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy
#InnLay_A_Mhat_Ta_Ya #Shan_Restaurant #Inn_Lay_Restaurant

#Honey_Foodie