တောင်ကြီး အင်းလေး အစားအစာတွေ ရရှိနိုင်တဲ့ #အင်းလေးအမှတ်တရ ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင် 982 views


ဒီဆိုင်လေးက မြောက်ဒဂုံ၊ဘေလီတံတားအဆင်းက ဦးဝိစာရလမ်းထဲမှာ ရှိပါတယ်။ မဟာမြိုင်ဘက်သွားတဲ့လမ်းပေါ်မှာပါ။ ကိုယ်တွေလဲအဲ့ဒီဘက်ကိုရောက်ဖြစ်ရင်းနဲ့မှ ထူးထူးခြားခြားဒီဆိုင်လေးကိုတွေ့မိလို့ MyLann ဘော်ဒါတွေအတွက်လည်း ပြန်ရှဲပေးပါရစေနော်။

ပထမဦးဆုံးဒီဆိုင်လေးရဲ့အပြင်အဆင်လေးကိုပြောပြချင်တယ်။ အပြင်အဆင်လေးတွေက ထူးခြားပြီး ပုံစံတစ်မျိုးလေး ဆန်းသစ်နေလို့လဲဝင်စားဖြစ်ခဲ့တာပါ။ တစ်ဆိုင်လုံးကို ဝါး၊ ဓနိတွေနဲ့ပဲပြင်ဆင်ထားပြီးတော့ ဝါးခြမ်းတွေနဲ့လုပ်ထားတဲ့ ခုံလေးတွေ၊ သစ်သားနဲ့လုပ်ထားတဲ့ခုံတွေပဲသုံးထားတယ်။ အမြင်လေးလည်းရိုးရိုးလေးနဲ့ဆန်းနေတယ်။ ဆိုင်ရှင်ကိုပဲ စိတ်ကူးကောင်းတယ်ပဲပြောရမလား။ တကယ့်ကိုတိုင်းရင်းသားရိုးရာအငွေ့အသက်လေးခံစားရတယ်။

အပြင်အဆင်လေးကိုပြောပြလိုက်တာနဲ့ဆင် စိတ်ဝင်စားနေကြလောက်မှာနော်။ အခု အဲ့ဒီဆိုင်မှာဘာတွေရလဲပြောပြပေးမယ် နော့။ ရှမ်းအစားအစာအမျိုးပေါင်း(၅၀)နီးပါးလောက်ရတယ်။ အဲ့ဒီထဲမှာကိုယ်တွေစားခဲ့တာတွေက ရှမ်းခေါက်ဆွဲ၊ ငါးထမင်းနယ်၊ ကင်ပေါင်း ကြော်၊ ငါးဒုက္ခ စုစုပေါင်း(၅)မျိုး။ ထပ်ပြီးတော့မှ ဘာစားရမှန်းမသိ၊စဉ်းစားရခက်နေတဲ့ သူတွေအတွက် ထပ်ပြီးညွှန်းပေးချင်တာက ခေါပုတ်ကြော်၊ ကြက်ခြေထောက်ပေါင်း၊ ဟင်းထုပ်၊ ပဲပုတ်၊ ရှမ်းထမင်းသုပ် အဲ့တာတွေပါပဲ။

အရင်ဆုံးရောက်လာတာက #ရှမ်းခေါက်ဆွဲ သူ့ရဲ့အရသာကလေးလေးပင်ပင်လေးနဲ့ တကယ့်ရှမ်းအရသာလေးပေါ်လွင်တယ်။ အနံ့လေးကလည်းမွှေးနေတာပဲ။ သူ့ကိုကြက်နဲ့ဝက်ဆိုပြီးရတယ်။ တစ်ပွဲကို (၁၃၀၀) ကျပ်

