Jasper House 660 views


သူငယ်ချင်းနဲ့အေးအေးဆေးဆေးထိုင်ချင်တာနဲ့ Jasper House ကိုရောက်ခဲ့သေးတယ်။ Jasper House ကိုတော့လူတိုင်းသိကြမယ် ထင်ပါတယ်။ အဲ့ဒီဆိုင်လေးက ထိုင်လို့ ကောင်းပြီး အစားအစာတွေကလည်း ပုံမှန်ဈေးပါပဲ။

အဲ့ဒီမှာ စားခဲ့တာတွေကတော့ Ice Milk, Ice Latte နဲ့ Chicken Cheese Hum Roll ပါ။ ဆိုင်ကကျယ်၊ လူလဲသိပ်မရှုပ်တော့ အေးအေးဆေးဆေးထိုင်ချင်တဲ့သူတွေအတွက်အောက်ထပ်ကအဆင်ပြေ သလို၊ ဘော်ဒါအပေါင်းအသင်းတွေနဲ့ စကားပြော၊ လွတ်လွတ်လပ်လပ်အပန်းဖြေလိုသူတွေအတွက်လဲ အပေါ်ထပ်မှာအေးအေးဆေးဆေးပါပဲ။

သူငယ်ချင်းနဲ့အေးအေးဆေးဆေးထိုင် အအေးလေးသောက်ပြီး စကားပြောနေရင်း၊ Chicken Cheese Hum Roll လေးလဲစားရင်းနဲ့ပေါ့နော်… ကိုယ်တွေကပိန်တော့ပိန်ချင်ပါရဲ့… စားလိုက်ရင်လဲ ၀ိတ်တတ်စာတွေချည်း..