Korea Food @Ahjumma Kitchen 800 views


အခုနောက်ပိုင်းမှာဆိုရင် ရန်ကုန်မှာလဲ Korea Restaurant တွေများလာပါပြီ ။ အဲ့ဒီထဲမှာမှ ခုတလော လူကြိုက်များပြီး Facebook မှာ Hot ဖြစ်နေတဲ့ Ahjumma Kitchen ဆိုတဲ့ဆိုင်လေးမှာသွားစားဖြစ်ခဲ့တဲ့ အကြောင်းလေး ရှယ်ပါရစေ။

အဲ့ဒီဆိုင်လေးက န၀ဒေးလမ်းထဲမှာရှိတာပါ။ ဆိုင်ရဲ့ Decoration လေးကိုမကြာမီကမှ မွန်းမံထားတာလို့ သိရပါတယ်။ ထိုင်ရတာကျတော့ ခုံအရှည်နဲ့ထိုင်လဲရတယ်။ နောက်အပေါ်ထပ်လိုပုံမျိုးလေးနဲ့ ထိုင်ပီးစားရတဲ့စားပွဲလေးနဲ့လဲ စားလို့ရပါတယ်။ တစ်ခုပဲ ခုံအရှည်နဲ့ထိုင်မရ်ဆိုရင် အထဲမှာ အလင်းသိပ်မရလို့ မှောင်သလိုလေးတော့ဖြစ်နေပါတယ်။ (ကိုယ်ကအလင်းရောင်ကြိုက်လို့လားတော့မသိ grin emoticon )
အဲ့ဒီမှာ ဟန်နီ မှာစားဖြစ်ခဲ့တာတွေကို ဖောက်သည် ချရရင်တော့ .. ၀က်ဂုတ်သားကင်၊ ကန်စွန်းချဉ်စပ်၊ ပြည်ကြီးငါးအစပ်သုပ် နဲ့ အမဲစွပ်ပြုတ် စတာတွေပါ။

‪#‎၀က်ဂုတ်သားကင်‬ ကဆိုရင် စားရတာတစ်မျိုးလေးပါ…
အရင်စားခဲ့ဖူးတာတွေနဲ့မတူ တမျိုးလေးထူးခြားနေပါတယ်။ ဆလပ်ရွက်လေးနဲ့တွဲစားရလိုက်တော့ အမိုက်ပဲပေါ့နော်…

‪#‎ကန်စွန်းချဉ်စပ်‬ - သူကတော့စားရတာ ချဉ်စပ်အရသာလေး ကြက်သွန်ဖြူတွေပါများများထဲ့ထားတော့ အနံ့လေးရတာနဲ့စားချင်သွားအောင် ဆွဲဆောင်ထားလေရဲ့ ။

‪#‎ကင်ချီ‬ - ကိုရီးယားအစားအစာဆိုရင်တော့ ကင်ချီ ကမပါမဖြစ်ပဲနော်… ဒီဆိုင်က ကင်ချီလေးကလတ်လတ်ဆက်ဆက် လေးနဲ့ စားလို့ကောင်းပါတယ်။ တကယ်ကို ကိုရီးယားရောက်သွားသလိုပေါ့နော်…

‪#‎ပြည်ကြီးငါးအစပ်သုပ်‬ ကတော့ မှာခဲ့တဲ့ထဲမှာ အကြိုက်ဆုံးပါပဲ။ ပြည်ကြီးငါးအကြီးကြီးတွေကို ဆလပ်ရွက်၊ တရုတ်နံနံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတွေနဲ့သုပ်ထားတာပါ။ အသုပ်တွေထဲမှာ တရုတ်နံနံကိုထည့်မစားဖူးတော့ တစ်မျိုးလေးပေါ့နော်…

‪#‎အမဲစွတ်ပြုတ်‬ - အဲ့ထဲမှာ ပဲပင်ပေါက်၊ မုန်လာဥ နဲ့ အခြားအရွက်တွေလဲ ပါပါတရ် … ဗိုက်ဆာနေလို့လားမသိ ရှူးရှူးရှဲရှဲနဲ့ စားလို့သောက်လို့အရမ်းကောင်းပါတယ်။

ဈေးနှုန်းတွေကလဲအသင့်အတင့်ပါပဲ။ ၄ယောက်စားတာ ၂၀၀၀၀ကျပ် ဆိုတော့ တစ်ယောက်စာကို ပျမ်းမျှ ၅၀၀၀ လောက်ပဲရှိတာဆိုတော့ တန်တာပေါ့နော်။
အဲ့ဒီတော့ ဘော်ဒါတွေလဲ ကိုရီးယားအစားအစာကောင်းကောင်းလေးကိုစားချင်တရ်ဆိုရင် Ahjumma Kitchen လေးလည်း မဆိုးဘူးလို့ လက်တို့ ချင်ပါတယ်။

ကဲ သွားစားချင်တဲ့သူတွေအတွက် Ahjumma Kitchen ကို နေ့စဉ် မနက် (၁၀)နာရီကနေ ည(၁၁)နာရီအထိ အမှတ် (၂၃/ဘီ) န၀ဒေးလမ်း၊ ဒဂုံမြို့နယ်မှာဖွင့်လှစ်ထားပါတရ်ဆိုတဲ့အကြောင်းလေး လက်တို့လိုက်တရ်နော်…

Honey ( MyLann)