နောက် #ငါးထမင်းနယ်။ သူ့ကိုကျတော့အင်းလေးရိုးရာအရသာစစ်စစ်ပေးအောင် အဲ့ဒီဘက်ကနည်းတွေနဲ့ပဲပြန်လုပ်ထားတယ်။ ဖက်လေးပေါ်မှာ ငါးနဲ့နယ်ထားတဲ့ထမင်းနှစ်ပြားတင်ပေးထားတယ်။ အဲ့ဒီအပေါ်မှာမှ ငါးနဲ့ ကြက်သွန်ကြော်ကိုအပေါ်မှာတင် ပေးပြီး ဂျူးမြစ်နဲ့ငရုတ်သီးတောင့်ကြော်လည်းထည့်ထားတာတွေ့ရတယ်။ သူကတစ်ပွဲကို (၁၂၀၀) ကျပ် တဲ့။

နောက်တစ်ခုက #ကင်ပေါင်းကြော် သူကကျတော့သက်သက်လွတ်ရတယ်၊ ကြက်သား၊ ဝက်သားနဲ့လည်းရတယ်။ အဓိကက ကြက်သွန်မြိတ်ကိုပဲမုန့်နှစ်နဲ့ကြော်ထားတာ။ ဒါပေမယ့် ထူးခြားတာတစ်ခုက အဲ့ဒါကိုစားလိုက်ရင်တောင်မှ ကြက်သွန်မြိတ်မှန်း မသိသာဖူး။ အဲ့ဒါနဲ့တွဲစားဖို့ပေးထားတဲ့အချဉ်လေးကလဲ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ မန်ကျည်းသီးနဲ့ နံနံပင်တွေနဲ့လုပ်ထားလို့ ချဉ်စပ်အရသာလေး။ အကြော်နဲ့တော်တော်လိုက်တယ်။ သူကတစ်ပွဲကို (၁၂၀၀) ကျပ်။

နောက်တစ်ခုက #ငါးဒုက္ခ တဲ့။
တောင်ကြီး အင်းလေးဘက်ရောက်ဖူးတဲ့သူတွေ စားဖူးကြပါလိမ့်မယ်။ သူက ငါးအစိမ်းကိုကျောခွဲပြီးအဲ့ဒီအထဲကို ငါးကြင်ဥတွေထည့်၊ ပြီးတော့ နှီးနဲ့ချီထား၊ ပြီးတော့မှ ကြော်တာ။ ကြော်ပြီးတော့မှ နှီးတွေပြန်ဖြေတာဆိုတော့ ငါးခမျာတော်တော်ဒုက္ခရောက်တယ်ဆိုပြီး နာမည်က ငါးဒုက္ခဖြစ်သွားတာတဲ့လေ :P ကျောခွဲပြီး ငါးဥတွေထည့်ထားလို့ ငါးကိုစားလိုက်တိုင်းမှာ ငါးရဲ့လေးလေးပင်ပင်လေးအရသာတင်မကပဲ ငါးဥရဲ့အဆိမ့်ဓါတ်တွေပါ ပေါ်လွင် တယ်။ အဲ့ဒါကိုသံပုရာသီးလေးအပေါ်ကဖြူးစား၊ ပိုလို့တောင်ကောင်းသေး။ နောက် သူ့ရဲ့အချဉ်က ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နဲ့ပဲလုပ်ထားလို့ တော်တော်စပ်တယ်။ ပေါ့စပ်တဲ့အချဉ်လေးပေါ့နော်။ ၄၀၀၀ ကျပ်ပါတဲ့။

