Italian Food at Heaven Pizza 615 views


Happy Weekend ပါ MyLann မိတ်ဆွေများ

ဒီတစ်ခါတော့ အီတလီစာ ကောင်းကောင်းရတဲ့နေရာလေးတစ်ခုကို ရှဲပေးပါရစေ။

ဗိုလ်ရာညွန့် လမ်းထဲက Heaven Pizza ဆိုင်မှာပါ ။ ဒီဆိုင်လေးက အီတလီစာက စားသောက်ဆိုင်ကြီးတွေနဲ့ အရသာတူပြီး ဈေးတော်တော် သက်သာပါတယ်။ တစ်ချို့ တွေကတော့ အီတလီစာနဲ့ သိပ်မစိမ်းကြပါဘူး ။ ဥပမာ ပီဇာတို့  စပါကတီတို့ ဆိုတာ နာမည်ကြီးတဲ့ အီတလီစာတွေပါ။ စပါကတီထဲမှာမှ ကိုယ်နှစ်သက်ရာကို အထဲက အစာပလာ အမျိုးမျိုး ရွေးချယ်လို့  စားတက်ကြပါတယ်။အခု Heaven ကတော့ ပီဇာကောင်းတဲ့ ဆိုင်လေးပါ။ တစ်ခါလည်း ညွန်းဖူးပါတယ်။ ဒီဆိုင်မှာ စပါကတီလည်း လက်ရာ ကောင်းတယ် ဆိုတာနဲ့  ရောက်တုန်းရောက်ခိုက် မှာစားဖြစ်ပါတယ်။ ကိုယ်တွေစားဖြစ်တဲ့ ဟာလေးတွေကတော့ ..

‪#‎Salmon‬ Fish ball Macaroni

ဆယ်မွန်ငါး အသားလုံး နဲ့ Macaroni ကတော့ Pasta ကြိုက်သူများအတွက် Home Made Sauce နဲ့ လုပ်ထားပြီး အရသာကတော့ ချဉ်စပ်လေးပါ။ ငါးအသားလုံး Fish Ball ရယ် ။ သံလွင်သီးလေးတွေနဲ့ ပါ ။Pasta ကတော့ Macaroni နဲ့  ပြင်ဆင်ပေးထားပြီး အားလုံးကို ရောနယ်ပြီး ဆွဲလိုက်ရင် ခံတွင်းမှိန်ပါတယ်။စားရတာလည်း တန်ပြီး တစ်ယောက်စာကို တော်တော်လေး စားရပါတယ်။ ပြီးတော့ Salmon Fish Balll Macaroni ကတော့ ဒီဆိုင်မှာလူကြိုက်များတဲ့ Pasta ဖြစ်ပါတယ်တဲ့ ။ သုံးထားတဲ့ အမယ်တွေကလည်း ပေးရတာနဲ့ တန်အောင် ကောင်းပါတယ်။သူက တစ်ပွဲကို ၃၅၀၀ ကျပ်ပါ။

‪#‎Carbonara‬ Sea Food

ပုဇွန် ၊ ပြည်ကြီးငါး တို့  ပါဝင်ပြီး မှိုလေး ထည့်ထားတဲ့ Carbonara ကတော့ အရသာ ခပ်စိမ့်စိမ့်လေး ကြိုက်သူများအတွက်ပါ ။ သူက Cream ပိုကဲထားလို့  စားရတာ စေးစေးလေးပါ။ ပြီးတော့ စပါကတီခေါက်ဆွဲ ကြိုက်သူများအတွက် တော့ Carbonara က စားရတာ အဆင်ပြေမှာပါ။ သူက Sea Food အပြင် မိမိနှစ်သက်သလို ကြက် ၊ အမဲသား တို့ နဲ့ စားသုံးနိုင်ပါသေးတယ်။တစ်ပွဲထဲကို ဗိုက်တင်းနေအောင် စားရပြီး ဈေးနှုန်းကတော့ ၄၅၀၀ ပါတဲ့ ။

စပါကတီစားပြီး နည်းနည်းအီတော့ စတော်ဘယ်ရီ ‪#‎Smoothie‬ လေး တစ်ခွက်သောက်တယ်။ စတော်ဘယ်ရီ အရသာနဲ့  အထဲမှာ ဂျယ်လီလေးတွေ ပါတယ်။ ချယ်ရီသီးလေးပါ ထည့်ပေးထားတော့ ကိုယ့်အကြိုက်ပဲ။ ဒီရာသီနဲ့ အကိုက်ပေါ့။ မချိုမချဉ်လေး အရသာ ကောင်းတယ်။

တခါတလေ.. ပိတ်ရက်တို့  ဘာတို့ ဆိုရင် ကိုယ်တွေ အပြင်ထွက်ပြီး ဘော်ဒါတွေနဲ့  စားဖို့  သောက်ဖို့ စဉ်းစားလိုက်ရင် ခေါင်းတော်တော် စားတယ်။ များသော အားဖြင့် အဖွဲ့ လိုက် သွားစားကြတာ ဆိုရင် အကင်တို့  ဟော့ပေါ့တို့ ပဲ ထပ်နေရော။ တခြား သွားစားလို့  ကောင်းတဲ့ ဟာလေးတွေ မှာ ဒီလို အီတလီစာ လည်း မဆိုးဘူး။ ကိုယ်တွေလည်း ဘော်ဒါတွေနဲ့ စုစုပြီး ကောင်းတဲ့ ဆိုင်လေးတွေမှတ်ထား ပိတ်ရက်တွေမှာ သွားသွားစားဖြစ်တယ်။ ပြီးတော့ တစ်ခုခု သွားစားမယ် ဆိုရင်လည်း အေးအေးဆေးဆေး ရှိပြီး အချိန်ဖြုန်းလို့  ကောင်းတဲ့ နေရာလေးတွေဆို ပိုသဘောကျတယ်။

ပြီးတော့ ဒီဆိုင်လေးမှာ ကိုယ်နှစ်သက်ရာ အီတလီစာအပြင် တခြားပေါ့ပေါ့ ပါးပါး စားစရာ ကောင်းကောင်းကို ဈေးသက်သက်သာသာနဲ့ စားလို့ ရတယ် ။ လူလည်း အရမ်းမရှုပ်တော့ ဒီလို ဆိုင်လေးက သီးသီးသန့် သန့် သမားများအတွက်လည်း အဆင်ပြေပါတယ် ဆိုတာကို လက်တို့ ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာက

အမှတ် ၃၈/၄၀ , ဗိုလ်ရာညွန့် လမ်း ၊ ဒဂုံမြို့ နယ်။
ဖုန်းနံပါတ်ကတော့.. 09 8551383 ပါ။
www.heavenpizza-mm.com..

Fred ( MyLann)