Korea Food @Yoogane Restaurant 871 views


မနေ့ကရုံးဆင်းချိန် အိမ်ပြန်တော့ ထုံးစံအတိုင်း ကားကကြပ် ထိုင်ခုံကမရ ဗိုက်ကဆာ…အဲ့ဒါနဲ့ အပြင်းပြေ ဖုန်းလေးထုတ် Facebook ဖွင့်လိုက်တော့ Korean Food အကြောင်းရေးထားတဲ့ Feed တစ်ခုတက်လာတယ်။ စိတ်ဝင်စားတာနဲ့ ဝင်ကြည့်လိုက်တော့ Yoogane ဆိုတဲ့ Korea Restaurant အကြောင်း ဖြစ်နေတယ်။ ဗိုက်ကဆာနေတာနဲ့အတော်ပဲ ဆိုပြီး သူတင်ထားတဲ့ ဟာတွေကြည့်ရင်း ကောင်းကောင်းသရေကျ:P နောက်ဆုံးမနေနိုင်တော့တဲ့အဆုံး ဆိုင်လိပ်စာ အသည်းအသန်လိုက်ရှာရတယ်။ ကံကောင်းချင်တော့ အိမ်အပြန်လမ်း Junction Mawtin အပေါ်ထပ်မှာ ဆိုင်ခွဲတစ်ခုရှိတာနဲ့ Yoogane မှာသွားစားဖြစ်လိုက်တယ်။

ဆိုင်ရောက်တာနဲ့ အရင်ဆုံး Menu ကောက်ကိုင်လိုက်တယ် ပြီးတော့ ဘာတဲ့ ကြက်သားဘူးလ်ဂိုဂိထမင်းကြော်ဆိုလား အဲ့ဒါရယ် ကိုးရီးယား ပဲကြာဇံကြော်ရယ် မှာလိုက်တယ်။ ခဏနေတော့ ဟင်းပွဲတွေကစားဖို့အဆင်သင့် ပိုပြီးထူးခြားတာက ဟင်းပွဲတွေနဲ့ တွဲစားဖို့အတွက် ကင်ချီရယ်၊ ဂေါ်ဖီထုပ်ကိုပါးပါးလေးလှီးပီး မရောနိ နဲ့ နယ်ထားလေးရယ် နောက်ဆုံးတစ်ခုကထူုးဆန်းတယ် ဟင်းရည်အေး ( နာမည်တော့မမေးခဲ့ရဘူးဗျ) ပါလာချပေးတယ်။ ဗိုက်ကဆာဆာနဲ့ တစ်ယောက်ထဲဆွဲလိုက်တယ်။ အနံ့ရောအရသာပါ တကယ်ကောင်းပါတယ်။

စားလိုက်တာနဲ့ တကယ့်ကိုရီးယားကိုရောက်သွားသလိုမျိုးဗျ။ အဲဒီတော့ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်တဲ့သူတွေအပြင် ကိုရီးယားအစားအစာ မြည်းစမ်းကြည့်ချင်တဲ့ သူတွေအတွက်ရော အေးအေးဆေးဆေး နဲ့ ထိုင်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ကြောင်းဝေမျှလိုက်ပါတယ်။

စားခဲ့တဲ့ Yoogane ရဲ့  အစားအစာတွေနဲ့ ဈေးနှုန်းတွေကတော့..
ကြက်သားဘူးလ်ဂိုဂိထမင်းကြော် -၄၈၀၀ ကျပ်
ကိုရီးယားပဲကြာဇံ - ၆၅၀၀ ကျပ် ပါ ။ လူနှစ်ယောက်လောက် စားလို့ ရပါတယ်။

နေရာကတော့ - Junction Mawtin (၄လွှာ) မှာပါ ။ ကိုရီးယား စာကြိုက်သူများအတွက် အဆင်ပြေမှာပါ။

Htain Lin ( MyLann)