နောက်ဆုံးတစ်ခုက #Set_Menu အဲ့ဒီမှာ ထမင်းဖြူတစ်ပွဲ၊ ပဲလုံးဆေးခါးဟင်းရည်၊ ဂျူးပဲပုတ်ကြော်နဲ့ဝက်သားနီချက်အပြင် အတို့အမြှုပ်တွေလည်းပါတယ်။ စုစုပေါင်း(၅)မျိုးပါ။ အဲ့ဒီမှာဆိုရင် ပဲလုံးဆေးခါးဟင်းရည်က ပဲလုံးနဲ့ပဲ ချက်တယ်။ ပုံမှန်အတိုင်းဆိုရင်တော့အချိုချက်ပဲ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲနဲ့ ပဲအဓိကချက်ထားလို့ ပဲအရသာပိုပေါ်လွင်တယ်။ ဒီမှာဆေးခါးမှုန့် ကိုမထည့်ပေးထားဘူး။ အကယ်၍ စားချင်ရင်တော့ဆိုင်မှာတောင်းပြီးဖြူးစားလို့ရတယ်။ အင်းလေးဘက်မှာဆိုရင် ဒီဆေးရည်ကခံတွင်းပျက်တာတွေ၊ ငှက်ဖျားရောဂါတွေကိုကာကွယ်ပေးပီး အစားအသောက်လဲကောင်းစေလို့အမြဲသောက်ကြ တယ်တဲ့။ နောက်တစ်ခုက ဂျူးပဲပုတ်ကြော်။ သူကကျတော့ပဲပုတ်ပါလို့နည်းနည်းလေးစပ်တယ်။ ပြီးတော့အရသာက ဆိမ့်ပြီး တော့မှလေးတယ်။ သူက ၂၅၀၀ ကျပ်ပါ။

နောက်တစ်ခုက ဝက်သားနီချက်။ သူကဝက်သားရဲ့အဆီနဲ့အသားကိုမျှတအောင်ထည့်ပေးထားတယ်။ အခေါက်တွေကဆိုရင်လည်းနူးအိနေတာပဲ။ အနံ့လေးကလည်းချက်ထားတာမွှေးနေတာ။ များများစားရင်တော့နည်းနည်းလေး တော့အီတယ်နော့။ အဲ့လိုမအီစေဖို့ကိုလည်း နောက်တစ်ခုထပ်ထည့်ပေးတာက အတို့အမြှုပ်။ သူတို့ဘက်မှာဆိုရင်တော့ ခရမ်းချဉ်သီး ပန်ထွေဖျော်ပါတယ်။ တို့စရာအနေနဲ့လဲအသီးအရွက်(၄)၊ (၅)မျိုးပါတယ်။ မြန်မာတို့စရာလိုမျိုး အင်းလေးဓလေ့အတို့အမြှုပ် ပေါ့နော်။ အဲ့ဒီမှာဆိုရင်ထမင်းတစ်ပွဲထဲမဟုတ်ဘူး၊ အကယ်၍ထမင်းထပ်လိုချင်လည်းတောင်းလို့ရတယ်။ ဒီ Set ကအမယ်အစုံ (၅)မျိုးပေါင်းမှ (၂၅၀၀)။ ဝက်သားနီချက်နေရာမှာအခြား ဝက်မျှစ်ချဉ်၊ ကြက်ကာလသားချက်အပြင် အခြားကြိုက်တဲ့ဟင်းပွဲတစ် မျိုး ရွေးယူလို့ရတယ်။

အကုန်လုံးစားပြီးတော့ဆိုင်ကလက်ဖက်တစ်ပွဲလာပြင်ပြီးချကျွေးသေးတယ်။ လက်ဖက်အုပ်လေးထဲထည့်ပြီး တကယ့်တောရွာ ဘက်ရောက်သွားသလို အငွေ့အသက်လေးတောင်ခံစားလိုက်ရသေး။ ဆိုင်အပြင်အဆင်လေးတွေကြောင့်လည်းပါတယ် ပေါ့နော်။ အဲ့ဒီလက်ဖက်ကဆိုရင်လဲ ပင်းတယလက်ဖက်ထည့်ထားတယ်။ အခြား ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ နှစ်ပြန်ကြော်တွေပါတယ်။ နောက်တစ်ခု ဒီဆိုင်မှာတိုက်တဲ့ အခါးရေ (ရေနွေးကြမ်း)က ပင်လောင်းလက်ဖက်ခြောက်ကို ဖျော်ထားတာတဲ့။ ပင်လောင်းလက်ဖက်ခြောက်က သောက်လိုက်တဲ့အခါသိပ်မခါးဘူး။ နည်းနည်းအခါးသက်သက်လေးပဲ။ အနံ့လေးလည်းမွှေးနေတာပဲ။
ဒီဆိုင်မှာပင်လောင်းလက်ဖက်ခြောက်အပြင် အခြားရှမ်းပြည်ဒေသထွက်အစားအစာတွေကိုဆိုင်မှာတင်ပြီးရောင်းပေးနေတာတွေ တွေ့ခဲ့တယ်။ ဆိုတော့လူကြုံရှိမှရှမ်းပြည်ဘက်ကဟာတွေမှာပြီးမှစားစရာမလိုပဲ ရန်ကုန်မှာတင်ရနိုင်ပြီလေ။ အဲ့ဒီမှာဆိုရင် ကိုယ်တွေအကြိုက် ဆီတို့ဟူး၊ လက်ဖက်ညွန့်နဲ့ ပဲပုတ်တွေအပြင် အခြားဒေသထွက်တဲ့ပစ္စည်းတွေအများကြီးရှိသေးတယ်။ ပြီးတော့ ဒီဆိုင်ရဲ့ဟင်းပွဲတွေမှာသုံးတဲ့ ပစ္စည်းတွေ၊ ငရုတ်သီး၊ ဆနွင်းမှုန့်၊ မုန်ညင်းချဉ်ကအစ တောင်ကြီးဘက်ကပဲပြန်ယူထားတာ တဲ့။

နောက် တစ်ခုသိခဲ့ရတာက ဒီဆိုင်လေးက လွန်ခဲ့တဲ့(၁၅)နှစ်လောက်တုန်းက #မနော်ဟရီလမ်း ထဲမှာဖွင့်ထားတဲ့ ဆိုင်ပါပဲတဲ့။ အဲ့ဒီတော့ အရင်တုန်းကဒီဆိုင်လေးကိုရှာနေတဲ့သူတွေအတွက်လည်း သတင်းတစ်ခုရပြီပေါ့နော်။ ဒါနဲ့ ကိုယ်တွေစားတာက စုစုပေါင်း (၁၀၅၀၀)လောက်ကျတယ်ဆိုတော့ လေးယောက်ပြန်ရှဲရင်တစ်ယောက်ကို (၂၀၀၀)ပတ်ဝန်း ကျင်သာရှိလို့ စားရတန်ပါတယ်။ (၅)မျိုးလောက်လည်းဆွဲလိုက်ရတယ်။ တစ်ဆိုင်လုံးအနေနဲ့ဈေးတွေကြည့်မယ်ဆိုရင်တောင် ၁၀၀၀ ကနေ ၄၀၀၀ အတွင်းမှာပဲရှိတယ် ဆိုတော့ ဈေးလည်းသက်သာပြီးအရသာရှိရှိစားနိုင်ဖို့ကို လမ်းညွှန်ပေးခဲ့ပြီနော်။

ဒီဆိုင်လေးက အမှတ်(၃၁)၊ ဦးဝိစာရလမ်း၊ ဘေလီတံတားအဆင်း၊ မြောက်ဒဂုံ။ (မဟာမြိုင်သွားတဲ့လမ်းဘက်မှပါ) ဆိုင်ဖုန်းကတော့ 09-965056250 ပါ။ နေရာလေးကမြောက်ဒဂုံဘက်ဆိုတော့နည်းနည်းဝေးတယ်ဆိုပြီး စိတ်မညစ်သွားကြနဲ့ အုံးနော်။ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်မှာတစ်ဆိုင်၊ မလွှကုန်းလမ်း ကျောက်မြောင်းမှာတစ်ဆိုင်ဆိုပြီး ဆိုင်ခွဲတွေရှိ ပါသေးတယ်နော်။

အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမှာတစ်ဆိုင်။ မလွှကုန်းလမ်း၊ ကျောက်မြောင်း၊တာမွေဘက်မှာတစ်ဆိုင် ဆိုင်ခွဲတွေရှိနေတော့ အကုန်လုံးအတွက်အဆင်ပြေပြီပေါ့နော်။

Honey ( MyLann)

#MyLann #Foodinyangon #FoodieMyanmar #Restaurantinyangon
#Innlay_amat_taya #Shan #Food